cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်း ဇူလိုင် ၂၂ ရက် မှ ဇူလိုင် ၂၈ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ကျောက်ကြီးမြို့အရှေ့ဘက်၊ မူသဲချောင်းဖျားဒေသနှင့် ရွှေကျင်ဆည်ဧရိယာ၊ ပန်းတဉ်းတောင်တဝိုက်မှာ ဇူလိုင်လ လကုန်ရက်များအထိ နေ့စဉ်ပျမ်းမျှမိုးရေချိန် ၂ လက်မခန့်ရွာသွန်းရရှိနိုင်ပြီး၊ ဇူလိုင် ၂၄ ရက်နေ့မှာ ၄.၃၇ လက်မအထိ မိုးရေချိန်ရရှိနိုင်/မိုးသည်းထန်ပြီး မိုးများနိုင်ပါမယ်။
  • ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်က ၂၃ ရက်နေ့မှာ အရှေ့ဘက်မှ စတင်ဝင်ရောက်လာနိုင်သော တိုင်ဖွန်းမုန်တိုင်း WIPHA အကြွင်းအကျန်တိမ်တိုက်များနှင့် လေပွေလှိုင်းတို့ မြန်မာနိုင်ငံအရှေ့ဘက်မှဝင်ရောက်လာပြီး မိုးသည်းထန်နိုင်၊ မိုးနိုင်မည့်အချိန်ဖြစ်ပါသည်။ ဇူလိုင် ၂၃-၂၄ ရက်နေ့မှ ဇူလိုင် ၂၇ ရက်အထိဆက်လက်ရှိနေမည့် ဒီရေတက်ရက်(ရေထရက်)နှင့်လည်း တိုက်ဆိုင်နေလျှက်ရှိသောကြောင့် မိုးသည်းထန်ချိန်/မိုးများချိန်နှင့် ရေတက်ချိန်တိုက်ဆိုင်ပါက ဒီရေတောင့်ခံပြီးရေကြီးနိုင်ချေပိုမိုများလာနိုင်မည်ကို ဦးစွာသတိပြုရမှာဖြစ်ပါတယ်။ 

    ပဲခူးတိုင်းအနောက်ဘက်ခြမ်းမှ သုံးဆယ်၊ သာယာဝတီ၊ လက်ပံတန်းနှင့် မင်းလှမြို့နယ်များအထိ ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မအထက် ၅ လက်မအထက်အထိရရှိနိုင်ပြီး၊ ပဲခူးရိုးမတောင်ကြောင်း အနောက်ခြမ်းဧရိယာတလျှောက်မိုးရေချိန်ရရှိနိုင်ချေ များပါမယ်။ နတ်တလင်း၊ ပေါင်းတည်၊ ပြည်နှင့် အနောက်မြောက်ဘက်ဒေသများအားလုံးတွင် ၇ ရက်အတွင်းမိုးရေချိန်ရရှိမှု ၁ လက်မ ဝန်းကျင်ခန့်သာရှိပြီး မိုးနည်းနေနိုင်ပါမယ်။ 

    ပဲခူးတိုင်းအရှေ့ခြမ်းတစ်ခုလုံးတောင်ဘက် မုတ္တမကွေ့ပင်လယ်ကမ်းခြေမှ မြောက်ဘက်မန္တလေး(နေပြည်တော်)နယ်စပ်အထိ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၄ လက်မအထက်မှ ၁၅ လက်မအထိ ရရှိနိုင်ပါတယ်။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ကျောက်ကြီးမြို့အရှေ့ဘက်၊ မူသဲချောင်းဖျားဒေသနှင့် ရွှေကျင်ဆည်ဧရိယာ၊ ပန်းတဉ်းတောင်တဝိုက်မှာ ဇူလိုင်လ လကုန်ရက်များအထိ နေ့စဉ်ပျမ်းမျှမိုးရေချိန် ၂ လက်မခန့်ရွာသွန်းရရှိနိုင်ပြီး၊ ဇူလိုင် ၂၄ ရက်နေ့မှာ ၄.၃၇ လက်မအထိ မိုးရေချိန်ရရှိနိုင်/မိုးသည်းထန်ပြီး မိုးများနိုင်ပါမယ်။ 

