cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ခရမ်းချဉ်ဈေးနှုန်း သုံးသပ်ခန့်မှန်းချက်

. Market Analysis
ယခင်လ (ဇန်နဝါရီလ)နှင့် ယခုလ (ဖေဖော်ဝါရီလ)နှိုင်းယှဉ်ခြင်း၊၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အလိုက်ဈေးနှုန်း ဖော်ပြခြင်း နှင့်သုံးသပ် ခန့်မှန်းချက် များကို အသေးစိတ်ဖတ်ရှုနိုင်ပါပြီ။
  • ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ခရမ်းချဉ်သီးနှံ၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ် ပျမ်းမျှ ဈေးနှုန်း ကိုလေ့လာသော် တစ်သေတ္တာလျှင် ၂၀,၀၀ဝိ/-ကျပ်မှ ၂၅,၀၀ဝိ/-ကျပ်၊ အသီးသီးဈေးဖြစ်နေပါတယ်။  


    ယခင်လ (ဇန်နဝါရီလ)နှင့် ယခုလ (ဖေဖော်ဝါရီလ)နှိုင်းယှဉ်ခြင်း


    ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပျမ်းမျှဈေးနှုန်းအား ယခင် ဇန်နဝါရီလ ပျမ်းမျှဈေးနှုန်းဖြင့် နှိုင်းယှဉ်သော် ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ  ခရမ်းချဉ်ဈေးနှုန်းမှာ ယခင်လထက် တစ်သေတ္တာလျှင် ၉,၈၅၀/-ကျပ် ဈေးကျ နေတာကို တွေ့ရပါတယ်။  


    ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အလိုက်ဈေးနှုန်း ဖော်ပြခြင်း


    ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ နိုဝင်ဘာလ ပထမပတ်အထိ ခရမ်းချဉ် တစ်သေတ္တာ ပျှမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၆,၆၆၉/-ကျပ်၊ မတ်လတွင် ၂၂,၄၂၀ိ/-ကျပ်၊ ဧပြီလတွင် ၂၅,၃၂၅/-ကျပ်၊ မေလတွင် ၃၆,၈၅၀ိ/-ကျပ်၊ ဇွန်လတွင် ၄၀,၆၁၃/-ကျပ်၊ ဇူလိုင်လတွင် ၃၉,၃၂၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၃၉,၇၆၀ိ/-ကျပ်၊ စက်တင်ဘာလတွင် ၅၅,၅ဝ၀ိ/-ကျပ်၊ အောက်တိုဘာလတွင် ၃၈,၁၄၀ိ/-ကျပ်၊ နိုဝင်ဘာ လတွင် ၄၇,၅၃၅/-ကျပ်၊ ဒီဇင်ဘာလတွင် ၅၇,၇၆၆/-ကျပ်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ၂၉,၈၅၀ိ/-ကျပ်၊ ဖေဖော်ဝါရီလတွင် ၂၀,ဝဝဝိ/-ကျပ်၊ ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။


    သုံးသပ် ခန့်မှန်းချက်


    သုံးသပ်ချက်အနေဖြင့် ခရမ်းချဉ်ဈေးကျနေတာကို တွေ့ရပါတယ်။ အကြောင်းကတော့ မြေပြန့် ခရမ်းချဉ်၊ ကိုင်းခရမ်းချဉ်၊ အင်းလေးခရမ်းချဉ်၊ ထိုင်ဝမ်ခရမ်းချဉ်အစရှိတဲ့ ဒေသစုံမှ ခရမ်းချဉ်များဝင်ရောက် နေသောကြောင့် ဈေးကျနေရခြင်းဖြစ်ပါတယ်။

    ဖေဖော်ဝါရီလအတွင်း ဈေးဆက်လက်ကျဆင်းနိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။


    ဦးပြည့်ဖြိုးအောင်

    ထွက်တိုး

    --------

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
2
comments
0
views
1114