ငါးကန်မျက်နှာပြင်တွင် အနီရောင်အလွှာ ဖြစ်ပေါ်လာခြင်းနှင့်ဖြေရှင်းနည်း
ငါးမွေးကန်များတွင် ကန်ရေ၏အရောင်သည် အစိမ်းနုရောင်၊ အစိမ်းရောင် ဖြစ်လာစေရန် ငါးမွေး တောင်သူများသည် ကန်ပြင်ဆင်ခြင်းလုပ်ငန်းတွင် မြေဩဇာထည့်သွင်းခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။ အချို့သောတောင်သူများသည် ပဲဖတ်ရေပက်ခြင်းဖြင့်လည်း ပဲဖတ်ကျွေးမွေးခြင်းကြောင့်လည်းကောင်း ကန်ရေ၏အရောင်သည် အစိမ်းရောင်၊ အစိမ်းနုရောင်နှင့် အစိမ်းရင့်ရောင်များ ဖြစ်ပေါ်လာကြပါသည်။ ဒေသ အခေါ် ရေဩဇာရရှိခြင်းကို ဆိုကြပါသည်။ ငါးမွေးမြူခြင်းနည်းပညာအရ သဘာဝအစာ ပေါက်ဖွားလာခြင်း (အပင်မျှောလှေး)ဟု ဆိုကြပါသည်။ အဆိုပါအချိန်တွင် ငါးနှင့်ရေသတ္တဝါများအတွက် သဘာဝအစာရရှိနေ ခြင်းနှင့် နေ့အချိန်တွင် ကန်အတွင်း ပျော်ဝင်အောက်စီဂျင် ရရှိနေခြင်းတို့ကြောင့် ကောင်းမွန်သောအခြေအနေ ဟုဆိုနိုင်ပါသည်။
သို့သော် ရာသီဥတုပြောင်းလဲခြင်းတို့နှင့် အဝီစိတွင်းရေ သုံးသောငါးမွေးကန်များတွင် ကန်ရေ၏ မျက်နှာပြင်ပေါ်တွင် အနီရောင်အလွှာများ ဖြစ်ပေါ်တတ်ပါသည်။ အဆိုပါအခြေအနေတွင် အချို့တောင်သူများ သည် ထုံးပက်မိပါက ကန်ရေချဉ်ဖန်နှုန်း မြင့်တက်ခြင်းများ နှင့် ကန်ရေအနီရောင် ရင့်လာခြင်းများပိုမိုလာပြီး ငါးများအတွက် ထိခိုက်နိုင်ပါသည်။ ကန်ရေအနီရောင် အလွှာဖြစ်ပေါ်လာပါက အောက်ပါအတိုင်းဖြေရှင်း ဆောင်ရွက်နိုင်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။
Ø ကောင်ရိုး (သို့မဟုတ်) ငှက်ပျောရွက်တို့ဖြင့် ပြုလုပ်ထားသည့် ကြိုးဖြင့် အနီရောင် အလွှာကို ဖယ်ရှားနိုင်သည်။
Ø တစ်ဧကအတွက် ပုလဲဓါတ်မြေဩဇာ (၆)ပိဿာမှ (၁၀)ပိဿာကို ၁၀ရက်ခြား (သို့မဟုတ် ၁၂ ရက် ခြားခန့် (၂)ကြိမ်မှ (၃)ကြိမ် ထည့် ပေးပါ။
(သို့မဟုတ်)
ကျောက်ချဉ် (၆)ပိဿာ ထည့်ပေးပါ။
ဦးစန်းအောင်
ထွက်တိုး
---------
မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း