cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ်အတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ရှမ်းပြည်နယ်အတွင်းရှိ တောင်သူများအနေနှင့် ဂေါ်ဖီထုတ်စိုက်ခင်းတွေမှာ ဘက်တီးရီးယားပျော့ပုပ်ရောဂါ ကျရောက်နေပြီဆိုရင်တော့
  • ၂၀၂၅ မတ်လ ၇ရက်နေ့မှ ၁၆ရက်နေ့အတွင်း ရှမ်ပြည်နယ်တစ်ခုလုံးမှာ နေ့အပူချိန်များအနည်းငယ်တိုးလာနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မတ်လ ၉ရက်နေ့ နေရာကွက်ကျားမိုးဖွဲဖွဲရွာနိုင်ပါတယ်။ 

    ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်မှ မတ်လ ၈ရက်နေ့ ၉ရက်နေ့တွေမှာ မိုးအနည်းငယ်ရွာနိုင်ပါတယ်။ 

    #တိကျမှန်ကန် 

    Su Su San 

    ရှမ်းပြည်နယ်အတွင်းရှိ တောင်သူများအနေနှင့် ဂေါ်ဖီထုတ်စိုက်ခင်းတွေမှာ ဘက်တီးရီးယားပျော့ပုပ်ရောဂါ ကျရောက်နေပြီဆိုရင်တော့ 

    • စိုက်ခင်းသန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ပါ။ 
    • ရောဂါကျအပင်များတွေ့တွေ့ချင်း ဖယ်ရှားပါ။ 
    • ရေသွင်းရေထုတ်စနစ်ကောင်းမွန်အောင်ဆောင်ရွက်ပါ။ ရေမဝပ်ပါစေနဲ့။ 
    • အပင်များကို ထိခိုက်မှုမရှိစေပါနဲ့။ 
    • ပင်ကြားတန်းကြား ကျဲကျဲစိုက်ပါ။ 
    • ရောဂါကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ ကောပါး ပါဝင်သောမှိုသတ်ဆေးများအသုံးပြုပါ။ (ကောပါးအောက်ဆီကလိုရိုက်၊ ကောပါးအောက်ဆိုဒ်) 
    • ယခင်ဂေါ်ဖီထုတ်စိုက်ခင်းတွင် ပျော့ပုပ်ရောဂါကျရောက်ဖူးပါက ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်ပါတယ်။ 

    ငါး/ပုစွန်ကန်များအတွက်အကြံပြုချက်   

    ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် ထုံးစနစ်တကျ အသုံးပြုနိုင်ရန် တင်ပြဆွေးနွေးအပ်ပါသည်။

    • ငါးကန်ရေ အရည်အသွေးမပျက်စီးစေရန်နှင့် ကန်အောက်ခြေ အပုတ်အဆွေးများ၏ ဆိုးကျိုးကို တားဆီး နိုင်ရန်အတွက် မွေးမြူရေးကာလတစ်လျှောက် ၂ - ၃ လလျှင် တစ်ကြိမ် တစ်ဧကလျှင် ထုံး (၂၅)ကီလို /၁၅.၅ပိဿာ မှ (၃၀)ကီလို /၁၈.၆ ပိဿာ ပုံမှန်ထည့်သွင်းပေးရန် လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။ 
    • ထုံးထည့်သွင်းရာတွင် တစ်ညအိပ်ရေစိမ်ပြီး၊ နောက်တစ်နေ့ မနက်ပိုင်း နေပူချိန်တွင် ကန်အနှံ့ပက်ပေးပါ။ 
    • ထုံးအမျိုးမျိုးရှိသည့်အနက် မဖောက်ထုံးမှာ ငါးမွေးကန်အတွက် အသုံးဝင်သောထုံး ဖြစ်ပါသည်။ ၎င်းထုံးမှာ ကျောက်တုံးကဲ့သို့ မာကျောပါသည်။ ငါးကန်တွင် အကျိုးရှိစွာ အသုံးချနိုင်ပါသည်။ 
    • သုံးမည့် ရေနှင့်ဓာတ်ပြုပြီး ဓာတ်ငွေ့များထွက်သောကြောင့် ရေပူဘောင်းများပေါ်ထွက်လာခြင်း၊ အပူဓာတ်ပေါ်ထွက်လာခြင်း ရှိပါက အရည်အသွေးကောင်းသောထုံး ဖြစ်ပါသည်။ 

    -------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
5184