cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဝက်များအတွက် ဇီဝလုံခြုံရေးဆိုင်ရာ မဖြစ်မနေလုပ်ဆောင်ရမည့် အချက်များ

. ဝက်မွေးမြူနည်း
ဇီဝလုံခြုံရေးဆိုတာဟာ ကိုယ်မွေးထားတဲ့ ဝက်တွေ ကူးစက်ရောဂါမဖြစ်ရလေအောင် ကြိုတင်ကာကွယ်ခြင်းနဲ့ မတော်လို့ ကူးစက်ရင်လည်း ကူးစက်မှု အနည်းဆုံး၊ သေဆုံးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်တာကို ဇီဝလုံခြုံရေးလို့ ခေါ်ပါတယ်။
  • ၁။ ဝက်တွေအားလုံးကို ဝက်ဝမ်းကျ ကာကွယ်ဆေးနဲ့ နားရွက်ပြာ ကာကွယ်ဆေးကို အမြန်ဆုံးထိုးထားပါ။ ဆေးကုမ္ပဏီအညွန်းအတိုင်း ထိုးရမဲ့အချိန် ပြန်ရောက်လာရင် ပြန်ထိုးထားပါ။

    ၂။ ဝက်ခြံအထဲနဲ့အပြင်ကို ဆပ်ပြာရည်သုံးပြီး ခြံသန့်ရှင်းရေး နေ့စဥ်ပြုလုပ်ပေးပါ။ ပြီးနောက် မွေးမြူရေးခြံသုံး ပိုးသတ်ဆေးဖြင့်လည်း တမျိုးမျိုးကို အညွန်းအတိုင်း အသုံးပြုပြီး ဝက်ခြံအတွင်းနဲ့အပြင်ကို ၁လ လျှင် ၁ ကြိမ်ပုံမှန် ပိုးသတ်ပေးပါ။ ဆပ်ပြာရည်၊ ပိုးသတ်ဆေးတွေကို ဝက်တွေ မသောက်မိစေဖို့ သတိထားသုံးပါ။

    ၃။ ရောဂါရာဇဝင်မသိတဲ့ အရွယ်မျိုးစုံ ဘယ်ဝက်ကိုမှ ဝယ်ပြီး မမွေးပါနဲ့။ မျက်စိထဲမှာ ကောင်းနေတယ်ထင်နေပေမဲ့ ရောဂါဖြစ်မဖြစ် မသိနိုင်တဲ့အတွက် ဝယ်မဲ့ခြံ/အိမ် မှာရှိတဲ့ ဝက်တွေရဲ့ ရာဇဝင်ကို သေချာဆန်းစစ်ပီး မှ ဝယ်မွေးပါ။

    ဝက်နာအကျများနေတဲ့အချိန်မှာ ကိုယ့်အိမ်ပေါက်ဝက်ကလွဲပြီး တခြားနေရာက ဝက်တွေကို ဝယ်မမွေးသင့်သေးပါ။

    ၄။ ရာဇဝင်မသိတဲ့ ဘယ်ဝက်သားကိုမှ ဝယ်မစားပါနဲ့။ (ကိုယ့်ရွာထဲက ဝက်သားပေါ်လို့လာရောင်းရင်တောင် ဘာလို့ပေါ်ရောင်းသလဲ၊ ဆိုတာသေချာသိမှ ဝယ်စားချင်ဝယ်စားပါ။ အခြားနေရာက ဝက်သားဆိုရင်တော့ ရာဇဝင်သေချာမသိလို့ မစားတာ အကောင်းဆုံးပါ။

    ၅။ ကိုယ်အိမ်ထဲလူဝင်တာကိုကန့်သတ်ပါ။ သူစိမ်းဖြစ်စေ၊ မိမိအိမ်သားဖြစ်စေ၊ အပြင်က လာရင် အိမ်အဝမှ ခြေ၊ လက်၊ ဖိနပ်ကို ဆပ်ပြာနဲ့အထပ်ထပ်ဆေးခိုင်းပြီးမှ ပိုးသတ်ဆေးရည်( သို့မဟုတ် အနိမ့်ဆုံး) ထုံးမှုန့် ဖြူးထားတာ ကို နင်းစေပီးမှ အိမ်ထဲဝင်ပါ။ မလိုအပ်ရင် ဝက်ခြံဘက် မသွားစေပါနဲ့။

