ဝဥအစို အဝယ်ရပ်၍ ဈေးအနည်းငယ် ကျဆင်း
တရုတ် နှစ်သစ်ကူးချိန် ဝဥအစို အဝယ်ရပ်ထားသောကြောင့် ဈေးကျဆင်းသွားကြောင်း ကုန်သည် တချို့ထံမှ သိရပါသည်။
တရုတ်နှစ်သစ်ကူးချိန် တရုတ်ကုန်သည်များက အရောင်းအဝယ် ရပ်ထားကြသည့်အတွက် အချို့ အရောင်းအဝယ်ကိစ္စများမှာ အချိန်ကြန့်ကြာမှုများရှိသည့်အတွက် အရောင်းအဝယ်များ ရပ်နားထားခြင်း ဖြစ်ကြောင်း သိရပါသည်။
သို့သော် ယခုနှစ် ဝဥစျေးမှာ ယခင်နှစ်များထက် စျေးကောင်းနေကြောင်း ကုန်သည်များထံမှ သိရပါသည်။
“တရုတ်တွေက နှစ်ကူးရင် အလုပ် မလုပ်ကြဘူး၊ ကိုယ်တင်ပို့လိုက်မှ အရောင်းအဝယ် ကြာသွားရင် ဝဥက ကြာရှည်မခံဘူး၊ အရှုံးပေါ်နိုင်တယ်၊ ဒါကြောင့် အရောင်းအဝယ်တွေ ခေတ္တ ရပ်ထားတဲ့ သဘောပါ။ ရပ်ထားလို့ ခဏအေးသွားတာ။” ဟု ချင်းပြည်နယ်မှ ဝဥကုန်သည် တစ်ဦး ပြောသည်။
ယခင်က ဝဥတစ်ပိဿာလျှင် ၄၀၀၀ ကျော် ထိ ရရှိခဲ့ပြီး လက်ရှိတွင် ၂၅၀၀ ဝန်ကျပ်သာ ပေါက်ဈေးရှိတော့ကြောင်း သိရပါသည်။
ထို့အပြင် တင်ပို့မှု လမ်းကြောင်းများတွင် အဆင်မပြေမှုများကြောင့် သယ်ယူပို့ဆောင်ရေးတွင်လည်း အခက်အခဲရှိကြောင်း သိရပါသည်။
“၂၀၂၅ ခုနှစ် ဝဥ စိုက်ပျိုးထားသူဟာ သေချာပေါက် စျေးကောင်းရမှာ၊ စိုက်ပျိုးဧက နည်းလာခြင်းက ယခုစိုက်ပျိုးမယ့်သူတွေအတွက် စျေးကွက်ခိုင်မာစေတယ်။ “ ဟု ဝဥကုန်သည်တစ်ဦးက ပြောသည်။
ဝဥအစိုများကို ပွဲရုံနှင့် စက်ရုံများက ဝဥအခြောက် ပြုလုပ်ကာ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ နှင့် နောက်ပိုင်း ဝဥခြောက်စျေးများ မြင့်တက်လာနိုင်ပြီး စျေးကွက်ကောင်းလာနိုင်ကြောင်း သုံးသပ်ကြသည်။
ဖိုးချဲ(AMIA)
Exclusive content for Htwet Toe
----------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price