ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ကပ္ပလီပင်လယ်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့မှတိုက်ခတ်လာသည့် အနောက်-အနောက်တောင်လေစီးကြောင်းသည် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ မုတ္တမကွေ့မှ တဆင့် ပဲခူးရိုးမ အရှေ့ခြမ်း/အနောက်ခြမ်းသို့ တောင်ဘက်မှ တိုက်ခတ်ဝင်ရောက်လာလျှက်ရှိပါသည်။ - ဤလေစီးကြောင်းနှင့်အတူပါလာနိုင်သည့် မိုးတိမ်များကြောင့် ပဲခူးတိုင်း(အရှေ့နှင့်အနောက် ဒေသများ)အတွင်း မိုးရွာနိုင်သည့်အခြေအနေများဖြစ်ပေါ်နိုင်သော်လည်း မိုးရွာရန်ရာခိုင်နှုန်းအားဖြင့်အလွန်နည်းနေပါသည်။ - နေ့အပူချိန်များ ၄၀°C ဝန်းကျင်အထိမြင့်တက်လာနိုင်ပါသည်။ ပဲခူးတိုင်းအနောက်ခြမ်းသည် ပဲခူးတိုင်းအရှေ့ခြမ်းထက် အပူချိန်ပိုမိုမြင့်မားနိုင်ပါသည်။ - ဤရက်သတ္တပါတ် ၁ ပါတ်ကိုကျော်လွန်ပြီး ဧပြီလ လကုန်ရက်များ(၂၈ ရက် နောက်ပိုင်း)နှင့် မေလ လဆန်းပိုင်းရက်များတွင် မိုးအနည်းရွာနိုင်မည့်အခြေအနေများဖြစ်ပေါ်နိုင်ပါသည်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါးကန်ပြင်ဆင်ချိန်ကာလအတွင်း မြေသြဇာ အသုံးပြုခြင်း - မြေသြဇာကျွေးခြင်းဖြင့် သဘာဝငါးစာဖြစ်သည့်ရေညှိ၊ အင်းဆက်ငယ်များ၊ တီကောင်ငယ်များ၊ သံကောင်နှင့် ပိုးကောင်းများ ငါးကန်အတွင်းကြီးထွားဖြစ်ထွန်းစေပါသည်။ - မြေသြဇာထည့်သွင်းအသုံးပြုပုံ နည်းစနစ်များ - • တီဆူပါကို တစ်ညသိပ်ရေစိမ်ထားပါ။ - • နောက်တစ်နေ့နံနက်နံနက်(၁၀-၁၁)နာရီခန့်တွင် ပုလဲဓါတ်မြေသြဇာကို ရေဖျော်၍ ညသိပ်ရေစိမ်ထားသော တီဆူပါနှင့် ရောစပ်၍ ကန်ရေပြင်အနှံ့ နှံစပ်အောင်ဖြန်းပေးပါ။ - ငါးကန်ပြင်ဆင်ချိန်ကာလမြေသြဇာကျွေးမည့် ပမာဏ (ဝ.၀၁ ဧက ကန်) အတွက် - - • သစ်ရွက်ဆွေး (သို့) နွားချေးခြောက်- (၆-၁၀ ကီလိုဂရမ်) ၃ ပိဿာ ၇၅ကျပ်သားမှ ၆ ပိသာခန့် - • ယူရီးယား(ပုလဲ) - (၁၅၀ဂရမ်-၂၀၀ ဂရမ်/ ၁၀ ကျပ်သားခန့်- ၁၂ကျပ်ခွဲသားခန့်) - • တီဆူပါ ၇၅-၁၀၀ ဂရမ် (၅ ကျပ်သားခန့် - ၆ ကျပ်သားခန့်) တို့ဖြစ်သည်။ - ထပ်မံ၍ ငါး၊ ပုစွန်မွေးမြူခြင်းနှင့်ပတ်သတ်ပြီး အကြံပြုချက် ရယူလိုပါက ထွက်တိုး Call Center ဖုန်း 09-977910000 ကို ရုံးပိတ်ရက်များမှလွှဲပြီး မနက် ၉နာရီမှ ညနေ၄နာရီ အတွင်း ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ - --------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
