cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြောင်းမျိုးများနှင့်ပတ်သက်ပြီး ဧရာဝတီမျိုးစေ့ကုမ္ပဏီမှဖြေရှင်းလာ

. သတင်းစုံ
တောင်သူများ ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန်အတွက် ကိုယ်စားလှယ်များမှတဆင့် ငွေအပြည့် ပြန်အမ်းခြင်း နှင့် မျိုးစေ့အိတ်များ အစားထိုးလဲလှယ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း NK625 5kg (Thailand)ပြောင်း မျိုးစေ့နှင့်ပတ်သတ်ပြီး အပင်ပေါက်နှုန်းလျော့နည်းမှုကြောင့် တောင်သူများ မကျေမနပ် တိုင်ကြားမှုများ ရှိလာကို သိရသည်။ ယင်းကိစ္စနှင့်ပတ်သတ်ပြီး ဧရာဝတီမျိုးစေ့ကုမ္ပဏီမှ တာဝန်ယူမှု အပြည့်အဝနှင့်ဖြေရှင်းနေကြောင်း ၄င်းဖေ့ဘွတ်စာမျက်နှာတွင်လည်း တရားကြေငြာလာပါသည်။

    တောင်သူများ ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန်အတွက် ကိုယ်စားလှယ်များမှတဆင့် ငွေအပြည့် ပြန်အမ်းခြင်း နှင့် မျိုးစေ့အိတ်များ အစားထိုးလဲလှယ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

    တောင်သူများ ဝယ်ယူထားသော NK625 5kg မျိုးစေ့ထုတ် ပြန်လည်ပေးအပ်လိုပါက ဝယ်ယူခဲ့သောဆိုင်မှတဆင့် (သို့မဟုတ်) ကုမ္ပဏီထံသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ ၅ကီလို တစ်အိတ်လျှင် = ၁၆၅,၀၀၀ ကျပ် အပြည့်အ၀ပြန်လည် ပေးအပ်နေသည်။

    တောင်သူများအနေဖြင့် မိမိတို့ဝယ်ယူခဲ့သော ပြောင်းမျိုးစေ့စျေးနှုန်းနှင့် ကုမ္ပဏီမှပြန်လည်ဝယ်ယူသော ၁၆၅,၀၀၀ ကျပ်ကြား ကွာဟမှုတစ်စုံတစ်ရာရှိပါက မိမိဝယ်ယူခဲ့သော ဆိုင်များတွင် ညှိနှိုင်း ဆောင်ရွက်နိုင်ပါသည်။

    ဆက်သွယ်ရန်ဖုန်း -

    - ရှမ်း(တောင်) : ၀၉ ၇၅၀ ၂၁၁ ၆၈၇

    - ရှမ်း(မြောက်) : ၀၉ ၇၅၀ ၂၁၁ ၆၈၈

    - နီးစပ်ရာကိုယ်စားလှယ်ဆိုင်

    မြန်မာ့သြဘာလုပ်ငန်းစု၏ တစိတ်တပိုင်းဖြစ်သော ဧရာဝတီမျိုးစေ့ကုမ္ပဏီအနေဖြင့် ပွင့်လင်းမြင်သာမှုနှင့်အတူ ကောင်းမွန်သော အရည်အသွေးများဖြင့် မြန်မာ့စိုက်ပျိုးရေးအသိုက်အဝန်း ရေရှည်အောင်မြင်မှုအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိနေကြောင်း သိရပါသည်။

    သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/share/p/1DcE2j8LPy/

    photo crd to owners

    ---------

    နေ့စဉ်စိုက်ပျိုးရေးသတင်းများ လေ့လာလိုပါက - https://www.htwettoe.com/download ဆော့ဝဲလ်ကို ဒေါင်းလုတ်ထားပါ။

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 နှိပ်ပါ။

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်ပါတယ်။

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
6
comments
0
views
2162
cover
cover
cover
cover
cover