cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း မေလ ၁၃ ရက် မှ မေလ ၁၉ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ပဲခူးတိုင်းအရှေ့ခြမ်း မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်၊ ပဲခူးတိုင်းအနောက်ခြမ်းဒေသတော်တော်များများမှာတော့ မေလ ၁၅ ရက် ၁ ရက်မှာသာ မိုးများနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးအသင့်အတင့်မှ မိုးနည်းနေနိုင်ပါမယ်။
  • လက်ရှိဖြစ်ပေါ်နေတဲ့ပင်လယ်ပြင်အခြေအနေတွေနဲ့ အနောက်တောင်မုတ်သုံလေဝင်ရောက်လာနိုင်မဲ့အခြေအနေများအရ - 

    မေလ ၁၅-၁၆-၁၇ ရက်တွေမှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု အစပျိုးဖြစ်ပေါ်လာနိုင်ပြီး၊ အနောက်တောင်မုတ်သုံလေကလဲ မြစ်ဝကျွန်းပေါ်ဒေသများမှ အလယ်ပိုင်းဒေသများဆီသို့ ဆက်လက်ဝင်ရောက်ရန်တာစူနေတဲ့အချိန်ဖြစ်ပါမယ်။ 

    မေလ ၁၅-၁၆-၁၇ ရက်များအတွင်းမှာ- 

    ပဲခူးတိုင်းအရှေ့ခြမ်း မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်၊ 

    ပဲခူးတိုင်းအနောက်ခြမ်းဒေသတော်တော်များများမှာတော့ မေလ ၁၅ ရက် ၁ ရက်မှာသာ မိုးများနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးအသင့်အတင့်မှ မိုးနည်းနေနိုင်ပါမယ်။ ပဲခူးတိုင်းတစ်ခုလုံးအနေနဲ့ခြုံပြောရရင်တော့ ဒီ ၁ ပတ်က မိုးများနိုင်မဲ့ ရက်သတ္တပတ် ၁ ပတ်ဖြစ်ပါမယ်။ 

    ပဲခူးတိုင်းအတွင်း လေထုစိုထိုင်းဆ ၈၀% ဝန်းကျင်မှာရှိနေပြီး အမြင့်ဆုံးအပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၄°C အထိ ကျဆင်းနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြေပဲစိုက်တောင်သူများနှင့် မိုးစပါးစိုက်ရန် ပြင်ဆင်ကြမည့် တောင်သူများထံသို့ 

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် 

    • မြေပဲပေါင်းသတ်ဆေးအတွက် ပေါင်းပင်နုစဥ် (အရွက် ၂-၄ရွက်ထွက်ချိန်) Imazethapyr ကိုရွေးချယ်ဖျန်းနိုင်ပါတယ်။ 
    • Imazethapyr အသုံးပြုချိန်တွင် မြေကြီးအစိုဓာတ်ကောင်းကောင်းရှိဖို့တော့လိုပါတယ်။ 
    • မိုးစပါးအတွက် မိုးရာသီတွင် ပေါင်းများနှိမ်နင်းရခက်တာဟာ အဓိကပြဿနာ ဖြစ်သောကြောင့် လယ်မြေကိုထယ်နက်နက်ထိုး၍ ကြိုတင်ပြင်ဆင်ထားပါ။ 
    • တစ်ခုသတိပြုရမှာက ရွေးချယ်မဲ့ပေါင်းသတ်ဆေးကို ရာသီတိုင်းအသုံးမပြုသင့်ပါဘူး။ 
    • နှစ်စဥ်အသုံးပြုတတ်သော အလေ့အထရှိပါက ယခုနှစ်မိုးစပါးတွင် ရွေးချယ်မဲ့ပေါင်းသတ်ဆေးကိုအသုံးမပြုဘဲ ပေါင်းပေါက်လာမှဖျန်းရသော ရွေးချယ်ပေါင်းသတ်ဆေးကိုသာရွေးချယ်ပါ။ 
    • ပေါင်းအုပ်ဆေးအတွက် ရွေးချယ်လိုပါက အစို၊ အခြောက်ကြဲခင်းများအတွက် Pendimethalin ကိုရွေးချယ်နိုင်ပါတယ်။ 

    ငါး၊ပုစွန်ကန်များအတွက် အကြံပြုချက် 

    "မိုးရာသီတွင် ငါးကန်များ၌ ဖြစ်တတ်သောအခြေအနေများ" သတိပြုရန် 

    • မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးအုံ့နေသောကြောင့် ကန်ရေ၏အပူချိန်သည်လည်း ကျဆင်းနေတတ်ပါသည်။ 
    • အပူချိန်ကျဆင်းမှုသည် ၂၅ဒီဂရီင်တီဂရိတ်အောက် ရောက်နေပါက ငါးများသွားလာလှုပ်ရှားမှုနည်း ခြင်းအပြင် အစာစားနှုန်းလည်း ကျဆင်းတတ်ပါသည်။ 
    • ငါးမွေးကန်သည် မိုးအုံ့နေသောအချိန်တွင် နေရောင်ခြည် မရရှိသဖြင့် အလင်းမှီ အစာစုဖွဲ့ခြင်းအလုပ်ကို မလုပ်နိုင်ပါ။ 
    • ထို့ကြောင့် ကန်အတွင်း ပျော်ဝင်အောက်စီဂျင် မထွက်ရှိနိုင်ပါ။ ကန်အတွင်း ပျော်ဝင်အောက်စီဂျင် နည်းပါးပြီး ငါးများအသက်ရှူနှုန်း အပြည့်အဝမရရှိနိုင်ပါ။ 

    -------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
9
comments
0
views
5791