cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရာသီစာ အင်ဥများ တစ်ပိဿာ တစ်သိန်းကျော်ဈေးပေါက်နေ

. Market News
ယခင်နှစ်က တစ်ဆယ်သားလျှင် ငွေကျပ်(၅၀၀၀)နှုန်းသာရှိသော အင်ဥများသည် ယခုနှစ်တွင် တစ် ဆယ်သား လျှင်ငွေကျပ်(၁၅၀၀၀)အထိဖြစ်လာခဲ့ပြီး သုံးဆခန့်ဈေးနှုန်းမြင့်တက်လာခြင်းလည်းဖြစ်ကြောင်း သိရပါတယ်။
  • ၂၀၂၀ခုနှစ်က တစ်ပိဿာနှစ်သောင်းခွဲရှိသည့် ယခုအင်ဥပေါ်စအချိန် ရန်ကုန်စျေးကွက်တွင် အင်ဥတစ် ဆယ်သား တစ်သောင်းကျပ်ဖြစ်နေကြောင်း သိရပါတယ်။

    အင်ဥကြိုက်သူများအနေဖြင့် စျေးများတွင် အင်ဥရှာရခက်သဖြင့် ကုန်စိမ်းဒိုင်များနှင့်စျေးကြီးများတွင်သာ အင်ဥရှာလိုရပြီး စျေးငယ်များနှင့် ရပ်ကွက်စျေးလမ်းစျေးတွင် အင်ဥရောင်းသူကို တွေ့ရခဲကြောင်းဆိုပါတယ်။

    “ အခုက စပေါ်ကာစလေ။ ဒီတော့ ပေါ်ဦးပေါ်ဖျားဆိုတော့ ဒီစျေးပေးရတာပေါ။ နောက်မိုးကျလာရင် တော့ စျေးကျလေ့ ရှိပါတယ်။ထုံးစံအတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောပါဘဲ။ စျေးသည်လေးတွေက အရင်းနည်း တော့ အင်ဥ တစ်ဆယ်သားတစ်သောင်း၊တစ်သောင်းခွဲစျေးဆိုတော့ ဘယ်တင်ရောင်းနိုင်မလဲ။ ဒီအချိန်က အင်ဥ ရောင်းရမှန်းသိပေမယ့် ဝယ်မတင်ထားနိုင်ဘူး။ အင်ဥကလည်း ဒီအချိန်စားလို့ အကောင်းဆုံးအချိန်ဘဲဆိုတော့ စျေးကောင်းတာ သိပ်မထူးဆန်းဘူး ”ဟု ကြည့်မြင်တိုင်ညစျေးမှ ကုန်စိမ်းရောင်း သူတစ်ဦးကဆိုပါတယ်။

    ရာသီစာအစားအစာတစ်မျိုးဖြစ်သည့် အင်ဥစပေါ်ချိန်တွင် တစ်ပိဿာကို ငွေကျပ်တစ်သိန်းကျော်သဖြင့် နေ၍ ရောင်းချ သူများအနေဖြင့် အနည်းငယ်သာမှာယူ၍ ပြန်လည်ရောင်းချနေရ‌ပြီး တစ်ဆယ်သား လျှင် ငွေကျပ် (၁၅၀၀၀) ကျပ် နှုန်းဖြင့် ပြန်လည်ရောင်းချနေရကြောင်း သိရပါတယ်။

    ယခင်နှစ်က တစ်ဆယ်သားလျှင် ငွေကျပ်(၅၀၀၀)နှုန်းသာရှိသော အင်ဥများသည် ယခုနှစ်တွင် တစ် ဆယ်သား လျှင်ငွေကျပ်(၁၅၀၀၀)အထိဖြစ်လာခဲ့ပြီး သုံးဆခန့်ဈေးနှုန်းမြင့်တက်လာခြင်းလည်းဖြစ်ကြောင်း သိရပါတယ်။

    အင်ဥများကို မဘိန်း၊ မိုးမိတ်၊ ကသာ၊ လွိုင်ကော်နှင့် ရှမ်းပြည်နယ်မှ ထွက်ရှိပြီး အင်ဥများကို ခြောက်သွေ့ သောနေရာတွင် ထားပါက ၃ ရက်နီးပါး အထားခံပြီး ပူသောနေရာ ရေစိုသောနေရာတွင် ထားပါက ပျော့အိသွား ကြောင်းသိရပါတယ်။

    🟥 ရန်ကုန်၊မေ ၁၃

    မြတ်သူ

    #OpinionLeadersMedia မှ ကူးယူဖော်ပြပါသည်။

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
6
comments
0
views
1936