cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မန္တလေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
လက်ရှိအခြေနေအရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်စိုက်တောင်သူများ ကြက်သွန်ဥပုပ်ရောဂါကို တွေ့ရများနိုင်ပါတယ်။
  • မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၅ မေလ ၇ ရက်နေ့မှ ၁၄ရက် နေ့အတွင်း မိုးရွာသွန်းနိုင်တဲ့ အလားအလာမရှိပဲ နေ့အပူချိန် များမြင့်တက်လာနိုင်ပါတယ်။ 

    လေရူးပွေခြင်း ကြောင့်မီးသတိပြုကြပါ။ 

    ISSUED TIME 

    07/03/2025 6:39am(MMT) 

    #တိကျမှန်ကန် 

    Su Su San 

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 

    စိုက်ပျိုးရေးအကြံပြုချက် 

     လက်ရှိအခြေနေအရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်စိုက်တောင်သူများ ကြက်သွန်ဥပုပ်ရောဂါကို တွေ့ရများနိုင်ပါတယ်။ ကြက်သွန်ဥပုပ်ရောဂါကိုကာကွယ်နှိမ်နှင်းဖို့ဆိုရင် 

    • နိုက်ထရိုဂျင် မြေသြဇာအလွန်ကျွံ မသုံးပါနဲ့။ 
    • ကြက်သွန်မတူးမီ (၂-၃) ပတ်အတွင် ရေသွင်းခြင်းကို ရှောင်ပါ။ 
    • အခြားသီးနှံများနှင့် သီးလှည့်စိုက်ပါ။ 
    • ဓါတုဆေးများအနေနဲ့ ကောပါးအောက်ဆီကလိုရိုက် နှင့် ကာစူဂါမိုင်စင် ဆေးများကိုအသုံးပြုနိုင်ပါသည်။ 

    ငါး၊ပုစွန်ကန်များအတွက် အကြံပြုချက်  

    ရာသီဥတု ပူလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။  

    • ငါး၊ပုစွန်များ ကန်ဘောင်ရေစပ်တွင်တက်နေခြင်း ရှိ/မရှိစစ်ဆေးရန်၊  
    • နေ့အချိန်တွင် ငါး ပုစွန်များ ရေမျက်နှာပြင်ပေါ်တွင် ထိတ်လန့်စွာ ကူးခတ်နေခြင်း ရှိ/မရှိ စစ်ဆေးရန်၊  
    • ကန်ရေအပူချိန် ၃၂ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေခြင်း ရှိ/မရှိ စစ်ပေးရန်၊  
    • ကန်ရေမျက်နှာပြင်ပေါ်တွင် အမြုပ်များဖြစ်ပေါ်နေခြင်း ရှိ/မရှိ စစ်ပေးရန်၊  
    • ရေအရောင်ပြောင်းလဲခြင်း (စိမ်း ၊စိမ်းရင့် ၊နီ) (ရေကြည်နှုံး ၂၀စင်တီမီတာအောက် လျော့နည်းနေခြင်း) စစ်ပေးရန်၊  

    #ဖော်ပြပါအခြေအနေများ မိမိကန်တွင် ကြံတွေ့ရပါက ထွက်တိုးအကြံပေးဖုန်းနံပါတ် 09977910000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

    -------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
5578