cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးမြူရေးမှာ ရေချဉ်ဖန်နှုန်း သတိပြုစရာ

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးသားပေါက်ပြုစုသူများနှင့် အသားတိုးငါးမွေးမြူသူများအတွက် ရေချဉ်ဖန်နှုန်း သတိပြုစရာအချက်များ
  •            နှစ်စဉ် မိုးရာသီတွင် ငါးသားပေါက်ပြုစုသူများနှင့် အသားတိုးငါးမွေးသူများသည် ကန်အတွင်း ငါး သားပေါက်များ ထည့်သွင်းမွေးမြူကြပါသည်။ ယခုနှစ်တွင် မိုးဦးကာလမှ စပြီး မိုးအဆက်မပြတ်ရွာသွန်းပြီး ငါးမွေးကန်များအတွင်း မိုးရေများ များစွာရရှိနေကြပါသည်။ ငါးမွေးမြူရေး လုပ်ငန်းတွင် ရေအရည်အသွေး သည် ငါးကြီးထွားရန်နှင့် ငါးများကျန်းမာရေးအတွက် အထူးအရေးကြီးပါသည်။ ထို့ကြောင့် ငါးသားပေါက်ပြု စုသူများနှင့် ငါးမွေးတောင်သူများသည် ငါးကန်၏ရေချဉ်ဖန်နှုန်းကို သိရှိထားရန် လိုအပ်ပါသည်။

               ချဉ်ဖန်နှုန်းသည် ရေတခုတွင် ပျော်ဝင်နေသော ဟိုက်ဒြိုဂျင် အိုင်းယွန်းပါဝင်ကိန်း ( H+ ပါဝင်ကိန်းပြင်းအား)ကို တိုင်းတာခြင်းဖြစ်ပြီး၊ သင်္ချာနည်းဖြင့် အောက်ပါအတိုင်းပြပါသည်။

               PH = -Log (H+)

               ချဉ်ဖန်နှုန်းအဆင့်သည် (၁)မှ (၁၄)အထိရှိပြီး၊ (၁)မှ (၇)သည် အက်စစ်နယ်နှင့် (၇)မှ(၁၄)သည် ဗေ့(စ်) နယ်ဖြစ်ပါသည်။ (၇)သည် ကြားနေမှတ်ဖြစ်ပါသည်။ ချဉ်ဖန်နှုန်း တိုင်းတာခြင်းသည် ကန်၏အရေးကြီးသော တိုင်းတာမှုတခု ဖြစ်ပါသည်။ နံနက် နေစထွက်ချိန်မှစ၍ ကန်အတွင်းရှိ အပင်မျှောလှေးများ၏ အလင်းမှီ စုဖွဲ့ ခြင်းဆောင်ရွက်ချက်အရ အက်စစ်ဂုဏ်ရှိသော ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ကို စုပ်ယူ အသုံးပြုကြသဖြင့် ရေ၏ချဉ်ဖန်နှုန်းသည် ဗေ့(စ်)ဘက်သို့မြင့်တက်လာသည်။  နေ့အချိန်တွင် ဆက်လက်မြင့်တက်နေရာမှ ညနေ နေ မဝင်မှီ (၁၈)နာရီခန့်တွင် အမြင့်ဆုံးသို့ရောက်ရှိပါသည်။ ညဘက်တွင် အပင်မျှောလှေးများနှင့် ကန်ထဲရှိ သတ္တဝါများ အသက်ရှူခြင်းမှ အက်စစ်ဂုဏ်ရှိသော ကာဘွန်ဒိုင်အောက်ဆိုက်စွန့်ထုတ်သဖြင့် ‌ရေထဲတွင် ချဉ်ဖန်နှုံး ကျဆင်းပြီး နောက်တနေ့မနက် နေ့မထွက်မှီ အနိမ့်ဆုံးသို့ရောက်ရှိသည်။

               ထို့ကြောင့် ကန်အခု၏ ချဉ်ဖန်နှုန်းပြောင်းလဲမှုကို သိရှိရန် နံနက်စောစောနှင့် ညနေ နေမဝင်မှီ နှစ်ကြိမ် တိုင်းတာမှု ပြုရပါမည်။ ကန်တခု၏ ရေချဉ်ဖန်နှုန်းသည် အောက်ခံမြေသားချဉ်ဖန်နှုန်းအပေါ် တွင်လည်း မူတည်ပါသည်။ ငါး၊ ပုစွန်မွေးမြူကန်များ၏ အကောင်းဆုံးရေချဉ်ဖန်နှုန်းသည် (၇.၅) မှ (၈.၅) ဖြစ်ပါသည်။ ချဉ်ဖန်နှုန်း (၄-၅)တွင် ငါးပုစွန်များ သေဆုံးနိုင်ပြီး ချဉ်ဖန်နှုန်း (၅) မှ (၆.၅)အတွင်း ကြီးထွားနှုန်း နှေးကွေးပါမည်။ ချဉ်ဖန်နှုန်း (၉) မှ (၁၁.၅)အတွင်း ရှိပါကလည်း ကြီးထွားနှုန်းနှေးကွေးနိုင်ပါသည်။ ရေချဉ်ဖန်နှုန်းပြစံကို အောက်ပါအတိုင်း တင်ပြအပ်ပါသည်။

    U San Aung

    Htwet Toe

    -------

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
7
comments
0
views
2209