ရန်ကုန်တိုင်း ဧပြီ ၂၈ ရက်မှ မေလ ၄ ရက်အထိ မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်း
- ဧပြီ ၂၈ ရက်မှ မေလ ၄ ရက်၊ သတ္တပါတ် ၁ ပတ်အတွင်း ၂၉ -၃၀ မေလ ၁ ရက်နေ့တွေမှာ မိုးရွာနိုင်ပေမဲ့ မများနိုင်ပါ။ မိုးရေချိန် ၅ မီလီမီတာခန့်(၀.၂ လက်မ ခန့်)သာ ရွာနိုင်ပြီး၊ ရွာရန် ရာခိုင်နှုန်းကတော့ ၈၅% အထိ ရှိပါတယ်။ မြောက်ပိုင်းခရိုင်တွေဘက်မှာတော့ မိုးရွာတာ ပိုများနိုင်ပါတယ်။ ရန်ကုန်မြို့ပေါ်မှာတော့ ဒဂုံဆိက်ကမ်းမြို့နယ်ဘက်မှာ မိုးပိုနိုင်ပြီး ပင်လယ်ကမ်းခြေဘက်ပိုနီးတဲ့ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ စတဲ့ခရိုင်တွေဘက်မှာလဲ မိုးအနည်းငယ်မျှ ပိုနိုင်ကြောင်း Meteoblue Multi-model forecast တွေ့ရပါတယ်။ - ဧပြီလ လကုန်ရက်နဲ့ မေလ လဆန်းပိုင်းမိုးရွာနိုင်ချေတွေက ဒီနေ့ ဧပြီ ၂၈ ရက်နေ့က စ ပြီး အနောက်တောင်ဘက်က ဝင်လာမဲ့ မိုးတိမ်တွေပေါ်မှာမူတည်ပါမယ်။ - မေလ ၄ ရက်နေ့ နောက်ပိုင်းမှာတော့ ရာသီဥတုပြန်ပြီးသာယာနိုင်ပါမယ်။ မေလ ၁၀ နေ့နဲ့ နောက်ပိုင်းမှာ ရန်ကုန်တိုင်းအတွင်း မိုးရွာနိုင်မည့် အခြေအနေများ ပြန်များလာနိုင်ပါမယ်။ - ဒီရက်ပိုင်းအတွင်း တောင်ဘက်နဲ့ အနောက်ဘက်မှ လေတိုက်နှန်ုး တနာရီ ၁၅ မိုင်ခန့်အထိ ရှိနိုင်ပြီး အမြင့်ဆုံးနေ့အပူချိန် ၃၅°C ခန့်ရှိနိုင်ပါမယ်။ - ၄ ရက်စာ မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များအတွက် MMWeather Knowledge site မှာ တင်ပေးထားတဲ့ ကြိုတင်ခန့်မှန်းချက် weather widget တွေကို ကြည့်ကြစေချင်ပါတယ် - https://www.mmweather.org/divisional-cities-weather/yangon-div - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ရန်ပြင်ဆင်ကြမည့်တောင်သူများထံသို့... - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - နွေစပါး စိုက်ပျိုးခဲ့စဥ်က မြေဆောင်မှိုရောဂါ၊ ပိုးမွှားကျခဲ့သောစိုက်ခင်းများအနေဖြင့် ပင်ကြွင်းပင်ကျန်များကို သေချာမရှင်းနိုင်ပါက ပင်ကြွင်းပင်ကျန်များမြန်မြန်ဆွေးမြည့်စေရန် အီးအမ် (EM)ကြိုတင်ထည့်ထားပါ။
- ပုလဲမြေဩဇာ+ ဖွဲနုကို သမအောင်ရောမွှေပြီး ကောက်ရိုးနဲ့ရိုးပြတ်များပေါ်သို့အရင်နှံ့စပ်အောင် ပက်ပေးပါ။
- ပြီးနောက် အီးအမ်အပြင်း ၁ လီတာစီကို ရေဂါလံ (၂၀) ခန့်နှင့်ရောပြီး လယ်ကွင်းအနှံ့ပက်ပေးပါ။
- အားလုံးပြီးပါက ကောက်ရိုးနှင့်ရိုးပြတ်များရေမြုပ်အောင် ရေချက်ချင်းသွင်းပေးပါ။
- ကောက်ရိုးနဲ့ ရိုးပြတ်များကို စက်ဖြင့်ဖိကြိတ်ပြီး ရေနစ်မြုပ်အောင်နှပ်ထားပေးပါ။
- မြေချဥ်ငန်ကိန်းပြုပြင်လိုသော စိုက်ခင်းမြေများအနေဖြင့် တစ်လခန့်ကြိုတင်ထုံးထည့်ပြီး ထယ်မှောက်ထားသင့်ပါတယ်။
 - ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် - ဧပြီလနှင့်မေလတို့သည် ကန်အောက်ခြေနေလှန်းရန် အကောင်းဆုံး သောအချိန်ဖြစ်ပါသည်။ - -ကန်ပြင်ဆင်းလုပ်ငန်းတွင်း ကန်ဖော်ပြီးပါက၊ ကန်အောက်ခြေတွင် နှုန်းမြေထုသည် အနည်းဆုံး (၈) လက်မခန့်ထားပြီး ကျန်နှုန်းမြေများကို ဖယ်ရှားပေးပါ။ - -ထို့နောက် ကန်အောက်ခြေမြေသားကို ပတ်ကြားအက် အောင်နေလှန်းပေးရပါမည်။ - -ကန်အောက်ခြေပတ်ကြားကွဲအောင် နေလှန်းပြီးပါက၊ တစ်ဧကလျှင် ထုံး ၂၄၈ ပိဿာ ခန့်နေရာအနှံ့ပက်ပေးရန် လိုအပ်ပါသည်။ - - ထုံးပက်ပြီးပါက ကန်အောက်ခြေမြေသားကို ထယ်ခွဲပေးပါက ပိုမို ကောင်းမွန်ပါသည်။ ထုံးသည် မြေသားအောက်သို့ ရောက်ရှိစေခြင်း ဖြစ်ပါသည်။ - -------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
