cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးစပါးရိတ်သိမ်းချိန် သတိပြုစရာများ

. ရိတ်သိမ်းခြင်း
စပါးပင်တစ်ပင်လုံး၏ ၈၅ ရာခိုင်နှုန်းခန့် ဝါလာချိန်၊ အဝါရောင် သန်းလာချိန်သည် စပါးပင်မောင်းညိုချိန် ဖြစ်သည်။ စပါးစတင်ရိတ်သိမ်းရမည့် အချိန်ဖြစ်သည်။
  • မိုးစပါး ရိတ်သိမ်းချိန် မိုးလွန်ကာလတွင် မုန်တိုင်းမိုးရွာတတ်သည်။ သက်လျင်စပါးများ စောစောပေါ်လေ့ရှိသော မြန်မာနိုင်ငံအောက်ပိုင်းဒေသများသည် အောက်တိုဘာလထဲတွင် မိုးစပါးရိတ်ကြသည်။ စောစောပေါ်ထွက်လာသော စပါးများ ဈေးကောင်းရကြမှာမှန်သော်လည်း ရိတ်သိမ်းသင့်ချိန် ရိတ်ကြရပါမည်။ စပါးပင်တစ်ပင်လုံး၏ ၈၅ ရာခိုင်နှုန်းခန့် ဝါလာချိန်၊ အဝါရောင် သန်းလာချိန်သည် စပါးပင်မောင်းညိုချိန် ဖြစ်သည်။ စပါးစတင်ရိတ်သိမ်းရမည့် အချိန်ဖြစ်သည်။ စပါးရိတ်သိမ်း၊ နယ်လှေ့မှုနှင့် ဆန်အရည်အသွေးကောင်းခြင်း၊ မကောင်းခြင်းသည် ဆက်စပ်နေ၍ မောင်းညိုချိန်ရိတ်သိမ်းကြရန် လိုပါသည်။ စားသုံးရာတွင်ဖြစ်စေ၊ ပြည်တွင်း၊ ပြည်ပ ရောင်းချရာတွင်ဖြစ်စေ၊ ဆန်ကောင်းရရှိဖို့လိုသည်။ မောင်းညိုချိန်တွင် စပါးစေ့အစိုဓာတ်သည် ၁၉ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း ရှိနေနိုင်သည်။ သို့သော် ရိတ်သိမ်းပါ။ စပါးခြွေလှေ့ပြီးလျှင် ဖြစ်နိုင်ပါက စပါးအခြောက်ခံကိရိယာဖြင့် အစိုဓာတ် လျှော့ချပြုလုပ်ရမည်။ စပါးစေ့များ နေလှန်းဖြန့်ခင်းအခြောက်ခံခြင်းသည် စပါးပျက်စီးမှုများသည်။ သို့သော် တောင်သူအများစုသည် နေလှမ်းအခြောက်ခံ နေကြရဆဲဖြစ်သည်။

     အစိုဓာတ် ၁၄ ရာခိုင်နှုန်း အောက်ရောက်ရှိအောင် အခြောက်ခံရာတွင် စက်ကိရိယာဖြင့်သာ အချိန်တိုအတွင်း ပြုလုပ်နိုင်သည်။ နေလှန်းမှုသည် စပါးဖြန့်ခင်းမှုထူခြင်း၊ အထက်အောက် လှန်ပေးရခြင်း၊ မိုးရွာလျှင်ရုပ်သိမ်းရခြင်း၊ နေပွင့်လျှင် ပြန်လည်လှန်းရခြင်း၊ မော်တော်ကား လမ်းဘေး ဝဲယာတွင် စပါးလှန်းကြသဖြင့် အန္တရာယ်များခြင်း တို့ရှိသည်။

