cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အနာဂတ်ငလျင်ကြီးအလားအလာနဲ့ ဘယ်ဒေသတွေ ဖြစ်နိုင်ချေရှိလဲ ?

. သတင်းစုံ
M 7.7 မတ်လငလျင်ကြီးဟာ မြန်မာနိုင်ငံရဲ့ငလျင် လှုပ်ရှားမူအနေအထားကို ပုံစံတမျိုးပြောင်းလဲပစ်ခဲ့ပြီး သူ့ဆီကဖိအားတွေကို စစ်ကိုင်းပြတ်ရွေ့ (တောင်ဘက်- ပဲနွယ်ကုန်းတောင်ဘက် မိုင် ၁၀၀ ကျော်အထိအစွန်းပိုင်းနဲ့ ရှမ်းကုန်းပြင်မြင့်ဘက်တကြောဆီ လွှဲပြောင်းပေးလိုက်တဲ့သဘောကို U.S. Geological Survey (USGS) အချက်အလက်များနဲ့ ၆ လတာ ငလျင်လှုပ်ရှားမူများအရ ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ခဲ့ပါတယ်။
  • ( သတိရှိရန်အတွက်သာ ။ အစိုးရိမ်လွန် ထိတ်လန့်ကြောင့်ကြကြီးတတ်သူများ ဆက်မဖတ်ဖို့ ဒီမှာကြိုတင် မေတ္တာရပ်ခံပါတယ်ဗျ ။ အချက်အလက်အကိုးအကားခိုင်မာစွာ ဝေဖန်ထောက်ပြတာမဟုတ်တဲ့ ကြောင်းကျိုးမဲ့ ရိုင်းစိုင်းတဲ့ comment များကိုလည်း ဖယ်ရှားပစ်ပါမယ်။ သိလိုတာကြောင့် ဆွေးနွေးမေးမြန်းမူများကိုလည်း အပြန်အလှန်ဆွေးနွေးဖို့ ကြိုဆိုလျက်ပါ (please go to: AI Info FBpage )

    M 7.7 မတ်လငလျင်ကြီးဟာ မြန်မာနိုင်ငံရဲ့ငလျင် လှုပ်ရှားမူအနေအထားကို ပုံစံတမျိုးပြောင်းလဲပစ်

    ခဲ့ပြီး သူ့ဆီကဖိအားတွေကို စစ်ကိုင်းပြတ်ရွေ့ (တောင်ဘက်- ပဲနွယ်ကုန်းတောင်ဘက် မိုင် ၁၀၀ ကျော်အထိအစွန်းပိုင်းနဲ့ ရှမ်းကုန်းပြင်မြင့်ဘက်တကြောဆီ လွှဲပြောင်းပေးလိုက်တဲ့သဘောကို U.S. Geological Survey (USGS) အချက်အလက်များနဲ့ ၆ လတာ ငလျင်လှုပ်ရှားမူများအရ ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ခဲ့ပါတယ်။

    အထူးသဖြင့် ဒီကာလ အင်ဒိုဘားမားထိုးစိုက်ဇုန် ငလျင်​တွေ/ စစ်ကိုင်းပြတ်ရွေ့နောက်ဆက်တွဲ

    ငလျင်တွေ/ ကျောက်ကြမ်းအပါအ၀င် ရှမ်းကုန်းပြင်မြင့်က ပြတ်ရွေ့စုတွေကနေ တရုတ်နိုင်ငံ ယူ

    နန်ပြည်နယ်ထဲကနေ ဗီယက်နမ်အထိ ရှည်လျားသွယ်တန်းတည်ရှိနေတဲ့ နာမည်ကြီးမြစ်နီပြတ်ရွေ့

    ကြီး(Red River Fault)တို့ရဲ့ လှုပ်ခတ်မူအနေ အထားတွေကနေ ခြုံငုံလိုက်တဲ့အခါ မြန်မာပြည်

    ငလျင်များဟာ မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဘက်တွေမှာ ပြင်းအား ၆ နဲ့အထက်တွေ လာ

    နိုင်ချေ မြင့်နေတာကို တွေ့ရပါတယ်။

    (ကျွန်တော်တို့သုံးသပ်ချက်ကို Coulomb Stress Transfer (ဖိအား ဘယ်ကို ရောက်သွားလဲ)၊

    Seismicity Rate Change (ရောက်သွားတဲ့နေရာမှာ လှုပ်ရှားမှု တကယ် တက်လာသလား) နဲ့

    Historical Potential (အဲဒီနေရာမှာ ငလျင်ကြီးအတွက် သမိုင်းကြောင်းဆိုင်ရာ ဖြစ်နိုင်ချေရှိရဲ့

    လား) ဆိုတဲ့ သိပ္ပံနည်းကျ Model သုံးခုကို ပေါင်းစပ် တိုက်ဆိုင်စစ်ဆေးပြီး USGS, EMSC, TMD

    တို့ကို ကိုးကားတဲ့ တိကျတဲ့အချက်အလက်တွေနဲ့ ဆက်စပ် အတည်ပြုထားခြင်း ဖြစ်ပါတယ်။)

    ​ပြီးခဲ့တဲ့ ၆ လအတွင်း :

