cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ဧပြီ ၂၈ ရက်မှ မေလ ၄ ရက်အထိ မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်း

. Weather News
ငါးကန်များ ဧပြီလနှင့်မေလတို့သည် ကန်အောက်ခြေနေလှန်းရန် အကောင်းဆုံး သောအချိန်ဖြစ်ပါသည်။ ကန်အောက်ခြေပတ်ကြားကွဲအောင် နေလှန်းပြီးပါက၊ တစ်ဧကလျှင် ထုံး ၂၄၈ ပိဿာ ခန့်နေရာအနှံ့ပက်ပေးရန် လိုအပ်ပါသည်။
  • ဧပြီ ၂၈ ရက်မှ မေလ ၄ ရက်၊ သတ္တပါတ် ၁ ပတ်အတွင်း ၂၉ -၃၀ မေလ ၁ ရက်နေ့တွေမှာ မိုးရွာနိုင်ပေမဲ့ မများနိုင်ပါ။ မိုးရေချိန် ၅ မီလီမီတာခန့်(၀.၂ လက်မ ခန့်)သာ ရွာနိုင်ပြီး၊ ရွာရန် ရာခိုင်နှုန်းကတော့ ၈၅% အထိ ရှိပါတယ်။ မြောက်ပိုင်းခရိုင်တွေဘက်မှာတော့ မိုးရွာတာ ပိုများနိုင်ပါတယ်။ ရန်ကုန်မြို့ပေါ်မှာတော့ ဒဂုံဆိက်ကမ်းမြို့နယ်ဘက်မှာ မိုးပိုနိုင်ပြီး ပင်လယ်ကမ်းခြေဘက်ပိုနီးတဲ့ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ စတဲ့ခရိုင်တွေဘက်မှာလဲ မိုးအနည်းငယ်မျှ ပိုနိုင်ကြောင်း Meteoblue Multi-model forecast တွေ့ရပါတယ်။ 

    ဧပြီလ လကုန်ရက်နဲ့ မေလ လဆန်းပိုင်းမိုးရွာနိုင်ချေတွေက ဒီနေ့ ဧပြီ ၂၈ ရက်နေ့က စ ပြီး အနောက်တောင်ဘက်က ဝင်လာမဲ့ မိုးတိမ်တွေပေါ်မှာမူတည်ပါမယ်။ 

    မေလ ၄ ရက်နေ့ နောက်ပိုင်းမှာတော့ ရာသီဥတုပြန်ပြီးသာယာနိုင်ပါမယ်။ မေလ ၁၀ နေ့နဲ့ နောက်ပိုင်းမှာ ရန်ကုန်တိုင်းအတွင်း မိုးရွာနိုင်မည့် အခြေအနေများ ပြန်များလာနိုင်ပါမယ်။ 

    ဒီရက်ပိုင်းအတွင်း တောင်ဘက်နဲ့ အနောက်ဘက်မှ လေတိုက်နှန်ုး တနာရီ ၁၅ မိုင်ခန့်အထိ ရှိနိုင်ပြီး အမြင့်ဆုံးနေ့အပူချိန် ၃၅°C ခန့်ရှိနိုင်ပါမယ်။ 

    ၄ ရက်စာ မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များအတွက် MMWeather Knowledge site မှာ တင်ပေးထားတဲ့ ကြိုတင်ခန့်မှန်းချက် weather widget တွေကို ကြည့်ကြစေချင်ပါတယ် - https://www.mmweather.org/divisional-cities-weather/yangon-div 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်  

    ဧပြီလနှင့်မေလတို့သည် ကန်အောက်ခြေနေလှန်းရန် အကောင်းဆုံး သောအချိန်ဖြစ်ပါသည်။  

    -ကန်ပြင်ဆင်းလုပ်ငန်းတွင်း ကန်ဖော်ပြီးပါက၊ ကန်အောက်ခြေတွင် နှုန်းမြေထုသည် အနည်းဆုံး (၈) လက်မခန့်ထားပြီး ကျန်နှုန်းမြေများကို ဖယ်ရှားပေးပါ။ 

    -ထို့နောက် ကန်အောက်ခြေမြေသားကို ပတ်ကြားအက် အောင်နေလှန်းပေးရပါမည်။ 

    -ကန်အောက်ခြေပတ်ကြားကွဲအောင် နေလှန်းပြီးပါက၊ တစ်ဧကလျှင် ထုံး ၂၄၈ ပိဿာ ခန့်နေရာအနှံ့ပက်ပေးရန် လိုအပ်ပါသည်။ 

    - ထုံးပက်ပြီးပါက ကန်အောက်ခြေမြေသားကို ထယ်ခွဲပေးပါက ပိုမို ကောင်းမွန်ပါသည်။ ထုံးသည် မြေသားအောက်သို့ ရောက်ရှိစေခြင်း ဖြစ်ပါသည်။ 

    -------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
4232