ပဲခူးတိုင်း ဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ မတ်လ ၁၈ ရက်နေ့ ပဲခူးတိုင်းဒေသကြီးတွင် အများအားဖြင့် သာယာမည်။ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် မှ အနိမ့်ဆုံး ၂၂ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပါသည်။ - ၂၁ ရက်နေ့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး အပူချိန်များ အနည်းငယ် ကျဆင်းလာနိုင်ပါမည်။ ၂၂ ရက်နေ့နောက်ပိုင်း အပူချိန်တွေ ပြန်ကျနိုင်ကြောင်း သိရပါသည်။ - မိမိဒေသအလိုက် မိုးလေဝသအခြေအနေ သိနိုင်ရန် - https://www.htwettoe.com/download လင့်ကိုနှိပ်ပြီး ဒေါင်းလုတ်ထားပါ။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ငါးမွေးကန်တစ်ခု၏ ကန်ရေအနက်မှာ ၄ပေ မှ ၆ပေ အတွင်း ရှိသင့်ပါသည်။ ကန်အတွင်းရှိ အချို့နေရာများတွင် ရေအနက် ပိုမိုပါက သင့်လျော်ပါသည်။ ကန်ရေအနက်(၃)ပေအောက် ရောက်ရှိပါက ကန်ရေအပူချိန်မြင့်မားနိုင်မှု လွယ်ကူပြီး ရေတွင်ပျော်ဝင်နေသော အောက်စီဂျင်ကို လျော့နည်းစေပါသည်။ ရေ၏ချဉ်ဖန်နှုန်းမှာလည်း ကျဆင်းလာပြီး အက်စစ်အသွင်ကူးပြောင်းခြင်းတို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ရေတွင်ပျော်ဝင်မှုကို ဖြစ်စေပါသည်။
- ကန်ရေ အရည်အသွေး မကောင်းပါက ငါးများကျန်းမာရေးညံ့ပြီး ကျွေးသော အစာကို ကောင်းစွာမစားနိုင်ကြပါ။ ကန်ရေ အရည်အသွေးသည် မိမိကန်၏ ကန်ရေအနက်နှင့်လည်း သက်ဆိုင်ပါသည်။
- ကန်အတွင်း ငါးများ ဆက်လက်ပုံမှန်ကြီးထွားရန်အတွက် သဘာဝအစာ အမြဲဆက်လက်ရှိနေစေရန် လိုအပ်သောကြောင့် (၂)ပတ်/၁၄ ရက်လျှင် မြေဩဇာများ ထပ်မံဖြည့်ထည့်ပေးရန် လိုအပ်ပါသည်။
 - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
