cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိတ်ဝင်စားဖွယ်ကောင်းသော နေထိုင်မှုပုံစံနဲ့ ဆီအုန်းအိတ်ပိုးအကြောင်း

. ပိုးမွှား
အကောင်ကြီး အရွယ်ရောက် ကောင်အဆင့်တွင် အမများမှာ တောင်ပံမပါရှိပဲ ပိုးအိမ်အတွင်းမှ မိတ်လိုက်ရန်အတွက် ဖယ်ရိုမုန်းထုတ်တာ အတောင်ပံပါသော အထီးများအားဆွဲဆောင်၍ ဥအုကာသေဆုံးကြရပါသည်။
  • ဆီအုန်းစိုက်ပျိုးရာတွင် အိတ်ပိုးဟုခေါ်သော Metisa plana ပိုးမှာ အထွက်နှုန်းကို ၄၀ ရာခိုင်နှုန်းအထိ ထိခိုက်စေပြီး အရွက်များကို ကြွေကျပျက်ဆီးစေတတ်သောဖျက်ပိုး တစ်မျိုးဖြစ်ပါသည်။ အရွယ်ရောက်ဖလံ အမ တစ်ကောင်မှာ ပိုးအိမ်အတွင်း ဥပေါင်း ၂၀၀-၃၀၀ အထိအုနိုင်ပြီး ရာသီစက်ဝန်းမှာ ရက် ၉၀ သာ ရှိသည့်အတွက် လျင်မြန်စွာ မျိုးပွားပေါက်ဖွားတတ်ကြပါသည်။ ဥမှာပေါက်ခါစ သားလောင်းကောင်များသည် ပိုးမျှင်နှင့် ဆီအုန်းအရွက်အပိုင်းအစများကို အသုံးပြု၍ ရွေ့လျားနိုင်သောပိုးအိမ်လေးများတည်ဆောက်ကာ အရွက်များကို ကိုက်ဖျက် စားသောက်တတ်ကြပါသည်။ ပိုးအိမ်မှာကန်တော့ပုံသဏ္ဍာန်ရှိပြီး ကြီးလာသည်နှင့်အမျှ ပိုမိုချောမွေ့လာတတ်ပါသည်။ ထို့နောက် သားလောင်းအဆင့် (၇၁ ရက်) ပြီးချိန် ရုပ်ဖုံးအဆင့်(၁၈ရက်) အား အပင်ပေါ်တွင် ပြုလုပ်တတ်သောကြောင့် အိတ်ပိုးဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ အကောင်ကြီး အရွယ်ရောက်  ကောင်အဆင့်တွင် အမများမှာ တောင်ပံမပါရှိပဲ ပိုးအိမ်အတွင်းမှ မိတ်လိုက်ရန်အတွက် ဖယ်ရိုမုန်းထုတ်တာ အတောင်ပံပါသော အထီးများအားဆွဲဆောင်၍ ဥအုကာသေဆုံးကြရပါသည်။    ဆီအုန်းအိတ်ပိုး ပြင်းထန်စွာ ကျရောက်ပါက ဆီအုန်း အရွက်များခြောက်ကာ ကြွေကျသွားစေတတ်သည့်အတွက် အထူးဂရုပြု ကာကွယ် သင့်သော ဖျက်ပိုး ဖြစ်ပါသည်။  

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ_ 

    • အပင်မှ တွဲခိုနေသော ရုပ်ဖုံးများလိုက်လံဖယ်ရှားပေးပါ။ 
    • အရွယ်ရောက်ကောင် အထီးများအား ဖယ်ရိုမုန်းထောင်ချောက်များသုံးကာ နှိမ်နင်းပေးပါ။ 
    • ဓာတုဆေးသုံးလိုပါက Cypermethrin၊ Lambda Cyhalothrin၊ Emamectin Benzoate၊ Indoxacarb ထိသေစားသေအာနိသင်ရှိသည့် ပိုးသတ်ဆေးများပက်ဖျန်းကာ ကာကွယ်နိုင်ပါသည်။ 
    • မြေကြီးထဲသို့ Cartap ၊ Thimethoxam ၊  Abamectin၊ Fipronil တို့ကို ထည့်သွင်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ 

    -----------  

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
7
comments
0
views
2316
cover
cover
cover
cover
cover