cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်နှင့် မွေးမြူရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် ရေချဉ်ဖန်နှုန်းနိမ့်နေနိုင်ပြီး ပြန်မြင့်ရန်အတွက် ထုံးအမှုန့်ထည့် ပေးရန်၊ ၁၀၀၀ ကျူဗစ်မီတာတွင် ၂၀ မှ ၃၀ ကီလိုဂရမ်ကို ရာသီဥတုအေးတဲ့ မနက်ပိုင်း၊ ညနေ ပိုင်းတွင် ထည့်ပေးရန်၊
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့ 

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့မှ (၃၀) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်  

    မိုးညိုမြို့နယ်မှာ စက်တင်ဘာလ (၂၄) ရက်နေ့မှ (၃၀) ရက် နေ့အထိ မိုးရွာရန် ရာနှုန်း ၄၉ မှ ၉၄ အထိ ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၉၄ အတွင်းရှိနိုင်ပြီး စက်တင်ဘာလ ၂၄ ရက်တွင် မိုးရွာရန် ရာနှုန်း ၄၉ သာရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၇၂ -၈၃ ရာခိုင်နှုန်း အတွင်း မှာ ရှိနိုင်ပါသည်။ စက်တင်ဘာ ၂၄ ရက်နေ့တွင် အမြင့်ဆုံးအပူချိန်မှာ ၃၂.၉°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၈°C ရှိနိုင်ပါတယ်ခင်ဗျာ။  

    လက်ပံတန်းမြို့နယ်မှာ စက်တင်ဘာလ (၂၄) ရက်နေ့မှ (၃၀) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၆၇ မှ ၈၄ အတွင်းရှိနိုင်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်တွင် မိုးရွာရန် ရာနှုန်း ၈၄ ထိရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၆၇ မှ ၇၈ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၃.၁°C အမြင့်ဆုံးအပူချိန် ၃၂.၆ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။  

    သာယာဝတီမြို့နယ်မှာ စက်တင်ဘာလ (၂၄) ရက်နေ့မှ (၃၀) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၆၇ မှ ၈၄ အတွင်း ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်တွင် မိုးရွာရန် ရာနှုန်း ၈၄ မှာရှိနိုင်ပြီး စက်တင်ဘာလ ၂၈ ရက်တွင် မိုးရွာရန် ၆၇ ရာခိုင်နှုန်းရှိပါတယ်။ ကျန်သောရက်မှာ မိုးရွာရန် ၇၂ မှ ၇၈ ရာခိုင်းနှုန်းအတွင်း ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၄°C မှ အမြင့်ဆုံးအပူချိန် ၃၂.၂ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။  

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    တိမ်ထူမိုးအုံ့တဲ့ရက်တွေမှာ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ် ခင်ဗျာ-  

    အစားကျွေးနှုန်းကို သတ်မှတ်နှုန်းတားထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျွေးရန်၊  

    ကန်တွင် ပန်ကာ သို့မဟုတ် ရေဒလက်များရှိပါက အဆိုပါအချိန်တွင် လည်ပတ်ရန်၊  

    မိုးသည်းထန်စွာရွာသွန်းတဲ့ရက်တွေမှာတော့-  

    မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် ရေချဉ်ဖန်နှုန်းနိမ့်နေနိုင်ပြီး ပြန်မြင့်ရန်အတွက် ထုံးအမှုန့်ထည့် ပေးရန်၊ ၁၀၀၀ ကျူဗစ်မီတာတွင် ၂၀ မှ ၃၀ ကီလိုဂရမ်ကို ရာသီဥတုအေးတဲ့ မနက်ပိုင်း၊ ညနေ ပိုင်းတွင် ထည့်ပေးရန်၊  

    ပုဇွန်ကန်များတွင် သန့်စင်ထားတဲ့ ပင်လယ်ရေကို နည်းနည်းခြင်း ထည့်ပေးရန်၊  

    Weather Source: CIAT  

    ----


  • article
likes3comments0
views3660