သတိမထားမိပါက အသီးမတင်တော့သည်အထိ ဖြစ်စေတတ်တဲ့ မာလကာမှိုရောဂါအကြောင်း
အပူပိုင်းနှင်သမပိုင်းတွင်ပိုမိုကျရောက်တတ်ပြီး ရောဂါဖြစ်စတဲ့ သက်ရှိမှာ Cephaleuros virescens ဟုခေါ်သော ကပ်ပါးမှိုဖြစ်ပါသည်။ ပင်ပြလက္ခဏာများမှာ အရွက်ထိပ်ပိုင်း၊ အရွက်အနားနှင် ရွက်ကြောများအနီးတွင် သေးငယ်သော အညိုရောင်အစက်အပြောက်မှ စတင်ကာ တဖြေးဖြေးကြီးလာပြီး အရွက်မျက်နှာပြင်ပေါ်တွင် အကွက်လိုက်ဖြစ်လာပါသည်။ ရောဂါအကွက်ကို လက်ဖြင့်စမ်းကြည့်ပါက အနည်းငယ်ကြမ်းတမ်းနေတတ်ပါသည်။ ထို့နောက်သီးကင်းများပေါ်သို ကူးစက်သွားကာ အသီးပေါ်တွင် နေလောင်ကွက်ပုံသဏ္ဍာန်ဖြစ်လာကာ အသီးကြီးလာသည်နှင့်အမျှ အက်ကွဲလာတတ်ပြီး မဲခြောက်သွားတတ်ပါသည်။ ပြင်းထန်စွာကျရောက်လာပါက အရွက်နှင့်အသီးများ ကြွေကျခြင်းနှင့် ပကိုင်များခြောက်သွားခြင်းများကြောင့် အထွက်နှုန်းကို သိသိသာသာ ထိခိုက်စေတတ်ပါသည်။ အပူချိန် ၂၀-၃၂ ဒီဂရီစင်တီဂရိတ်နှင် စိုထိုင်းဆ ၇၀ ရာခိုင်နှုန်းထက်များ လာပါက ပြင်းထန်စွာကျရောက်လာတတ်ပါသည်။
ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -
- စိုက်ခင်းကို လေဝင်လေထွက်ကောင်းစေရန် ပြုလုပ်ပေးပါ။
- မလိုအပ်သော ကိုင်းညှပ်များနှင့် ရောဂါကျအပင်အစိတ်အပိုင်းများဖယ်ရှားဖျက်ဆီးပေးပါ။
- စိုက်ခင်းအတွင်းပေါင်းမြက်များအား ရှင်းလင်းပေးပါ။
- ဓာတုဆေးသုံးလိုပါက Copper Oxychloride၊ Metalaxyl၊ Mancozeb ကဲ့သို့သော မှိုသတ်ဆေးများ ပက်ဖျန်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
ရတနာမှ ဘာသာပြန်မျှဝေသည်။
--------
စိုက်ပျိုးရေးနှင့် ပတ်သတ်တဲ့ အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း