cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း မေလ ၁၆ ရက် မှ မေလ ၂၂ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မေလ ၁၅ ရက်နေ့မှာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ မုတ္တမကွေ့ကိုရောက်ရှိလာပြီဖြစ်တဲ့ အနောက်တောင်မုတ်သုံလေက မြန်မာပြည်အလယ်ပိုင်းဒေသများကို နောက် ၂ ရက်နှင့် ၃ ရက်အတွင်းရောက်ရှိလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။
  • မန္တလေးတိုင်းအတွင်း မေလ ၁၇ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေရှိနေပြီး ၂၄ နာရီအတွင်းအများဆုံးရရှိနိုင်မဲ့မိုးရေချိန် ၂၀ မီလီမီတာမှ ၃၀ မီလီမီတာ(၀.၈ လက်မခန့်မှ ၁.၂ လက်မခန့်)ရှိနိုင်ပါတယ်။ မန္တလေးတိုင်းမြောက်ပိုင်း(မန္တလေးမြို့အထက်ဘက်)က မိုးများတတ်တဲ့ မိုးကုတ်မြို့လိုဒေသမှာတောင် နေ့စဉ်မိုးရွာနိုင်ပေမဲ့ မိုးရေချိန်ရရှိနိုင်မည့်အခြေအနေက ၂၀ မီလီမီတာဝန်းကျင်(၀.၈ လက်မခန့်)သာရှိနိုင်ပါတယ်။ 

    မန္တလေးတိုင်းမှာ ဒီတပတ်အတွင်းလေတိုက်နှုန်းတွေက အများဆုံး တနာရီ ၁၀ မိုင်ခန့်၊ တောင်ဘက်၊ အရှေ့တောင်ဘက်နှင့် အနောက်တောင်ဘက်အရပ်တွေက တိုက်နိုင်ပါတယ်။  

    မေ ၁၇-၁၈ မိုးအသင့်အတင့်မှ မိုးများပြီးတဲ့နောက် အမြင့်ဆုံးနေ့အပူချိန်တွေ ၄°C ခန့် ကျဆင်းလာနိုင်တာကြောင့် အပူဆုံးမြို့တွေမှာ ၃၅°C မှ ၃၀°C ခန့်အထိ ကျဆင်းလာနိုင်ပါတယ်၊ မိုးကုတ်၊ ပြင်ဦးလွင် ကဲ့သို့ ဒေသတွေမှာတော့ နေ့အပူချိန်အမြင့်ဆုံး ၂၅°C နဲ့ ညအပူချိန် အနိမ့်ဆုံး ၂၀°C ခန့်အထိရှိနိုင်ကာ လေထုစိုထိုင်းဆ ၇၀% မှ ၉၀% ခန့်အထိ ရှိနေနိုင်ပါမယ်။ 

    မန္တလေးတိုင်းအတွင်းမှ မြို့များ၏ ၄ ရက် မိုးလေဝသကြိုတင်ခန့်မှန်းချက်များကြည့်ရန် - https://www.mmweather.org/divisional-cities-weather/mandalay-div 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home  

    မန္တလေးတိုင်းဒေသကြီးအတွင်း မိုးနှမ်းစိုက်မည့်တောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း မိုးနှမ်းစိုက်တောင်သူများ နှမ်းအထွက်တိုးစေရန်အတွက် ပေါင်းသတ်ဆေးနှင့် ရွက်ဖျန်းအားဆေးများကိုစနစ်တကျ ပက်ဖျန်းပေးရန်လိုအပ်ပါသည်။ နှမ်းမစိုက် ခင်နှင့် စိုက်ပြီး ၂ ရက်အတွင်း သုံးပေးရသော Metalochlor  ပါဝင်သည့် နှမ်းပေါင်းအုပ်ဆေး သုံး၍ လည်းကောင်း၊ နှမ်းအပင်ပေါက်ပြီး ၁၀-၄၅ ရက်အတွင်း Quizalofop-p-ethyl ပါဝင်သော ပေါင်းသတ်ဆေးဖျန်းပေးခြင်းဖြင့် လည်းကောင်း ပေါင်းများနှိမ်နင်းနိုင်ပါသည်။ ရွက်ဖျန်းအားဆေး အနေဖြင့် ပထမအကြိမ် - နှမ်းပင်(၂၀-၄၀)ရက်သား တွင် အမိုင်နိုအက်ဆစ်နှင့် နိုက်ထရိုဂျင်၊ ဖော့စဖောရက် များသော ရွက်ဖျန်းအားဆေးများ ပက်ဖျန်းပေးခြင်းဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် - နှမ်းပင်(၄၅-၅၀)ရက်သား ပန်းပွင့်စုံဖြိုင်ချိန် တွင် ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဘိုရွန်၊ မဂ္ဂနီဆီယမ်၊ နှင့် အခြားသော အနဲလိုအာဟာရဓာတ်များ ပါသော ရွက်ဖျန်းအားဆေးများ ပက်ဖျန်းပေးခြင်းဖြင့် လည်းကောင်း အပင်ကြီးထွားမှုကောင်း၊ အပွင့်အားကောင်းပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်ကာ ပန်းပွင့်တိုင်း သန္ဓေအောင်၍ အစေ့အဆံ ပြည့်ဝအောင်မြင်သော သီးရှဉ်းများများတင်စေ၍ နှမ်းအထွက်နှုန်းကို ကောင်းမွန်စေမှာဖြစ်ပါသည်။ 

    ငါး/ပုစွန်ကန်များအတွက်အကြံပြုချက်    

    ငါး၊ ပုစွန်ကန်များအတွင်း ကပ်ပါးပိုးမရှိအောင် ဆောင်ရွက်ဖို့ အကြုံပြုလိုက်ပါတယ်။ 

    - ကပ်ပါးပိုးတွေ ကန်ရေမှာရှိနေရင် (သို့မဟုတ်) ငါးမှာ ချိပ်ပိုးကပ်နေတာတွေ့ရင် ရေလဲလှယ်ပေးခြင်း (Water Exchange) လုပ်ရပါမယ်။  

    - ပြီးရင် ဆားကြမ်းကို ဆာလာအိတ်ထဲထည့်ပြီး ကန်ထဲမှာ ဝါးလုံးထောက်ချိတ်ဆွဲထားပေးရပါမယ်။  

    - ဒါမှ ကပ်ပါးပိုးရှိတဲ့ ငါးတွေက အဲ့ဒီ ဆားအိတ်နှင့် လာပွတ်ပြီး ကပ်ပါးကိုခွာချခြင်း လုပ်ဆောင်မှာဖြစ်ပါတယ်။  

    - ကပ်ပါးပြင်းထန်မယ်ဆိုရင်တော့ Ivermectin, Copper Sulphate (ဒုတ္ထာ)သုံးပေးလို့ရပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေဖြင့် ကပ်ပါးပိုးမရှိရအောင် ငါးကန်အသစ် စပြင်တဲ့အချိန်ထဲက ရေတစ်လီတာမှာ ကလိုရင်း ၂၀မီလီဂရမ် (Chlorine 20mg per litre) သို့မဟုတ် ၁ဧကအတွက် မဖောက်ထုံး ၆၀၀ ကီလိုဂရမ် (Calcium Oxide 600kg/acre)ဖြင့်ငါးကန်အသစ်သို့ ရေနှင့် ငါးမထည့်ခင် ကြိုတင်ပြီး ပိုးသတ်ခြင်း(Disinfection)လုပ်ထားလို့ရပါတယ်။

    ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 

    ------------ 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/504


  • article
likes
5
comments
0
views
6130