မျိုးစေ့အရည်အသွေး စစ်ဆေးခြင်းနှင့် မျိုးစေ့လူးနယ်ဆေး အသုံးပြုခြင်း
. Seed Selection/Variety Selection
မျိုးစေ့အရည်အသွေး စစ်ဆေးခြင်းနှင့် မျိုးစေ့လူးနယ်ဆေး အသုံးပြုခြင်း

- မြေပဲစိုက် တောင်သူတစ်ဦးအနေနဲ့ အရည်အသွေးကောင်း မြေပဲမျိုးစေ့၊ သန့်စင်ပြီး အလုံးကောင်းတဲ့ မျိုးစေ့နဲ့ အခွံထူပြီး အဆံပြည့်တဲ့ မျိုးစေ့တွေကိုသာ စိုက်ပျိုးဖို့အတွက် ဦးစားပေးရွေးချယ်ကြမှာပါ။ မျိုးစေ့လုပ်မယ့် မြေပဲတောင့်တွေကို အေးမြ ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ သိမ်းထားပြီး ပျိုးမချမီ တစ်ပတ်အလိုလောက်မှာ မြေပဲတောင့်တွေကို လက်နဲ့ အခွံချွတ်ပေးသင့်ပါတယ်။ ဒီလိုဆိုရင် မြေပဲစေ့တွေပျက်စီးမှု လျော့နည်းသွားမှာ ဖြစ်ပါတယ်။ သေးငယ်ရှုံ့တွပြီး ရောဂါဒဏ်ခံထားရတဲ့ မြေပဲစေ့တွေ မျိုးစေ့အတွင်းမှာ ရောပါနေရင် ဖယ်ရှားပေးပါ။
htwettoeimgရောဂါဖြစ်စေတတ်သော သက်ရှိများကြောင့် ဖြစ်ပွားသော ရောဂါများအပြင် မျိုးစေ့ဆောင်ရောဂါများကို ကာကွယ်နှိမ်နင်းဖို့အတွက် မျိုးစေ့တစ်တင်းလျှင် “ဟိုမိုင်း ၈၀% ဒဗလျူပီ” ၁၀၀ ဂရမ် (စားပွဲတင်ဇွန်း ၁၀ ဇွန်း) ဖြင့် လူးနယ်စီရင်ပေးပါ။
ဒါ့အပြင် မြေပဲစိုက်တောင်သူဦးကြီးတို့အနေနဲ့ မစိုက်ပျိုးမီမှာ မြေပဲစေ့များရဲ့ အပင်ပေါက်နှုန်းကို စမ်းသပ်သင့်ပါတယ်။
အလွယ်တကူ စမ်းသပ်ပုံကတော့-
အဆင့် ၁ – မြေပဲစေ့ ၁၀၀ ခန့်ကို ရေ ၆ နာရီခန့် စိမ်ပါ။ ရေစိုအဝတ်ပါးပေါ်တွင် တင်ကာ လိပ်ထားပါ။
အဆင့် ၂ - အစိုဓာတ် မပျယ်သွားစေဖို့ အဝတ်ကို ရေဖြန်းဖြန်းပေးကာ ၂-၃ ရက်ခန့်ကြာအောင် အေးမြခြောက်သွေ့တဲ့ နေရာမှာ ထားပေးပါ။
အဆင့် ၃ – ပြီးရင်တော့ မြေပဲစေ့များ အပင်ပေါက်မပေါက်ကို စစ်ဆေးနိုင်ပါပြီ။
အဆင့် ၄ - မြေပဲစေ့များကို ရေတွက်ပြီး အစေ့ ၁၀၀ မှာ ၈၅ စေ့ ဝန်းကျင် အပင်ပေါက်ရင် စိုက်ပျိုးရန် သင့်တော်တဲ့ မြေပဲမျိုးလို့ သတ်မှတ်နိုင်ပါတယ်။
8
0
1782

NewsFeed
Communities
Explore
Inbox
Me
Market Price