    • အင်ဒိုဘားမားထိုးစိုက်ဇုန်နဲ့ဆက်စပ်ပြတ်ရွေ့

    တွေမှာ ပြင်းအား ၅ နဲ့အထက် ၂ ကြိမ် / ပြင်း

    အား ၄ နဲ့အထက် အကြိမ်၂၀ကျော်။

    • စစ်ကိုင်းပြတ်ရွေ့ဆက်စပ်တကြောမှာ ပြင်း

    အား ၅ နဲ့အထက် ၅ကြိမ် / ပြင်းအား ၄ နဲ့အထက်

    ၄၀ ကျော်။

    • ကျောက်ကြမ်းပြတ်ရွေ့အပါအ၀င် ရှမ်းကုန်း

    ပြင်မြင့်ပြတ်ရွေ့စုတွေမှာ ပြင်းအား ၅ နဲ့အထက်

    ၁ကြိမ်၊ ပြင်းအား ၄ နဲ့အထက် ၅ ကြိမ် ။

    • တရုတ်နိုင်ငံ ယူနန်ပြည်နယ်ပြတ်ရွေ့များမှာ

    ပြင်းအား ၅ နဲ့အထက် ၁ကြိမ် ၊ ပြင်းအား ၄ နဲ့

    အထက်၅ ကြိမ်။

    • ဗီယက်နမ် နိုင်ငံ လက်ရှိတက်ကြွနေတဲ့ ပြတ်

    ရွေ့များမှာ ၅ နဲ့အထက် ၁ကြိမ် ၊ ပြင်းအား ၄ နဲ့အထက် ၅ ကြိမ် တို့ လှုပ်ခတ်ခဲ့ပါတယ်။

    (USGS / EMSC နဲ့ TMD တို့မှာ TMD ရဲ့

    သဘောအရ ​ပြင်းအားပမာဏပိုများတက်လေ့ရှိတာကြောင့် ပမာဏကို USGS နဲ့ EMSC တို့

    ကိုသာ တွက်ယူပေးထားပါတယ်)

    ​ရှမ်းပြည်နယ် (အထူးသဖြင့် အနောက်ပိုင်း ကျောက်ကြမ်းအပိုင်း/အရှေ့တောင်ပိုင်း) နှင့် ပဲခူးတိုင်း

    တကြော(တောင်ငူရဲ့တောင်ဘက် မိုင် ၁၅၀ ကျော်) တို့ကို M 6.0+ ဖြစ်ပေါ်နိုင်ချေ မြင့်မားသော ဇုန်များအဖြစ် သတ်မှတ်ပြီးကြိုတင်သတိပြုသင့်ပါတယ်။

    ရှမ်းအရှေ့တောင်အတွက်ကတော့ ၂၀၁၁ တာလေငလျင် ၆.၈ လှုပ်ခတ်ခဲ့ဖူးတာကြောင့် အာရုံပိုစိုက်ဖို့လိုတာကတော့ကျောက်ကြမ်းအပိုင်းဖြစ်နေပါတယ်။ အနာဂတ်ငလျင်ကြီး နှစ်ခုဟာ ၄င်းဒေသတွေကနေ ဖြစ်ပေါ်လာနိုင်ချေများနေပါတယ်။ ဖြစ်လာနိုင်ချေပြင်းအားကို အနည်းဆုံး ၆ နဲ့အထက်လို့ သုံးသပ်ထားပါတယ်။

    M 7.7 စစ်ကိုင်းပြတ်ရွေ့ငလျင်ရဲဲဲ့ လတ်တလော သက်ရောက်ခဲ့ သက်ရောက်ဆဲအနေအထား (The New Stress Load)

    ​ M 7.7 စစ်ကိုင်းငလျင်ကြီးဟာ အနီးအနားပြတ်ရွေ့တွေပေါ်ကို ဖိအား အပေါင်း (+) (Positive Stress Change) တွေကို ပေးလိုက်ပါတယ်။ Coulomb Stress Modeling အရ ရှမ်းကုန်းပြင်မြင့်အနောက်ပိုင်းက ကျောက်ကြမ်းပြတ်ရွေ့နဲ့ဆက်စပ်ပြတ်ရွေ့တွေဟာ ဒီဖိအားကို အများဆုံး လက်ခံရရှိတဲ့ ဇုန်ထဲမှာ ပါဝင်ပါတယ်။

    ​ဆိုလိုတာက ကျောက်ကြမ်းပြတ်ရွေ့ပေါ်မှာ နှစ်ပေါင်း ၁၀၀ ကျော် စုဆောင်းထားတဲ့ ဖိအားတွေဟာ M 7.7 ငလျင်ကြီးရဲ့ ထပ်ဆောင်းဖိအားကြောင့် ချက်ချင်း ပမာဏ တိုးသွားတဲ့သဘောပါ။ ဒါကို Stress Triggering လို့ ခေါ်ပါတယ်။​ဖိအား 0.1 MPa လောက် တိုးလာခြင်းဟာ ငလျင်ဖြစ်ပေါ်

    ခြင်းကို ဆယ်စုနှစ်များစွာ စောစီးစေနိုင်တယ် လို့ သိပ္ပံပညာရှင်တွေက တွက်ချက်ထားပါတယ်။

    Source:AI INFO TEAM

    14:30 PM | 7 OCT 2025

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
  • article
  • article
  • article
likes
11
comments
0
views
1635