cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်ရှိ ပဲတီစိမ်း ဈေးနှုန်း သုံးသပ်ချက်

. Market Analysis
ဧပြီလဆန်းပိုင်းတွင် ပြည်ပ၀ယ်လိုအားကြောင့် စျေးနှုန်းအနည်းငယ် မြင့်တက်ခဲ့သော်လည်း သင်္ကြန်ရုံးပိတ်ရက်အပြီးမှာတော့ ဈေးငြိမ်နေပါတယ်။
  • ရန်ကုန်ဈေးကွက်ရှိ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ပဲတီစိမ်း(ပဲခူးရွှေဝါ) နှင့် ပဲတီစိမ်း(ဝါးခယ်မ) တို့၏ တစ်ပိဿာစျေးနှုန်းများကို လေ့လာ သော် ပဲတီစိမ်း(ခရမ်းရွှေဝါ) နှင့် ပဲတီစိမ်း(ပဲခူးရွှေဝါ) စျေးနှုန်းတို့မှာ ၆၀၀၀ကျပ် ဝန်းကျင်စျေးပေါက်နေပြီး၊ ပဲတီစိမ်း(ဝါးခယ်မ)(အက်ဖ်အေကျူ၊အက်စ်ကျူ) ဈေးနှုန်းမှာ ၅,၈၀၀ ကျပ်မှ ၆၅၀၀ ကျပ် ဝန်းကျင် ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။     

    ယခင်လ (မတ်လ)နဲ့ ယခုလ (ဧပြီလ) နှိုင်းယှဉ်ချက်    

    ၂၀၂၅ ခုနှစ်၊ မတ်လနဲ့ ဧပြီလ ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ယခုလ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ နှင့် ပဲတီစိမ်း(ပဲခူးရွှေဝါ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ယခင်လထက် ၄၅၉ ကျပ် တက်တာကို တွေ့ရပါတယ်။ ထို့အတူ ပဲတီစိမ်း(ဝါးခယ်မ)(အက်ဖ်အေကျူ၊အက်စ်ကျူ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းလည်း ယခင်လ ထက် ၄၇၂/-ကျပ် နီးပါး တက်သွားပါတယ်။       

      ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း    

    ၂၀၂၅ ခုနှစ်၊ နှစ်စမှ လက်ရှိ ဧပြီလ အထိ ပဲတီစိမ်း ပျှမ်းမျှစျေး နှုန်းများကို လေ့လာသော် ပဲတီစိမ်း(ခရမ်းရွှေဝါ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလ တွင် ၅,၅၄၄/ကျပ်၊ ဖေဖော်ဝါရီတွင် ၅,၅၃၄- ကျပ်၊ မတ်လတွင် ၅,၅၃၅/-ကျပ်၊ ဧပြီလတွင် ၅,၉၉၄/-ကျပ် ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။    

    ပဲတီစိမ်း(ပဲခူးရွှေဝါ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလ တွင် ၅,၄၈၂/ကျပ်၊ ဖေဖော်ဝါရီတွင် ၅,၅၃၄- ကျပ်၊ မတ်လတွင် ၅,၅၃၅/-ကျပ်၊ ဧပြီလတွင် ၅,၉၉၄/-ကျပ် ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။    

    ပဲတီစိမ်း(ဝါးခယ်မ)(အက်ဖ်အေကျူ၊အက်စ်ကျူ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလ တွင် ၅,၆၀၆/ကျပ်၊ ဖေဖော်ဝါရီတွင် ၅,၆၆၈- ကျပ်၊ မတ်လတွင် ၅,၆၅၄/-ကျပ်၊ ဧပြီလတွင် ၆,၁၂၆/-ကျပ် ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။      

    သုံးသပ်ခန့်မှန်းချက်    

    ရန်ကုန်ဈေးကွက်ရှိ ပဲတီးစိမ်း ဈေးနှုန်းများ ယခင်လထက် အနည်းငယ်စျေးတက်လာတာတွေ့ရပါတယ်။ ပဲတီစိမ်းကပြည်ပ၀ယ်လိုအား နှင့် ပြည်တွင်းရောင်းအားရှိသော သီးနှံဖြစ်ပါသည်။ ဧပြီလဆန်းပိုင်းတွင် ပြည်ပ၀ယ်လိုအားကြောင့် စျေးနှုန်းအနည်းငယ် မြင့်တက်ခဲ့သော်လည်း သင်္ကြန်ရုံးပိတ်ရက်အပြီးမှာတော့ ဈေးငြိမ်နေပါတယ်။   

    ထွက်တိုး    

    ----------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
3854