ပြောင်းစျေးကောင်းနေပြီး မတ်ပဲ နှင့် ပဲစင်းငုံစျေးသိသိသာသာပြောင်းလဲမှုမရှိ .....
- 🌽🫘🌽🫘🌽🫘🌽🫘🌽🫘🌽 - ✔️ မန္တလေးစျေးကွက်အတွင်းတွင် တရုတ်နိုင်ငံဝယ်ယူမှုကြောင့် ပြောင်းစျေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး မတ်ပဲ နှင့် ပဲစင်းငုံမှာ ပြည်ပဝယ်ယူမှုရှိသော်လည်း စျေးနှုန်းသိသိသာသာပြောင်းလဲမှုမရှိကြောင်း မန္တလေးပွဲစားကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းကသိရသည်။ - ✔️ ပြောင်းစျေးနှုန်းမှာ မတ်လပထမသီတင်းပတ်တွင် ပြောင်းဖူး(ဗမာ)တစ်အိပ် ၈၁,ဝဝဝကျပ် မှ မတ်လတတိယသီတင်းပတ်တွင် ၈၂,၀၀၀ - ၈၃,၀၀၀ ကျပ်၊ ပြောင်းဖူး(ရှမ်း) ၈၄,၀၀၀ ကျပ်မှ ၈၅,၀၀၀ - ၈၅,၅၀၀ ကျပ် သို့ အနည်းငယ်မြင့်တက်လာခဲ့ပြီး မတ်ပဲစျေးနှုန်းမှာ မတ်လတတိယသီတင်းပတ်တွင်တစ်အိပ်လျှင် ၂၈,၀၀၀၀ - ၂၈၃,၀၀၀ ကျပ်၊ ပဲစင်းငုံတစ်အိပ် ၂၇၇,၀၀၀ - ၂၈၀,၀၀၀ ကျပ် ရှိနေပြီး ယခင်သီတင်းပတ်စျေးနှုန်းနှင့် သိသိသာသာကွာခြားမှုမရှိကြောင်းသိရသည်။ - ✔️ "မတ်ပဲ နဲ့ ပဲစင်းငုံကို အိန္ဒိယနိုင်ငံက လွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်ထပ်မံသက်တမ်းတိုးလိုက်တဲ့အတွက် ပိုမိုတင်ပို့နိုင်ပေမယ့် ကုန်သည်တွေက သင်္ကြန်အရှိန်ကြောင့်ထင်တယ်၊ သိသိသာသာတင်ပို့တာမျိုးမလုပ်ကြဖူး၊ ဟိုဘက်ကလည်း ပုံမှန်လေးပဲဝယ်ယူနေတဲ့အတွက် စျေးတန်းကမပြောင်းလဲတာပါ၊ ပြောင်းကတော့ ခုရက်ပိုင်း တရုတ်အဝယ်လိုက်တဲ့အတွက် စျေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်၊ အလားတူ နှမ်းလည်းစျေးကောင်းနေတယ်" ဟု အဆိုပါအသင်းတာဝန်ရှိသူတစ်ဦးကပြောသည်။ - ✔️ ပြောင်းစျေးနှုန်းမျာ ထိုင်းနိုင်ငံ၏ အခွန်သက်သာခွင့်အပြင် အိန္ဒိယနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှ ဝယ်ယူမှုရှိခြင်းကြောင်း မန္တလေးစျေးကွက်အတွင်း စျေးနှုန်းအနည်းငယ်ပြောင်းလဲလာခြင်းဖြစ်ကြောင်းလည်းသိရသည်။ - ✔️ ပြောင်း၊ မတ်ပဲ၊ ပဲစင်းငုံ စျေးနှုန်းပြောင်းလဲမှုမရှိသော်လည်း နှမ်းစျေးနှုန်းများမှာ တရုတ်ဝယ်ယူမှုကောင်းမွန်ခြင်းကြောင့် စျေးနှုန်းမြင့်တက်လာခဲ့ပြီး မတ်လ ဒုတိယသီတင်ပတ်တွင် တစ်တန် ၇၄၀,၀၀၀ ကျော်မှ တတိယသီတင်းပတ်တွင် ၇၆၀,၀၀၀ ကျပ်ကျော်အထိ မြင့်တက်လာခဲ့ပြီး အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်းသိရသည်။ - ✔️ အခြားသောပဲအမျိုးအစားများမှာ ယခုသီတင်းပတ်အတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V2) ၂၃၃,ဝဝဝကျပ်၊ ကုလားပဲ(V7) ၂၅၀,၀၀၀ ကျပ်၊ ပဲတီစိမ်း(ညာ) ၂၇၅,၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၂၃၅,၀၀၀ ကျပ်၊ ပဲလွန်းပြာ ၁၉၅,၀၀၀ ကျပ်၊ ပဲကြီး(က) ၂၇၅,၀၀၀ ကျပ်၊ ပဲထောပတ် ၃၂၀,၀၀၀ ကျပ်၊ ပဲဇီးကွက် ၂၅၀,၀၀၀ ကျပ် နှင့် မြေတောက်ပဲ ၂၈၀,၀၀၀ ကျပ် အသီးသီးရှိကြောင်းသိရသည်။ - Sources : ရွှေမန်း (မကွေးဂျာနယ်) - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