    ပဲခူးတိုင်းအရှေ့ခြမ်းဒေသများတွင် တောင်ဘက်မှလေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်အထက်၊ ၄၀ မိုင်နှုန်းခန့်အထိရှိနိုင်ပြီး ပဲခူးတိုင်းအနောက်ဘက်ခြမ်းမှာလည်း တောင်ဘက်အရပ်မှ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့်အထိ ရှိနိုင်ပါတယ်။ 

    ယခုတစ်ပတ်အတွင်း ပဲခူးတိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၁°C ရှိနိုင်ပြီး၊ အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ကာ Apparent Temperature(ခံစားရသည့်အပူချိန်) ၃၇°C - ၃၈°C ရှိနိုင်ပါတယ်။ ပျမ်းမျှလေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အတွင်း ရှိနေပြီး လေထုညစ်ညမ်းမှုအညွှန်းကိန်းမြင့်မားခြင်းလည်းမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့.. 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် 

    • လက်ရှိဖြုတ်ပိုးနဲ့ပတ်သတ်ပြီး ကျရောက်မှုများလာတာကို တွေ့ရသဖြင့် ထိခိုက်ဆုံးရှုံးမှုများစွာ မဖြစ်စေရန် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 
    • ဖြုတ်ကျရင် ရေချက်ချင်းထုတ်လို့ရရင် ထုတ်ပေးပါ။ 
    • စပါးခင်းအတွင်း လေကြောင်းခွဲပေးပါ။ 
    • ဆေးအနေနဲ့ Buprofezin+ Acetamiprid (သို့မဟုတ်) Fenobucarb+ Cyantraniliprole / Dinotefuran+ Pymetrozine အဆင်ပြေရာကိုရေထုတ်ပြီးမှ ဖျန်းပေးပါ။ 
    • ရေကို စိုတစ်လှည့်ခြောက်တစ်လှည့်သွင်းပေးပါ။ 
    • စိုက်ခင်းဘေးက ပေါင်းမြက်တွေကိုလည်းရှင်းပေးပါ။ 
    • ယူရီးယားပုလဲမြေသြဇာထည့်တာကို အလွန်အကျွံထည့်တာမျိုးမလုပ်ပါနဲ့၊ အဲ့အစား ပိုတက်ရှ် (K) မြေသြဇာကိုထည့်ပေးပါ။ 

    ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက် 

    ရေ၏ချဉ်ဖန်နှုန်းကို တိုင်းတာပြီး pH ၅.၅ သို့ရောက်ရှိနေပါက တစ်ဧကလျှင် ထုံး ၁၅ မှ ၂၀ပိဿာအထိ ထည့်သွင်းပေးရန် အကြံပြုအပ်ပါသည်။ မိုးအုံ့သော/ မိုးရွာသောအချိန်များတွင် အစာကျွေးခြင်း မပြုလုပ်ရန် အကြံပြုပါသည်။ အစာကျွေးပါကလည်း ယခင်ကျွေးသောနှုန်းထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်း လျှော့ကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ 

               ယခုနှစ်ရာသီသည် မိုးများနိုင်သဖြင့် ငါးမွေးကန်ဘောင်များအား မြှင့်ထားရန်လိုအပ်ပါသည်။ ငါး မွေးကန်၏ ဘောင်ထိပ်မှ (၆)လက်မအကွာအောက်တွင် ‌ရေလျှံပေါက်များ ကြိုတင်တပ်ဆင်ထားရှိရန် အကြံပြုအပ်ပါသည်။ ကန်ဘောင်ပေါ်မှ ‌ရေလျှံထွက်ခြင်း နှင့် ပြင်ပမှ ‌ရေကျော်ဝင်ခြင်းများ ဟန့်တားရန် သဲအိတ်များကို စီချထားသင့်သည်။ ကန်ပတ်ပတ်တွင် အမြင့် (၄)ပေရှိ ပိုက်စိမ်းများကို ခိုင်ခံ့စွာ ကာရန်ပေးထားခြင်းဖြင့် သဘာဝဘေးကိုကြိုတင်ကာကွယ်နိုင်ပါသည်။ 

    ------ 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
3580
cover
cover
cover
cover
cover