cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. Market Analysis
ကုလားပဲ၊ ပဲပုပ်၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပြောင်း၊ ကြက်သွန်နီ တို့၏ စျေးကွက်အခြေအနေ သုံးသပ်ချက်
  • (၂၄. ၂ . ၂၀၂၅ မှ ၂၈. ၂. ၂၀၂၅)

    ကုလားပဲ

    ကုန်စည်ဒိုင်တွေကို ကုလားပဲ(လုံးဖြူကြီး)က အသစ်ဝင်ရောက်မှုရှိခြင်း၊ ပဲခွဲစက်နဲ့ ပဲကြော်၊ လှော်လုပ်ငန်းသမားတွေ အဝယ်ပုံမှန်ရှိခြင်းကြောင့် မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ တစ်အိတ်ကို ၂၃၀၀၀၀ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။

    ကုလားပဲ(လုံးဝါကြီး)က‌တော့ ပဲခွဲစက်သမားအဝယ်နည်းတာကြောင့် တစ်အိတ် ၂၃၀၀၀၀ကျပ်ဈေးပေါက်ရာကနေ ၂၂၀၀၀၀က် ကျပ် ဈေးကျလာပါတယ်။

    ကုလားပဲခွဲခြမ်းကတော့ အလှူပွဲတွေ နည်းပါးခြင်းကြောင့် အရောင်းအဝယ်အေးပြီး အရင်အပတ်ကအတိုင်း ၁ ပိဿာ ၆၀၀၀ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။

    ပဲပုတ်

    ဒီတစ်ပတ်မှာတော့ ပဲပုတ် ဈေးတန်းအေးနေပါတယ်။ ပဲပုတ်(မြန်မာ)ကလက်ရှိမှာ ကုန်စည်ဒိုင်တွေကို ဆောင်းပဲအသစ်တွေ အဝင်နည်းခြင်း၊ လုပ်ငန်းသမားသာအဝယ်ပုံမှန်ရှိတဲ့အတွက် အရည်အသွေးပေါ်လိုက်ပြီးဈေးအနိမ့်အမြင့်ရှိနေပါတယ်။

    ပဲပုတ်(ရှမ်း)က‌ေတာ့ဈေးကွက်အတွင်းကို ပဲအသစ်မဝင်သေးခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်း၊ လက်ကျန်နည်းခြင်းကြောင့်ဈေးတန်းအတက်အကျမကြမ်းဘဲ ငြိမ်နေပါတယ်။

    မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ ပဲပုတ် မြန်မာက ၂၈၅၀၀၀ မှ ၂၉၀၀၀၀ ကျပ်ရှိပြီး ပဲပုတ်ရှမ်းက ၃၂၅၀၀၀ မှ ၃၃၀၀၀၀ ကျပ်ရှိပါတယ်။ 

    မတ်ပဲ

    မတ်ပဲကတော့ အခုအပတ်မှာ ဈေးတန်းထပ်တက်လာပြီး တစ်တန်ကို ကျပ်သိန်း ၃၀ ကျော်ဈေးတန်း နှစ်ရက်လောက်အထိ ရှိခဲ့ပါတယ်။

    မတ်ပဲဈေးက တစ်တန်ကို ၂၉ သိန်း ကျော် သိန်း ၃၀ ဝန်းကျင်မှာပဲ ရှိနေတာပါ။ မတ်ပဲအသစ်တွေပေါ်နေပြီး ရောင်းအားများနေသလို ပြည်တွင်းဝယ်လိုအားလည်း ကောင်းနေပါတယ်။ အိန္ဒိယကိုလည်းပုံမှန်တင်ပို့မှု ရှိနေပါတယ်။ မတ်ပဲဈေး ထပ်ပြီးတက်နိုင်မလားဆိုတာကတော့ အိန္ဒိယဈေးကွက်ပေါ် အဓိကမူတည်နေပြီး နိုင်ငံခြားငွေဈေးအတက်အကျပေါ်လည်းမူတည်နေပါတယ်။

    အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ) တစ်တန်ကို ၃၀၂၂၀၀၀ ကျပ်၊အင်္ဂါနေ့မှာ ၃၀၁၂၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၈၃၀၀၀ ကျပ်၊ ကြာသပတေးနေ့မှာ ၂၉၇၃၀၀၀ ကျပ်၊ သောကြာနေ့မှာ ၂၉၉၃၀၀၀ ကျပ်ရှိပါတယ်။ ခုတစ်ပတ်မှာ ၄၀၀၀၀ ကျော်လောက် ထပ်အတက်ပြလာပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ကို ၂၆၅၀၀၀ မှ ၂၇၅၀၀၀ ကျပ်ရှိပါတယ်။

    ပဲစဉ်းငုံ

    ပဲစဉ်းငုံကတော့ အရင်အပတ်ကထက် ဈေးတန်းအနည်းငယ်ပြန်ကျပေမယ့် သိန်း ၃၀ အထက်မှာပဲရှိနေတာ တွေ့ရပါတယ်။ ပဲစဉ်းငုံက ဈေးတန်းအေးပေမယ့် ပြည်ပတင်ပို့မှုရှိပြီး ပြည်တွင်းမှာလည်း အရောင်းအဝယ်သွက်နေပါတယ်။

    ခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လါနေ့က ပဲစဉ်းငုံနီ တစ်တန်ကို ၃၀၆၃၀၀၀ ကျပ်၊အင်္ဂါနေ့မှာ ၃၀၃၀၀၀၀ ကျပ် ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၂၂၀၀၀ ကျပ်၊ ကြာသပတေးနေ့က ၃၀၀၀၀၀၀ ကျပ်၊ သောကြာနေမှာ ၃၀၁၀၀၀၀  ကျပ်ရှိတာကြောင့် တပတ်အတွင်းမှာ ၅၀၀၀၀ ကျပ်လောက်အတက်အကျရှိခဲ့ပါတယ်။ အရင်အပတ်နဲ့သောကြာဈေးနဲ့ ခုတစ်ပတ်သောကြာနေ့ဈေးကွက် ယှဉ်ရင်တော့ ၅၈၀၀၀ ကျပ်ကျလာပါတယ်။

    မန္တလေးဈေးကွက်မှာ ခုတပတ်မှာ ပဲစဉ်းငုံနီကို ပိဿာ ၆၀ ကို၂၈၂၀၀၀ မှ ၂၈၃၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ်ကျသွားပါတယ်။

    ပြောင်း

    ခုတစ်ပတ်မှာ အစေ့ထုတ်ပြောင်း ဈေးပြန် ကျလာပါတယ်။ ပြောင်းဈေးကျပေမယ့်

    ပြောင်းဆံကို ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့နေတဲ့အပြင် တခြားပြည်ပနိုင်ငံတွေကိုပါ တင်ပို့မှုရှိနေပါတယ်။ တရုတ်နဲ့အိန္ဒိယကလည်း ပြောင်းဝယ်ဖို့ကမ်းလှမ်းမှုတွေရှိနေလို့ ပြောင်းဈေးထပ်တက်ဖို့ မျှော်လင့်ချက်ရှိနေကြပါတယ်။

    ခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၆၇၀ မှ ၁၆၈၀ မှကျပ်သာရှိပါတယ်။ အရင်အပတ်ကထက် ၂၀ ကျပ်ကျပါတယ်။

    မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာလည်း ဈေးတက်ပါတယ်။ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၃၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)က ၈၄၅၀၀ ကျပ်၊ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၅၅၀၀ ကျပ် ရှိပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်နီကတော့ ဈေးကွက်ထဲရောင်းလိုအားများနေတဲ့အတွက် ဈေးတန်းဆက်တိုက် ကျနေပါတယ်။ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ကိုလည်းကြက်သွန်ကားဝင်ရောက်မှုနေ့စဉ် အစီးရေ၂၀ အထက်မှာရှိနေပါတယ်။ကြက်သွန်ဈေးနှုန်းတွေကတော့တစ်ရက်ကို ၅၀ ကျပ်မှ ၁၀၀ ကျပ် ဈေးကျနေတာဖြစ်ပါတယ်။ဈေးကျပေမယ့်အရောင်းအဝယ်သွက်နေပါတယ်။

    ရန်ကုန်ဘုရင့်နောင်မှာ ဆိပ်ဖြူကြက်သွန်က ၁၅၅၀မွ ၂၆၅၀ ကျပ်ရှိပြီး မြစ်သားကြက်သွန်က ၂၀၀၀ မှ ၂၉၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။

    (AMIA)

    ---------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်။

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
6
comments
3
views
2833