cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲခူးတိုင်း ဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ဘက်မှ ပဲသိမ်းနေတဲ့တောင်သူများအတွက် ရိတ်သိမ်းချိန်တွင် စနစ်တကျမရိတ်သိမ်းပါက အထွက်နှုန်း ၁၅ % ထိ လျော့ကျနိုင်ပါတယ်။
  • ၂၀၂၅ မတ်လ ၁၈ ရက်နေ့ ပဲခူးတိုင်းဒေသကြီးတွင် အများအားဖြင့် သာယာမည်။ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် မှ အနိမ့်ဆုံး ၂၂ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပါသည်။ 

    ၂၁ ရက်နေ့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး အပူချိန်များ အနည်းငယ် ကျဆင်းလာနိုင်ပါမည်။ ၂၂ ရက်နေ့နောက်ပိုင်း အပူချိန်တွေ ပြန်ကျနိုင်ကြောင်း သိရပါသည်။ 

    မိမိဒေသအလိုက် မိုးလေဝသအခြေအနေ သိနိုင်ရန် - https://www.htwettoe.com/download လင့်ကိုနှိပ်ပြီး ဒေါင်းလုတ်ထားပါ။ 

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် 

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ဘက်မှ ပဲသိမ်းနေတဲ့တောင်သူများအတွက် - 

    • ရိတ်သိမ်းချိန်တွင် စနစ်တကျမရိတ်သိမ်းပါက အထွက်နှုန်း ၁၅ % ထိ လျော့ကျနိုင်ပါတယ်။ 
    • နုတ်သိမ်းပြီးပြီးချင်း နောက်တစ်ဆင့် ခြွေလှေ့ပါ။ 
    • ခြွေလှေ့ပြီးပြီးချင်း အဖျင်း အမှော်ဖယ်ပေးပါ။ 
    • ကျောက်ခဲ၊ သဲ၊ အရွက်ခြောက်၊ ကိုင်းခြောက်၊ ပေါင်းစေ့၊ မြေကြီးခဲ၊ အမှိုက်များဖယ်ပေးပါ။ 
    • စိုက်ချိန်အတွင်း မှဲ့ပြောက်စွန်းကျခဲ့ပါက ပဲကောင်းကောင်းခြောက်သွေ့သောအခြေအနေ တွင်သာ သိုလှောင်သိမ်းဆည်းတာမျိုးပြုလုပ်ပေးပါ။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    • ငါးမွေးကန်တစ်ခု၏ ကန်ရေအနက်မှာ ၄ပေ မှ ၆ပေ အတွင်း ရှိသင့်ပါသည်။ ကန်အတွင်းရှိ အချို့နေရာများတွင် ရေအနက် ပိုမိုပါက သင့်လျော်ပါသည်။ ကန်ရေအနက်(၃)ပေအောက် ရောက်ရှိပါက ကန်ရေအပူချိန်မြင့်မားနိုင်မှု လွယ်ကူပြီး ရေတွင်ပျော်ဝင်နေသော အောက်စီဂျင်ကို လျော့နည်းစေပါသည်။ ရေ၏ချဉ်ဖန်နှုန်းမှာလည်း ကျဆင်းလာပြီး အက်စစ်အသွင်ကူးပြောင်းခြင်းတို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ရေတွင်ပျော်ဝင်မှုကို ဖြစ်စေပါသည်။ 
    • ကန်ရေ အရည်အသွေး မကောင်းပါက ငါးများကျန်းမာရေးညံ့ပြီး ကျွေးသော အစာကို ကောင်းစွာမစားနိုင်ကြပါ။ ကန်ရေ အရည်အသွေးသည် မိမိကန်၏ ကန်ရေအနက်နှင့်လည်း သက်ဆိုင်ပါသည်။  
    • ကန်အတွင်း ငါးများ ဆက်လက်ပုံမှန်ကြီးထွားရန်အတွက် သဘာဝအစာ အမြဲဆက်လက်ရှိနေစေရန် လိုအပ်သောကြောင့် (၂)ပတ်/၁၄ ရက်လျှင် မြေဩဇာများ ထပ်မံဖြည့်ထည့်ပေးရန် လိုအပ်ပါသည်။ 

    ------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
2
comments
0
views
6026