သီးနှံပေါက်စျေးကို ဘယ်လိုကြည့်မလဲ။
- သီးနှံပေါက်စျေးကို လပြည့်လကွယ်၊ အစိုးရရုံးပိတ်ရက်မှလွဲပြီး - နေ့စဥ် တင်ဆက်ပေးနေပါတယ်။ - သီးနှံပေါက်စျေးကြည့်နည်းကို နားလည်လွယ်အောင်ပုံတွေနဲ့ဖော်ပြပေးလိုက်ပါတယ်။ 
 
- အဆင့် (၁)။ ထွက်တိုး စိုက်/မွေး ဖုန်းဆော့ဝဲထဲဝင်ပါ။ “ပေါက်စျေး”ကိုနှိပ်ပါ။ - အဆင့် (၂)။ တည်နေရာအားလုံးကြည့်နိုင်သလို မိမိသိလိုသောတည်နေရာကို ရွေးနိုင်ပါတယ်။ 
 
- အဆင့် (၃)။ သီးနှံပေါက်စျေးကို တိုင်းဒေသ တော်တော်များများမှာဖော်ပြပေးထားပါတယ်။ ငါး/ပုစွန် ပေါက်စျေးကိုတော့ မွန်ပြည်နယ် နှင့် ရန်ကုန်တိုင်း (ရွှေပိတောက်ငါးစျေး) မှဖော်ပြပေးထားပါတယ်။ - အဆင့် (၄) မြို့နယ် အလိုက် ရရှိထားသော သီးနှံပေါက်စျေးများကို ဖော်ပြပေးထားပါတယ်။ ငါးစျေးနှုန်းများကို အောက်တွင် တွေ့နိုင်ပါသည်။ 
 
- အဆင့် (၅) လွန်ခဲ့သောရက်သတ္တပတ်က ပေါက်စျေးကို သိလိုပါက “နေ့စွဲ”ကို နှိပ်ပြီး မိမိသိလိုသောရက်ကိုရွေးပြီး ကြည့်ရှုနိုင်ပါတယ်။ - အဆင့် (၆) ထိုရက်တွင်ဖြစ်ပေါ်ခဲ့သော ပေါက်စျေးကို ဖော်ပြပေးထားပါတယ်။ 
 
- သီးနှံပေါက်စျေးကြည့်ရှုရာတွင် ပြဿနာတစုံတရာရှိပါက ထွက်တိုး တောင်သူ အကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ဆက်သွယ်နိုင်ပါတယ်။ 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
