cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှေးရိုးစွဲ မေမေဗိုက်ကလေးများအတွက် နာနတ်သီးစားသုံးခြင်းအသိပညာ

. ကျန်းမာရေးဆောင်းပါးများ
ယခုအချိန်မှာ နာနတ်သီးများလှိုင်လှိုင်ပေါလာပြီဆိုတော့ နာနတ်သီးကြိုက်တတ်တဲ့ မေမေဗိုက် လေးများအတွက် ဗဟုသုတအနေနဲ့ ရေးသားဖော်ပြလိုက်ရပါတယ်။ ကိုယ်ဝန်ဆောင် နေချိန်မှာရှေးရိုးစွဲ မေမေတိုင်း စိတ်ပူတတ်တဲ့ အကြောင်းအရင်းတစ်ရပ် ရှိပါတယ်။ ဒါကတော့ နာနတ်သီးလေး စားလိုက်ရင် ငါ့ရဲ့ကလေးများထိခိုက်သွားမလားဆိုတဲ့ အချက်ပါ။
  • နာနတ်သီးမှာ ဗီတာမင် နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင် မေမေတို့ကို ကျန်းမာစေနိုင်ပါတယ်။ အဆီပါဝင်မှုနည်းပြီး အမျှင်ဓာတ်နဲ့ အာဟာရကြွယ်ဝတဲ့ စားစရာ တစ်ခုပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ နာနတ်သီးကို အများကြီးမဟုတ်ရင်တောင် အသင့်အတင့်လောက် စားပေးလို့ရပါတယ်နော်။ 

    ဗီတာမင်စီ 

    ဗီတာမင် စီ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေကို ကိုယ်ခံအားတိုးစေနိုင်ပြီး ဆဲလ်တွေ ထိခိုက်ပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ကလေးရဲ့ အသားအရေ၊ အရိုးနု၊ အရိုး နဲ့ အရွတ်တွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက်လည်းထောက်ပံ့ပေးနိုင်ပါတယ်။ တစ်နေ့ကို နာနတ်သီး တစ်ကွင်းစာ လောက်တော့ စားလို့ရပါတယ်နော်။ 

    မဂ္ဂနိစ် 

    မဂ္ဂနိစ်ဆိုတာ အရိုးဖွံ့ဖြိုးမှုနဲ့ အရိုးပါးမှုတွေမဖြစ်အောင် ကာကွယ်ပေးတဲ့ အင်ဇိုင်းတစ်မျိုးပေါ့။ ကိုယ်ဝန်ဆောင် မေမေတို့ရော ဖိုးဖိုးဖွားဖွားတွေအတွက်ပါ လိုအပ်တဲ့ ဓါတ်တစ်ခုပါ။ 

    ဗီတာမင် B1 နဲ့ ဗီတာမင် B6 

    ဗီတာမင် B1 (သီရာမင်း)က ကြွက်သား၊ အာရုံကြောစနစ်နဲ့ နှလုံးကို ကျန်းမာစေနိုင်ပါတယ်။ ဗီတာမင် B6 (pyridoxine) ပဋိပစ္စည်းတွေကိုဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ကို အားပြည့် စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာတွေ၊ ဖျားနာတာတွေမဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ သွေးအားနည်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ 

    ကော့ပါး 

    ကော့ပါးပါဝင်တဲ့ နာနတ်သီးကဘေဘီလေးရဲ့ နှလုံးဖွံ့ဖြိုးမှု အတွက် အထောက်အကူ ပြုပေးပြီး သွေးနီဥဆဲလ်တွေဖြစ်ပေးစေဖို့လည်း အထောက်အကူပြုပေးပါတယ်။ 

    အမျှင်ဓါတ် 

    အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ 

    သံဓါတ်နဲ့ ဖောလစ်အက်ဆစ် 

    သံဓါတ်ပါဝင်တာကြောင့်သွေးနီဥဆဲလ်တွေဖြစ်ပေါ်မှုကို အားဖြည့်ပေးပြီးဖောလစ်အက်ဆစ် ပါဝင်တာကြောင့် ကလေးမှာမွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လတ်ဆတ် တဲ့ နာနတ်သီးလေးစားတာကမေမေရောဘေဘီလေးအတွက်ပါ ကျန်းမာစေနိုင်တာပါ။ 

    နာနတ်သီးစားခြင်းရဲ့ကောင်းကျိုးတွေကတော့ 

    နာနတ်သီးက စိတ်ကြည်လင်လန်းဆန်းစေနိုင်သလို စိတ်ခံစားမှုလည်းကောင်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ စိုးရိမ်ပူပန်မှု၊ စိတ်ဓါတ်ကျမှု၊ အားငယ်မှုတွေကို သိသိသာသာ သက်သာစေနိုင်မှာပါ။ 

    ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့သွေးတိုးဝေဒနာကင်းဖို့အတွက်လည်း နာနတ်သီးကို စားပေးလို့ ရပါတယ်။ နာနတ်သီးမှာပါတဲ့ bromelain ကသွေးကျဲစေပြီး သွေးတိုးကျစေနိုင်သလို သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ 

    သတိပြုရမယ့်အချက်လေးတွေကတော့ 

    ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ နာနတ်သီးစားမယ်ဆိုရင် အခုပြောတဲ့ ပမာဏအတိုင်း စားပေးလို့ရပါတယ်။ 

    • ကိုယ်ဝန်ဆောင်ကာလ ပထမ သုံးလပတ်အတွင်း လုံးဝမစားပါနဲ့။ 
    • ကိုယ်ဝန်ဆောင်ကာလ ဒုတိယ သုံးလပတ်အတွင်း တစ်ခါစားရင် ၅၀ ဂရမ်ကနေ ၁၀၀ ဂရမ်လောက်ပမာဏကို တစ်ပတ် ၂ ကြိမ်ကနေ ၃ကြိမ်အထိစားလို့ရပါတယ်။ 
    • ကိုယ်ဝန်ဆောင်ကာလ တတိယ သုံးလပတ်အတွင်း တစ်ခါစားရင် နည်းနည်းချင်းစီနဲ့ တစ်ပတ်ကို ၂၅၀ ဂရမ်စားပေးလို့ရပါတယ်။ နာနတ်သီးက စိမ်းမနေဖို့နဲ့ အမှည့်လွန်မနေဖို့တော့ သတိထားရပါမယ်။ 

    ကိုယ်ဝန်ဆောင်တွေမေမေတို့ရေ အရသာရှိတဲ့နာနတ်သီးလေးစားရင်း အခုပြောခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုရယူလိုက်ပါနော်...

    ------

    Hello ဆရာဝန် ဆောင်းပါးမှ ကူးယူဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
7
comments
1
views
3286