ငါးကန်တွေမှာ ဆားကို ဘာကြောင့်သုံးနေလဲ? ကောင်းကျိုးတွေကရော?
(က) အကြောင်းအရင်း
ငါးကန်တွေမှာ ဆားကို သုံးရတဲ့အကြောင်းအရင်းတွေရှိပါတယ်။ ဒါတွေကတော့ မွေးထားတဲ့ငါးကို ထိခိုက်မှုမရှိလို့ပါဘဲ။ ပြီးတော့ ငါးတွေရဲ့ကျန်းမာရေးကောင်းမွန်စေပြီး ရောဂါ၊ အဆိပ်အတောက် ဖယ်ရှား ခြင်း၊ ကန်ရေသန့်စင်ခြင်း စတာတွေအတွက် အထောက်အကူပြုတဲ့အတွက် အသုံးများလာကြပါတယ်။
(ခ) ကောင်းကျိုး
၁။ ထိခိုက်မှုမရှိခြင်း
ငါးအများစုဟာ ဆားဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ အလှမွေးငါး၊ ရွှေငါးအပါအဝင် အတော် များများဟာ ခံနိုင်ရည်ရှိကြပါတယ်။
၂။ ငါးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
ဆားဟာ အားနည်းနေတဲ့၊ ကျန်းမာရေးမကောင်းတဲ့ငါးတွေအတွက် ကပ်ပါး သို့မဟုတ် ဘက်တီးရီးယားရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။
၃။ ကပ်ပါးပိုးတွေ သေစေခြင်း
ပျော်ဝင်နှုန်း 3 မှ 5 pp ရှိတဲ့ ဆားငန်ရေဟာ အောက်ပါ ကပ်ပါးပိုးတွေကို သေစေနိုင်ပါတယ်-
- Chilodinella
- Costia
- Ichthyophthirius (Ick, White Spot disease)
- Epistylis
- Glossatella
- Scyphidia
- Trichodina
ဒါ့အပြင် မှိုနဲ့ ဘက်တီးရီယားကြောင့် ဖြစ်စေတဲ့ ရောဂါတွေကိုလည်း ကုလို့ရပါတယ်။
၄။ နိုက်ထရိုက်အဆိပ်အတောက်ကို လျော့ချပေးခြင်း
ငါးကန်တွေမှာ နိုက်ထရိုက်ပမာဏ မြင့်နေတာဟာ ကန်ရေ ကောင်းမွန်မှုမရှိတော့ကြောင်း ပြနေသလို ပါဘဲ။ တဆက်တည်းမှာဘဲ အမိုးနီးယားပမာဏ တိုးလာပါပြီး ငါးတွေကို ကပ်ပါးပိုးတွေနဲ့ ဘက်တီးရီးယားပိုး တွေခံစားရတက်ပါတယ်။ ငါးရဲ့ သွေးကြောထဲကို နိုက်ထရိုက်ဓါတ်စီးဝင်သွားရင် ငါးဟာ အောက်ဆီဂျင် လုံလုံလောက်လောက်မရတော့ဘဲ ကန်အခြေမှာ သူ့ဟာငြိမ်နေတက်ပါတယ်။ ဒါကြောင့် ဆားသုံးခြင်းဖြင့် ငါးရဲ့ကိုယ်ထဲကို နိုက်ထရိုက်ဓါတ်စီးဝင်နှုန်းကို အတန်သင့် လျော့နည်း စေပါတယ်။
၅။ ငါးရဲ့အရေပြားမှ အကျိအချွဲထုတ်လုပ်မှုကောင်းစေခြင်း
အားလုံးသိတဲ့အတိုင်း ငါးတွေကို ပြင်ပမှာရှိ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးတွေ ဝင်ရောက် မှုမရှိအောင် ကိုယ်ပေါ်မှာရှိတဲ့ အကျိအချွဲတွေက ကာကွယ်ပေးပါတယ်။ ဆားထည့်ပေးခြင်းဟာ ငါးတွေရဲ့ အရေပြားမှ အဆိုပါအကျိအချွဲများထုတ်လုပ်မှုကို အားကောင်းစေပြီး ကျန်းမာစေပါတယ်။
၆။ ရေမှာ ကြာရှည်စွာပျော်ဝင်တည်ရှိနေနိုင်ခြင်း
ငါးကန်တွေမှာ ရောဂါကျရောက်ပြီးဆိုရင် ကုသဆေးတွေ ကန်အတွင်းကို ထည့်ကြရပါတယ်။ ဒါတွေဟာ နေရောင်ကြောင့် အဆိုပါဆေးတွေရဲ့ အာနိသင်ပျယ်လာတက်ပါတယ်။ ဒါကို လျော့ကျဖို့ဆိုရင် ကန်ထဲ ဆားထည့်ပေးလိုက်ခြင်းဖြင့် အာနိသင် ကြာရှည်စွာပြလာပါတယ်။
၇။ ကုန်ကျစရိတ်သက်သာခြင်း
ကန်ထဲကို ဆားထဲခြင်းဖြင့် ကုန်ကျစရိတ် ထွေထူးမကုန်ကျပါဘူး။ အလွယ်တကူရနိုင်တယ်။ ရေရှည် သုံးနိုင်ပြီး အချိန်အတော်ကြာအထိလည်း သိုလှောင်လို့ရပါတယ်။
၈။ ကန်ရေသန့်တဲ့စနစ်အပေါ် ထိခိုက်မှုမရှိခြင်း
အားလုံးသိတဲ့အတိုင်း ငါးကန်ရေကို ပုံစံအမျိုမျိုးနဲ့ သန့်စင်ပေးကြပါတယ်။ တစ်ချို့က ရေစစ်နဲ့ စစ်တယ်။ တစ်ချို့က အကျိုးပြု တက်တီးရီးယားထည့်ပြီး သန့်ပေးတယ်။ အဲ့လိုသန့်တဲ့ နေရာမှာ ကပ်ပါးနဲ့ ဘက်တီးရီးယားပိုးတွေကို သန့်တဲ့ဆေးတွေဟာ ကန်ထဲမှာရှိတဲ့ ဇီဝအကျိုးပြု အကောင်လေးတွေကို ထိခိုက်သေစေပါတယ်။ ဒါကြောင့် အဲ့ဒါတွေအစား ထိခိုက်မှုမရှိတဲ့ ဆားကို ထည့်ပေးတာကောင်းပါတယ်။
Source: https://www.pondexperts.ca/pond-advice.../salt-in-the-pond/
ဦးပြည့်ဖြိုးအောင်
ထွက်တိုး
------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း