cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း မေလ ၁၂ ရက် မှ မေလ ၁၈ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
လေဖိအားနည်းရပ်ဝန်းက အားပိုကောင်းလာပြီး မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို မေလ ၁၉ ရက်နေ့မှာဖြတ်ကျော်ဝင်ရောက်နိုင်မယ်၊ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေတော့ ၅၀% သာရှိကြောင်း
  • #ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေတော့ ၅၀% သာရှိကြောင်း 

    လက်ရှိဖြစ်ပေါ်နေတဲ့ပင်လယ်ပြင်အခြေအနေတွေနဲ့ အနောက်တောင်မုတ်သုံလေဝင်ရောက်လာနိုင်မဲ့အခြေအနေများအရ - 

    မေလ ၁၄ ရက်မှ စတင်ပြီး မိုးဦးကာလမိုးများ ရန်ကုန်တိုင်းအတွင်းစတင်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်းက အားပိုကောင်းလာပြီး မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို မေလ ၁၉ ရက်နေ့မှာဖြတ်ကျော်ဝင်ရောက်နိုင်မယ်၊ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေတော့ ၅၀% သာရှိကြောင်း ECMWF Cyclone activity (including genesis) Chart မှာ နေ့စဉ်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

    ရန်ကုန်တိုင်းရဲ့ ခရိုင်အားလုံးမှာ မေလ ၁၅ ရက်နေ့က စ ပြီး မိုးများရာမှ မိုးအလွန်များနိုင်(မီလီမီတာ ၁၀၀ ကျော် = ၄ လက်မကျော်ခန့်အထိ) မိုးရေချိန်ရရှိနိုင်ပါတယ်။ 

    တောင်ဘက်နှင့်အနောက်တောင်ဘက်မှ လေပြင်းတနာရီ ၁၀ မိုင်မှ ၂၅ မိုင် အထိတိုက်ခတ်နိုင်ကြောင်းတွေ့ရပြီး - 

    မေလ ၁၁ ရက်နေ့အထိ ၃၅°C ရှိနေတဲ့ အပူချိန်က မေလ ၁၂-၁၃ ရက်နောက်ပိုင်းကစပြီး ၃၀°C အထိကျဆင်းလာနိုင်ပါမယ်။ မိုးရွာပြီးချိန်မှာ လေထုစိုထိုင်းဆ ၈၀% အထက်မှာ ရှိနေပါမယ်။ 

    Weather Source: U Win Naing 

    ငါး၊ပုစွန်ကန်များအတွက် အကြံပြုချက် 

    "မိုးရာသီတွင် ငါးကန်များ၌ ဖြစ်တတ်သောအခြေအနေများ" သတိပြုရန် 

    • မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးအုံ့နေသောကြောင့် ကန်ရေ၏အပူချိန်သည်လည်း ကျဆင်းနေတတ် ပါသည်။ 
    • အပူချိန်ကျဆင်းမှုသည် ၂၅ဒီဂရီင်တီဂရိတ်အောက် ရောက်နေပါက ငါးများသွားလာလှုပ်ရှားမှုနည်း ခြင်းအပြင် အစာစားနှုန်းလည်း ကျဆင်းတတ်ပါသည်။ 
    • ငါးမွေးကန်သည် မိုးအုံ့နေသောအချိန်တွင် နေရောင်ခြည် မရရှိသဖြင့် အလင်းမှီ အစာစုဖွဲ့ခြင်းအလုပ်ကို မလုပ်နိုင်ပါ။ 
    • ထို့ကြောင့် ကန်အတွင်း ပျော်ဝင်အောက်စီဂျင် မထွက်ရှိနိုင်ပါ။ ကန်အတွင်း ပျော်ဝင်အောက်စီဂျင် နည်းပါးပြီး ငါးများအသက်ရှူနှုန်း အပြည့်အဝမရရှိနိုင်ပါ။ 

    -------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
1
views
3167