cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကွမ်းပိုးစေးနှဲ

. ပိုးမွှား
ဥများကို အဖြူရောင်ချည်မျှင်များကဲ့သို့ ဥသည်။ ဥများသည် ဘဲဥပုံရှိပြီးအဝါဖျော့ရောင်ဖြစ်သည်။ အမ တစ်ကောင်သည် ၄င်း၏သက်တမ်းတလျှောက်အတွင်းတွင် ဥပေါင်း (၃၀၀-၆၀၀)အတွင်း ဥပြီး ဥအစုတစ်ခုတွင် ဥပေါင်း (၅-၂၀)အတွင်းပါရှိသည်။
  • ပိုးမမည်သည် ဥမှပေါက်လာပြီးနောက် ရွက်လယ်ကြောတလျှောက်၊ အရွက် အောက်မျက်နှာပြင်ရှိ ရွက်ကြောများနှင့် အကိုင်းများတွင် နေထိုင်သည်။ ပိုးမမည်သည် အဝါရောင်ရှိပြီး ဘဲဥပုံ သဏ္ဍာန်ရှိကာ မျက်လုံးမှာအနီရောင်ဖြစ်ပြီး အဖြူရောင်ဖယောင်းမှုန့်များဖြင့် ဖုံးအုပ်ထားသည်။ ပိုးမမည်အမ သည် အရွယ်ရောက်အကောင်ကြီးနှင့်ဆင်တူပြီး ပိုးမမည်အထီးသည် အမထက်ပို၍ ခန္ဓာကိုယ်ရှည်လျားသည်။ အကောင်ကြီးအမသည် (၃ မီလီမီတာ) ခန့်ရှိပြီး အထီးသည် (၄.၅ မီလီမီတာ) ခန့်ရှိသည်။ အမသည် အတောင်ပံ မပါရှိဘဲ အဖြူရောင်မှ အညိုဖျော့ရောင်ဖြစ်ပြီး အညိုရောင်ခြေထောက်များနှင့် ဥမှင်ပါရှိသည်။ အမ၏ ကိုယ်ထည်အား အဖြူရောင်ဖ‌ယောင်းများဖြင့် ဖုံးအုပ်ထားပြီး ၄င်းတို့၏ကျောဘက်တွင် မီးခိုးဖျော့ရောင်အစင်း တစ်ခုပါရှိသည်။ ဘဲဥပုံကိုယ်ထည်၏နှုတ်ခမ်းသားပတ်လည်တွင် တိုသောဖယောင်းအမျှင်များနှင့် ခန္ဓာကိုယ်၏ နောက်ဘက်ပိုင်းတွင် အနည်းငယ်ပိုရှည်သော အမျှင်တစ်စုံကိုတွေ့မြင်နိုင်သည်။

    ဖျက်ဆီးမှုလက္ခဏာ

    အပင်ငယ်များသည် ပိုးကျရောက်ဖျက်ဆီးမှုကိုခံနိုင်ရည်မဲ့သည်။ ၄င်းဖျက်ပိုးသည် အညွန့်များ၊ အဆစ် များ၊ အရွက်များနှင့် အမြစ်များအား တိုက်ခိုက်ဖျက်ဆီးသည်။ ပိုးမမည်နှင့်အကောင်ကြီးသည် အရွက်များနှင့် အညွန့်များမှ ပင်ရည်များအား စုပ်ယူသည်။ ဆိုးဝါးစွာကျ‌ရောက်ဖျက်ဆီးပါက အရွက်များဝါခြင်းနှင့် ရွက်ကြော များတောင့်တင်းခိုင်မာမှုလျော့နည်းခြင်းကို ဖြစ်စေသည်။ ထို့ပြင် အစေးများနှင့် စစ်ထုတ်ရည်များအား ပိုးကျ ရောက်မှုလက္ခဏာအဖြစ် တွေ့ရှိနိုင်သည်။ ထိုစစ်ထုတ်ရည်များကြောင့် ကြပ်ခိုးမှိုကျရောက်မှုကိုဖြစ်စေပြီး ထိုမှ တဆင့် အပင်၏အစာချက်လုပ်နိုင်မှုအား ထိခိုက်မှုဖြစ်စေသည်။

    ကာကွယ်နှိမ်နင်းနည်းများ

    ၁။ နိုက်ထရိုဂျင်မြေဩဇာအလွန်အကျွံကျွေးခြင်းမှ‌ရှောင်ကြဉ်ပါ။

    ၂။ စိုက်ခင်းအနီးရှိ ပေါင်းမြက်များအား ဖယ်ရှားရှင်းလင်းပါ။

    ၃။ပိုးကျရောက်မှုမဆိုးဝါးသေးပါက လက်ဖြင့်ကောက်ယူဖျက်ဆီးပစ်ခြင်း (သို့) အပင်ထိခိုက်မှုမရှိစေဘဲ ရေဖြင့် ပက်ဖျန်းခြင်း ပြုလုပ်ပါ။

    ၄။ ပိုးကျရောက်မှုဆိုးဝါးပါက ပိုးသတ်ဆေးအနေဖြင့် ဆေးအဆိပ် (အဘာမက်တင်, ပိုင်မီထရိုဇင်း)ပါသော ဆေးနှစ်မျိုးအား ဆေးဘူးပါအညွှန်းအတိုင်းရောစပ်အသုံးပြု၍ ဆေးတစ်ပုံးလျှင် ဆပ်ပြာမှုန့် (၂)ဇွန်းခန့်ကိုပါ ရောစပ်၍ ပက်ဖျန်းနှိမ်နင်းပါ။

    ထွက်တိုး

    References

    https://vikaspedia.in/.../ipm.../betelvine-insect-pests

    https://www.planetnatural.com/.../house.../mealybug-control/

    https://ncipm.icar.gov.in/.../BulletinMealybugsEnglish_.pdf

    http://researchjournal.co.in/.../RKE%2012(1)/12_17-20.pdf 

    ----


  • article
likes
7
comments
0
views
2557