ရန်ကုန်တိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- #ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေတော့ ၇၀% ရှိကြောင်း - လက်ရှိဖြစ်ပေါ်နေတဲ့ပင်လယ်ပြင်အခြေအနေတွေနဲ့ အနောက်တောင်မုတ်သုံလေဝင်ရောက်လာနိုင်မဲ့အခြေအနေများအရ - - မေလ ၁၄ ရက်မှ စတင်ပြီး မိုးဦးကာလမိုးများ ရန်ကုန်တိုင်းအတွင်းစတင်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်းက အားပိုကောင်းလာပြီး မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို မေလ ၁၉ ရက်နေ့မှာဖြတ်ကျော်ဝင်ရောက်နိုင်မယ်၊ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေတော့ ၇၀% ရှိကြောင်း ECMWF Cyclone activity (including genesis) Chart မှာ နေ့စဉ်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ - ရန်ကုန်တိုင်းရဲ့ ခရိုင်အားလုံးမှာ မေလ ၁၅ ရက်နေ့က စ ပြီး မိုးများရာမှ မိုးအလွန်များနိုင်(မီလီမီတာ ၁၀၀ ကျော် = ၄ လက်မကျော်ခန့်အထိ) မိုးရေချိန်ရရှိနိုင်ပါတယ်။ - တောင်ဘက်နှင့်အနောက်တောင်ဘက်မှ လေပြင်းတစ်နာရီ ၁၀ မိုင်မှ ၂၅ မိုင် အထိတိုက်ခတ်နိုင်ကြောင်းတွေ့ရပြီး - - မေလ ၁၁ ရက်နေ့အထိ ၃၅°C ရှိနေတဲ့ အပူချိန်က မေလ ၁၂-၁၃ ရက်နောက်ပိုင်းကစပြီး ၃၀°C အထိကျဆင်းလာနိုင်ပါမယ်။ မိုးရွာပြီးချိန်မှာ လေထုစိုထိုင်းဆ ၈၀% အထက်မှာ ရှိနေပါမယ်။ - Weather Source: U Win Naing - ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ရန်ပြင်ဆင်ကြတော့မည့်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - မိုးစပါးအတွက် မျိုးရွေးချယ်ရာတွင် ရွက်ညိုပြောက်၊ စပါးဂုတ်ကျိုး၊ ဘက်တီးရီယားရွက်ခြောက်ကျခဲ့ဖူးသော အခင်းမှ မျိုးကိုမစိုက်ပါနဲ့။ - မဖြစ်မနေရွက်ညိုပြောက်ကျခဲ့ဖူးသော အခင်းမှမျိုးကိုပြန်လည်စိုက်မည်ဆိုပါက စပါးမျိုးစေ့များကို ဆားရည်တွင် မိနစ် ၂၀ ခန့်စိမ်ပြီးမှ စိုက်ပါ။ - မှိုမျိုးစေ့လူးနယ်ဆေးအသုံးပြုလိုပါက Captan ကိုရွေးချယ်နိုင်ပါတယ်။ - မိုးရာသီတွင် ပေါင်းများသည်နှိမ်နင်းရခက်သောအဓိကပြဿနာဖြစ်သောကြောင့် လယ်မြေကိုထယ်နက်နက်ထိုး၍ ကြိုတင်ပြင်ဆင်ထားပါ။ - စိုက်ခင်းအတွင်းပေါက်နေသောပေါင်းများအတွက် ရွေးချယ်မဲ့ပေါင်းသတ်ဆေးအသုံးပြုလိုပါက စပါးမစိုက်ခင် အနည်းဆုံး ၂ ပါတ်ခန့် ကြိုတင်အသုံးပြုဖို့လိုပါတယ်။ - ငါး၊ပုစွန်ကန်များအတွက် အကြံပြုချက် - "မိုးရာသီတွင် ငါးကန်များ၌ ဖြစ်တတ်သောအခြေအနေများ" သတိပြုရန် - မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးအုံ့နေသောကြောင့် ကန်ရေ၏အပူချိန်သည်လည်း ကျဆင်းနေတတ် ပါသည်။ - အပူချိန်ကျဆင်းမှုသည် ၂၅ဒီဂရီင်တီဂရိတ်အောက် ရောက်နေပါက ငါးများသွားလာလှုပ်ရှားမှုနည်း ခြင်းအပြင် အစာစားနှုန်းလည်း ကျဆင်းတတ်ပါသည်။ - ငါးမွေးကန်သည် မိုးအုံ့နေသောအချိန်တွင် နေရောင်ခြည် မရရှိသဖြင့် အလင်းမှီ အစာစုဖွဲ့ခြင်းအလုပ်ကို မလုပ်နိုင်ပါ။ - ထို့ကြောင့် ကန်အတွင်း ပျော်ဝင်အောက်စီဂျင် မထွက်ရှိနိုင်ပါ။ ကန်အတွင်း ပျော်ဝင်အောက်စီဂျင် နည်းပါးပြီး ငါးများအသက်ရှူနှုန်း အပြည့်အဝမရရှိနိုင်ပါ။ - -------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
