cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်း နိုဝင်ဘာ ၁၂ ရက် မှ နိုဝင်ဘာ ၁၈ ရက်အထိမိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
မကွေးတိုင်းအလယ်ပိုင်းမြို့နယ်များရဲ့ လေထုစိုထိုင်းဆ ၅၀% မှ ၆၀% ခန့်ရှိနိုင်ပြီး၊ တောင်ကုန်းထူထပ်သည့်ဒေသများ၊ ဧရာဝတီမြစ်ကမ်းအနီးဒေသများမှာ လေထုစိုထိုင်းဆ ၈၀% အထက်အထိ ရှိနိုင်ပါမယ်။ မကွေးတိုင်းဒေသအားလုံးမှာ ညပိုင်းနှင့် နံနက်အစောပိုင်းလေထုစိုထိုင်းဆများသည် ၉၀% ရှိနေနိုင်ပါတယ်။
  • ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·         တောင်တရုတ်ပင်လယ်အရှေ့မြောက်ပိုင်းမှ ထိုင်ဝမ်နိုင်ငံကိုဦးတည်ရွေ့လျားလျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း FUNG WONG သည် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ထိုင်ဝမ်ကျွန်းကိုဖြတ်ကျော်တိုက်ခတ်ပြီးနောက် နိုဝင်ဘာ ၁၄ ရက်နေ့၌ အရှေ့ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားနိုင်ပါသည်။ 

    ·         ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း သီရိလင်္ကာနိုင်ငံအရှေ့ဘက်မှာ နိုဝင်ဘာ ၂၃ ရက်နေ့ဝန်းကျင်၌ လေဖိအားနည်းရပ်ဝန်း တကြိမ်ဖြစ်ပေါ်နိုင်ပြီး အနောက်ဘက် အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်နှင့် သီရိလင်္ကာနိုင်ငံတို့ဘက်သို့ဦးတည်ရွေ့လျားနိုင်ကြောင်းတွေ့ရပြီး မြန်မာနိုင်ငံအပေါ်သက်ရောက်မှု တစုံတရာရှိနိုင်မည် မဟုတ်ပါ။ 

    မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြိုတင်ခန့်မှန်းချက် 

    ·         မကွေးတိုင်းအတွင်းမှ ဂန့်ဂေါ၊ ဆော၊ ပေါက်၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ချောက်၊ နတ်မောက်၊ မကွေးမြို့(မကွေးတိုင်းအလယ်ပိုင်း)၊ တောင်တွင်းကြီး၊ ဆင်ပေါင်ဝဲ၊ မင်းဘူး၊ ပွင့်ဖြူ၊ စေတုတ္တရာ စသည့် ခရိုင်/မြို့နယ်များမှာ မိုးရွာသွန်းနိုင်သည့်အခြေအနေ အနည်းငယ်သာရှိနိုင်ပြီး နံနက်အစောပိုင်းအချိန်များတွင် မြူဆိုင်းပြီးနောက်ရရှိတတ်သည့် မြူနှင်းမိုးစက်မျှရှိသော မိုးရေချိန်သာရရှိနိုင်ပါတယ်။ 

    ·         ၇ ရက်မိုးရေချိန် ၀.၁ လက်မ (၁ လက်မ၏ ၁၀ ပုံ ၁ ပုံအောက်သာ) ရရှိနိုင်ပြီး မိုးအလွန်နည်းနေနိုင်ပါမယ်။ အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·         ယခု ၁ ပတ်အတွင်း မကွေးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၀°C ရှိနိုင်ပြီး၊ ခံစားရသည့်အပူချိန် (Feels Like Temperature) ၃၅°C ခန့်ရှိနိုင်ပါမယ်။ 

    ·         မကွေးတိုင်းအလယ်ပိုင်းမြို့နယ်များရဲ့ လေထုစိုထိုင်းဆ ၅၀% မှ ၆၀% ခန့်ရှိနိုင်ပြီး၊ တောင်ကုန်းထူထပ်သည့်ဒေသများ၊ ဧရာဝတီမြစ်ကမ်းအနီးဒေသများမှာ လေထုစိုထိုင်းဆ ၈၀% အထက်အထိ ရှိနိုင်ပါမယ်။ မကွေးတိုင်းဒေသအားလုံးမှာ ညပိုင်းနှင့် နံနက်အစောပိုင်းလေထုစိုထိုင်းဆများသည် ၉၀% ရှိနေနိုင်ပါတယ်။ 