    ၆။ မိမိဝက်ဖြစ်စေ၊ သူများဝက်ဖြစ်စေ “ ကိုယ်ပူ၊ မှိုင်၊ အစာမစား၊ ဝမ်းချုပ်၊ ဆီးချုပ်(တချို့ဆီးမချုပ်)” စတဲ့အချက် ၄ ချက်ဖြစ်စေ၊ ၅ ချက်စလုံးဖြစ်စေ ၁ရက်ထက် ပိုတွေ့နေရပြီ ဆိုရင် အဲဒီဝက်ဟာ ကူးစက်ရောဂါ တမျိုးမျိုး ဖြစ်နေပြီလို့ သိလိုက်ပါ။ (ဘာရောဂါဖြစ်တယ်ဆိုတာ တိတိကျကျ သိဖို့က ရက်နည်းနည်းကြာမှ သိမှာပါ။) ဘာဘဲဖြစ်ဖြစ် ဒီလက္ခဏာလေးတွေတွေ့ရပြီဆိုရင် ဖြစ်နေတဲ့ဝက်ကို တခြားနေရာမှာ သီးသန့်ခွဲထားပြီး တိကုဆရာဝန် (သို့) တတ်ကျွမ်းသူကိုခေါ်ပြီး (တတ်ကျွမ်းသူခေါ်ရခက်ရင် မိမိဘာသာဆေးကုရမဲ့ အခြေအနေဆိုရင်လည်း)  စိတ်ရှည်လက်ရှည်ကုပါ။ ဆိုလိုတာက ရှင်ရင်လည်းရှင်တဲ့အထိ ကုပါ။ သေရင်လည်းသေတဲ့ အထိကုပါ။

    #ဆေး၂-၃ ရက်ကုလို့ မထူးခြားဘူးဆိုပြီး ရောင်းတာ၊ပေါ်လိုက်တာတွေ မလုပ်ပါနဲ့။ တချို့ရောဂါတွေက ချက်ခြင်းကြီး ပြန်မကောင်းပေမဲ့စိ တ်ရှည်ရှည်ဆေးကုရင် ပြန်ကောင်းပါတယ်။

    ၇။ ဆေးကုရင်းနဲ့သေသွားတဲ့ဝက်ကို အကောင်လိုက်ရောင်းတာဖြစ်စေ၊ ပေါ်ရောင်းတာဖြစ်စေ၊ လွင့်ပစ်လိုက်တာဖြစ်စေ မလုပ်ပါနဲ့။ သေတဲ့အကောင်တွေကို ကျင်းနက်နက်တူးမြှုပ်ပါ။

    ၈။ သေသွားတဲ့ ခြံထဲနဲ့ခြံပတ်ဝန်းကျင်ကို ခြံပိုးသတ်ဆေးဖြစ်စေ၊ ထုံးမှုန့်ဖြစ်စေ တပတ်ကို ၁ကြိမ်လောက်၊ ၄ ပတ်လောက်လုပ်ပီးမှ ဝက်ပြန်ထည့်မယ်ဆို ပြန်ထည့်ပါ။

    #အထက်ပါအချက်တွေထဲက (၁) ကနေ (၅) က ရောဂါမဖြစ်သေးမှီမှာ ကြိုတင်လုပ်ဆောင်တာဖြစ်ပီး (၆) ကနေ (၈) ကတော့ ရောဂါဖြစ်ပီဆိုရင် ကူးစက်မှုအနည်းဆုံးနဲ့ အသေအနည်းဆုံး ဖြစ်အောင်လုပ်ဆောင်တာပါ။

    #ဇီဝလုံခြုံရေးကို ကိုယ်လည်းလိုက်နာ၊ တခြားသူတွေကိုလည်း သဘောပေါက်အောင်ရှင်းပြပြီး အားလုံးဝိုင်းလုပ် ရမှာဖြစ်ပါတယ်။

    ------------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
likes
6
comments
0
views
1031