    ယခုအခါ စပါးရိတ်သိမ်း ခြွေလှေ့စက်ကြီးများဖြင့် စပါးရိတ်နိုင်ကြသော်လည်း ရရှိသော စပါးစေ့ကို အခြောက်လှန်းကြရပါသေးသည်။စက်ဖြင့် မရိတ်သိမ်းကြရသော သူများသည် မိုးစပါးရိတ်သိမ်းပြီး လယ်ကွင်းတွင် စပါးအပြီး ဆောင်းသီးထပ် စိုက်ကြလျှင် ရိတ်သိမ်းပြီး ကောက်လှိုင်းထုံးများ ကန်သင်းပေါ်တွင် အချိန်ကြာကြာစုပုံ မထားသင့်ပါ။စပါးကို ချက်ခြင်းခြွေလှေ့အခြောက်ခံ သိမ်းဆည်းခြင်းမပြုလုပ်နိုင်လျှင် အချိန်ကြာကြာ စုပုံထားသဖြင့် စပါးစေ့များ စိုလိုက်၊ ခြောက်လိုက် ဖြစ်ရသဖြင့် အဆစ်ကျိုးစပါး ဖြစ်သွားရသည်။ ဆန်စက်တွင် ဆန်ကြိတ်ခွဲလျှင် အဆစ်ကျိုးစပါးသည် ဆန်ထွက်နှုန်းညံ့၍ စပါးအကျိုးအကြေများသည်။ ဖြစ်နိုင်လျှင် စပါးရိတ်သိမ်းခြွေလှေ့မှုအပိုင်းတွင် စက်အင်အားအသုံးပြုနိုင်နေကြသော်လည်း အခြောက်ခံခြင်းတွင် စက်အားအသုံးပြုမှု နည်းပါးနေကြဆဲရှိသည်။လုပ်ငန်းအဆင့်ဆင့် တစ်ခုလုံး စက်စွမ်းအားအသုံးပြုနိုင်လျှင် ဆန်ကောင်းလည်းရမည်။ သီးထပ်လည်း မြေအစိုဓာတ်မိမိဖြင့် အချိန်မီစိုက်ပျိုးနိုင်မည်။ မိုးစပါးအပြီး စိုက်ပျိုးကြမည့် ဆောင်းသီးထပ်တွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့သည်လည်း အရေးကြီးသီးနှံများဖြစ်၍ နှစ်သီးစလုံး အောင်မြင်မှသာ တောင်သူများ၏ဝင်ငွေ ကောင်းနိုင်ပါမည်။

    မိုးစပါးအပြီး ဆောင်းသီးထပ် ပဲမျိုးစုံ အဓိက စိုက်ပျိုးကြသော မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးကာစ၊ တာလပတ်၊ ပလပ်စတစ်များ အရန်အသင့်ထားစုဆောင်းကြရသည်။ အမိုးအကာအောက် ရောက်အောင် ပြုလုပ်ကြရသည်။ဤအဆင့်တွင်လည်း လေဒဏ်၊ ရေဒဏ်၊ မိုးဒဏ်၊ ကြွက်၊ ဖျက်ပိုးဒဏ် ကင်းစေရန် ဆိုင်လိုကဲ့သို့ သိုလှောင်ကန်ကြီးများရှိလျှင် ဆန်ကောင်းရမည်။ 

    အလေအလွင့်လည်း နည်းပါးမည်။စပါးရိတ်သိမ်းခြွေလှေ့မှု စနစ်မကျခြင်းသည် လယ်တစ်ဧကလျှင် စပါးသုံးတင်းအထက် လေလွင့်ဆုံးရှုံးမှုရှိသည်။ မိုးစပါးမှာ ဧက ၁၀ သန်းအထက် (၁၅ သန်းခန့်) စိုက်ပျိုးနေကြ၍ လူဦးရေ သုံးသန်းကျော် တစ်နှစ်စာ စားသုံးနိုင်သော စပါးတင်း သန်း ၅၀ ခန့် ဆုံးရှုံးနိုင်ပါသည်။စပါးသိုလှောင်မှုမှာလည်း သမားရိုးကျသိုလှောင်နေခြင်းသည် ဖုန်၊ ခဲ၊ သဲပါရှိနေသေးသည်။ သန့်စင်စက်များ အသုံးပြုလျှင်ဖုန်၊ ခဲ၊ သဲ ကင်းစင်သည်။စပါးရိတ်သိမ်းမှု၊ ခြွေလှေ့နေလှန်းအခြောက်ခံမှုစနစ် မမှန်ခြင်းသည် ဆန်ကျိုး၊ဆန်ကြေ၊ ဆန်ဝါ၊ ဆန်အရောင်ပျက် ဖုန်၊ခဲ၊ သဲပါသောဆန် ဖြစ်နိုင်ပြီး စားသုံးရာတွင် မကောင်းသည့်ဆန်၊ ရောင်းချရာတွင် ဈေးမရသည့်ဆန်၊ ရောင်းပန်းမလှသည့် ဆန်၊ အဆင့်မမီသည့်ဆန်ဖြစ်ပြီး ရေရှည်တွင် ပြည်ပဆန်ဈေးကွက် ပျက်သွားစေနိုင်ပါသည်။

    - ကိုရဲ(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    -----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ်  ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
9
comments
0
views
3408