cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီစျေးကွက် သုံးသပ်ချက်

. Market News
နွေကြက်သွန်အသစ်တွေ စျေးကွက်ထဲဝင်ရောက်နေပေမယ့် သကြင်္န်ကာလ နီးလာပြီဖြစ်လို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကားအဝင်များနေပေမယ့် ဈေးတက်ရိပ် ပြလာပါတယ်။
  • ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၉၇၃ိ/-ကျပ်မှ ၂၁၀၀ိ/-ကျပ်အထိလည်းကောင်း၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၂၀၁၇ိ/-ကျပ်မှ ၂၁၁၆/-ကျပ်လည်းကောင်း၊ ဆိပ်ဖြူလတ်သန့် စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၉၆၅ိ/-ကျပ်မှ ၂၀၂၆/-ကျပ်အထိလည်းကောင်း၊ ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၃၉၄ိ/-ကျပ်မှ ၁၄၈၄ိ/-ကျပ်အထိလည်းကောင်း၊ အသီးသီးဈေးပေါက်နေပါတယ်။    

    ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လ နှိုင်းယှဉ်ခြင်း    

    ၂၀၂၅ ခုနှစ်၊ မတ်လ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းကို ယခင်လ ( ဖေဖော်ဝါရီလ) ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်သော် အမျိုးအစားအားလုံးနီးပါးစျေးကျလာတာတွေ့ရပါတယ်။ ဆိပ်ဖြူရှယ်(သစ်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၇၆၈/-ကျပ်၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၇၂၂/-ကျပ်၊ ဆိပ်ဖြူလတ်သန့် စျေး နှုန်းမှာ တစ်ပိဿာလျှင် ၇၀၆/-ကျပ်၊ ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၄၇၃/-ကျပ် နီးပါး ကျဆင်းလာတာကို တွေ့ရပါတယ်။   

    ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း    

    ၂၀၂၅ ခုနှစ် မတ်လ အထိ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) ၏ ဇန်နဝါရီလ တွင်တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၂၈၇၂/-ကျပ်၊ ဖေဖော်ဝါရီ တွင်တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၂၈၀၅/-ကျပ်နှင့် မတ်လတွင် ၂၀၃၆/- ကျပ်အ သီးသီးဈေး ပေါက်နေပါတယ်။      

    ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၉၀၆/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၇၈၈/- ကျပ်၊ မတ်လတွင် ၂၀၆၆/-ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။    

    ဆိပ်ဖြူလတ်သန့် ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၆၇၂/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၇၀၂/- ကျပ်၊ မတ်လတွင် ၁၉၉၆/-ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။    

    ဆိပ်ဖြူလတ်ချော ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၈၂၂/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၉၁၂/- ကျပ်၊ မတ်လတွင် ၁၄၃၉/-ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။    

    ဈေးကွက် သုံးသပ် ခန့်မှန်းချက်    

    စားဖိုဆောင်သီးနှံ ကြက်သွန်နီ၏ တပိဿာ စျေးနှုန်းများကို သုံးသပ်ကြည့်ပါက စျေး ပထမသုံးလပတ် အတွင်း စျေးက တဖြေးဖြေး နဲ့ ကျလာတာတွေ့ရပါတယ်။   

     နွေကြက်သွန်အသစ်တွေ စျေးကွက်ထဲဝင်ရောက်နေပေမယ့် သကြင်္န်ကာလ နီးလာပြီဖြစ်လို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကားအဝင်များနေပေမယ့် ဈေးတက်ရိပ် ပြလာပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။    

    ထွက်တိုး   

    --------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
2281