    ·         မကွေးတိုင်းရဲ့ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI level) 100-140 Good to Moderate Range မှာ ရှိနိုင်ပြီး သာမန်အားဖြင့်အန္တရာယ်ရှိသည့် level မဟုတ်သော်လည်း အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းသူများအတွက် သတိပြုသင့်သည့် အခြေအနေဖြစ်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးတောင်သူများအတွက် 

    ရွက်လိပ်ရွက်ကပ်ပိုးကာကွယ်ရန်စိုက်ပျိုးရေးအကြံပြုချက် 

    မြေပဲတွင်ရွက်လိပ်ရွက်ကပ်ပိုးကျရောက်ပါက အရွက်များအတွင်းအိမ်ဖွဲ့စားသောက်ကြသဖြင့် အရွက်များခြောက်၍ကြွေကျသွားတတ်ပါသည်။ 

    ကာကွယ်နှိမ်နင်းလမ်းများမှာ- 

    • ပဲမျိုးရင်းဝင်မဟုတ်သောအပင်များဖြင့် သီးလှည့်စိုက်ပျိုးပါ။ 
    • စိုက်ချိန်စော၍စိုက်ပါ။ 
    • ပေါင်းပင်များ၊ ပင်ကြွင်းပင်ကျန်များအားမီးရှို့ဖျက်ဆီးပါ။ 
    • ပုလဲမြေသြဇာတမျိုးတည်းသုံးစွဲခြင်းမှရှောင်ကျဉ်ပြီး N:P:K မြေသြဇာများကို စနစ်တကျ အချိုးကျသုံးစွဲပေးပါ။ 
    • ဓာတုပိုးသတ်ဆေးသုံးစွဲမည်ဆိုပါက ဒိုင်မီသိုအိတ် (Dimethoate) ၊အက်စီတာမီပရစ် (Acetamiprid)၊ အဆီဖိတ် (Acephate)၊ သိုင်ရာမီသိုဇမ် (Thiamethoxam) ပိုးသတ်ဆေး တစ်မျိုးမျိုးကို တစ်ပတ်ခြားတစ်ကြိမ်စီ ပက်ဖျန်ပေးပါ။  

    ရာသီဥတုပြောင်းလဲခြင်းကြောင့် ငါး၊ ပုစွန်မွေးမြူသူများ သတိပြုရန် 

    ၂၀၂၅ ခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ်မှစတင်ပြီး မြနိမာနိုင်ငံ၏ ရာသီဥတုသည် လာနီညာရာသီ ဥတုဖြစ်ပေါ် နိုင်သည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားပါသည်။ လာနီညာ ရာသီဥတု သဘောသဘာဝမှာ အေးပြီးစွတ်စိုတတ်ပါသည်။ တခါတရံ မိုးရွာစွာ ရွာတတ်သည်။ ထို့ကြောင့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ကန်ရေ အပူချိန်ကျဆင်းခြင်း နှင့် ပျော်ဝင်အောက်စီဂျင် လျော့နည်းခြင်းများ ကြုံတွေ့နိုင်ပါသည်။ သတိပြုရပါ။ နှင်းများစွာကျရောက်သော မနက်ပိုင်းတွင်လည်း ငါးများ ကန်ရေမျက်နှာပြင်အထိ တက်ရောက် အသက်ရှူခြင်းများတွေ့ရှိရပါမည်။်။ 

    အဆိုပါအခြေအနေမျိုးတွင် ကြုံတွေ့ပါက ည (၁၂)နာရီကျော်လွန်သော အချိန်တွင် ငါး ပုစွန်မွေးမြူရေး ကန်၏ ရေကိုလှုပ်ရှားပေးရန်လိုအပ်ပါသည်။ ကန်အောက်ခြေရှိရေကို စုပ်ယူပြီး ရေပြန် ပြန်ချခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်မှသာ ကန်အတွင်းပျော်ဝင်အောက်စီဂျင်ရရှိနိုင်ပါမည်။ 

    -------------    

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12    

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို    

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.    

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
1
comments
0
views
661