cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးကန်ရေချဉ်ဖန်နှုန်း မြင့်ခြင်း၊ နိမ့်ခြင်း၏ ဆိုးကျိုးများ နှင့် ဖြေရှင်းချက်

. ငါးမွေးမြူရေးဆောင်းပါးများ
ငါး၊ ပုစွန်မွေးမြူရေး ကန်များသည် ရေချဉ်ဖန်နှုန်း မှန်ကန်နေပါက ငါး၊ ပုစွန်များ အသက်ရှူခြင်း၊ အစာပုံမှန်စားခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်း နှင့် ကြီးထွားနှုန်းကောင်းခြင်း တွေ့ရပါသည်။
  •            ငါး၊ ပုစွန်မွေးမြူရေးကန်များတွင် ကန်ရေ၏ချဉ်ဖန်နှုန်း (water PH )သည် ကန်၏ ရူပဆိုင်ရာအချက်အလက်များ ပေါ်မူတည်ပြီး ဇီဝဖြစ်စဉ်အရ ဓာတုဗေဒ ဖြစ်စဉ်တရပ် ဖြစ်ပေါ်လာရပါသည်။ ငါး၊ ပုစွန်မွေးမြူရေး ကန်များသည် ရေချဉ်ဖန်နှုန်း မှန်ကန်နေပါက ငါး၊ ပုစွန်များ အသက်ရှူခြင်း၊ အစာပုံမှန်စားခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်း နှင့် ကြီးထွားနှုန်းကောင်းခြင်း တွေ့ရပါသည်။ ထို့အတူ ကန်အတွင်း ရောဂါကျရောက်မှုလည်း နည်းပါးပါသည်။ ယခင် အပတ်က ကန်ရေ၏ ချဉ်ဖန်နှုန်းတက်ခြင်းနှင့် ကျရခြင်းအကြောင်းရင်းများကို တင်ပြခဲ့ပြီးဖြစ်သည်။

               ကန်ရေ၏ ချဉ်ဖန်နှုန်း မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်နိုင်သောအချက်များ

    Ø Phytoplankton bloom ဖြစ်စေခြင်း

    Ø ကန်ရေမျက်နှာပြင်နှင့် ကန်အောက်ခြေတို့၏ pH, DO နှင့် Temperature ကွာခြားခြင်း

    Ø Phytoplankton ရုတ်တရက် သေဆုံးခြင်းကြောင့် DO လျော့နည်းခြင်း

    Ø ကြီးထွားနှုန်း နှေးကွေးခြင်း

    Ø မျိုးပွားမှုကို ဟန့်တားခြင်း

    Ø ငါးပုစွန်များ သေစေနိုင်ခြင်း

    Ø Toxic gas ထွက်ခြင်း

    ကန်ရေ၏ချဉ်ဖန်နှုန်းသည် ကန်၏ ရူပဆိုင်ရာအချက်အလက် ပေါ်မူတည်ပါသည်။ ကန်ရေတွင် (အပင်မျှောလှေး) လုံလောက်စွာ တည်ရှိနေပြီး ၊ နေရောင်ခြည်ကောင်းမွန်စွာရရှိပါက ကန်အတွင်း အလင်မှီအစာချက်ခြင်း ပြုလုပ်ပါသည်။ ထိုအချိန်တွင် ကန်အတွင်းမှ ကာဘွန်ဒိုင်အောက်ဆိုက်ကို အသုံးပြုပြီး ကန်အတွင်းသို့ အောက်စီဂျင်ထုတ်လွှတ်သဖြင့် ချဉ်ဖန်နှုန်းသည် တက်လာပြီး၊ ကန်အတွင်း DO ပျော်ဝင်အောက်စီဂျင်ကို ရရှိစေပါ သည်။ ထို့ကြောင့် ကန်ရေ၏ချဉ်ဖန်နှုန်းသည် ညနေပိုင်း (၄)နာရီတွင် ချဉ်ဖန်နှုန်း မြင့်တက်နိုင်ပါသည်။

    သို့သော် မနက်ပိုင်း (၆) နာရီအချိန်တွင် ချဉ်ဖန်နှုန်း နိမ့်နေရမည့်အစား မြင့်တက်နေပါက အောက်ပါအတိုင်း ဖြေရှင်းနိုင်ပါသည်။

    ဖြေရှင်းနည်းများ

     

    ü တစ်ဧက(ကန်ရေမနက် ၃ပေ)လျှင် ကျောက်ချဉ် (၃၀-၆၀)ပိဿာ ထည့်ပေးပါ။

    ü တစ်ဧက(ကန်ရေအနက်၃ပေ)လျှင် CaSo4 15 ပိဿာ ထည့်ပေးပါ။

              ကန်ရေ၏ချဉ်ဖန်နှုန်း ကျဆင်းလာခြင်းကြောင့် ဖြစ်ပေါ်နိုင်သောအချက်များ

    Ø ကန်အတွင်း ကာဘွန်ဒိုင်အောက်ဆိုက်CO2 ပမာဏများလာခြင်း

    Ø သြဇာဓာတ်ကြွယ်ဝမှု နည်းလာခြင်း (ကန်ရေအရောင်သည် အစိမ်းရောင်နည်းပါးလာခြင်း)

    Ø ငါးကြီးထွားနှုန်းနှေးကွေးခြင်း

    Ø မျိုးပွားမှုကို ဟန့်တားခြင်း

    Ø ငါးပုစွန်များ သေစေနိုင်ခြင်း

    ကန်ရေ၏ချဉ်ဖန်နှုန်း ကျဆင်းပါက ကန်အတွင်း အောက်စီဂျင်လျှော့နည်းခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ အဆိုပါကိစ္စသည် မိုးကာလတွင် အဖြစ်များပါသည်။ ညနေပိုင်း (၄)နာရီတွင် ကန်ရေ၏ချဉ်ဖန်နှုန်းသည် တက်ရမည့်အစား သတ်မှတ်ချက်ထက်နိမ့်ကျနေပါက အောက်ပါအတိုင်း ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။

    pH နိမ့်ခြင်းကို ပြုပြင်နည်းများ (တဧက၊ တစ်မီတာအနက်တွင်)

    • CaO, Ca(OH)₂ — 30–60 ပိဿာ / ဧက
    • CaCO₃, CaMg(CO₃)₂ — 50–100 ပိဿာ / ဧက

    ဦးစန်းအောင်

    ထွက်တိုး

    ------------

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
5
comments
0
views
2503
cover
cover
cover
cover
cover