မန္တလေးတိုင်း မေလ ၁၆ ရက် မှ မေလ ၂၂ ရက်အထိ မိုးလေဝသအခြေအနေ
- မေလ ၁၅ ရက်နေ့မှာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ မုတ္တမကွေ့ကိုရောက်ရှိလာပြီဖြစ်တဲ့ အနောက်တောင်မုတ်သုံလေက မြန်မာပြည်အလယ်ပိုင်းဒေသများကို နောက် ၂ ရက်နှင့် ၃ ရက်အတွင်းရောက်ရှိလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ - မန္တလေးတိုင်းအတွင်း မေလ ၁၇ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေရှိနေပြီး ၂၄ နာရီအတွင်းအများဆုံးရရှိနိုင်မဲ့မိုးရေချိန် ၂၀ မီလီမီတာမှ ၃၀ မီလီမီတာ(၀.၈ လက်မခန့်မှ ၁.၂ လက်မခန့်)ရှိနိုင်ပါတယ်။ မန္တလေးတိုင်းမြောက်ပိုင်း(မန္တလေးမြို့အထက်ဘက်)က မိုးများတတ်တဲ့ မိုးကုတ်မြို့လိုဒေသမှာတောင် နေ့စဉ်မိုးရွာနိုင်ပေမဲ့ မိုးရေချိန်ရရှိနိုင်မည့်အခြေအနေက ၂၀ မီလီမီတာဝန်းကျင်(၀.၈ လက်မခန့်)သာရှိနိုင်ပါတယ်။ - မန္တလေးတိုင်းမှာ ဒီတပတ်အတွင်းလေတိုက်နှုန်းတွေက အများဆုံး တနာရီ ၁၀ မိုင်ခန့်၊ တောင်ဘက်၊ အရှေ့တောင်ဘက်နှင့် အနောက်တောင်ဘက်အရပ်တွေက တိုက်နိုင်ပါတယ်။ - မေ ၁၇-၁၈ မိုးအသင့်အတင့်မှ မိုးများပြီးတဲ့နောက် အမြင့်ဆုံးနေ့အပူချိန်တွေ ၄°C ခန့် ကျဆင်းလာနိုင်တာကြောင့် အပူဆုံးမြို့တွေမှာ ၃၅°C မှ ၃၀°C ခန့်အထိ ကျဆင်းလာနိုင်ပါတယ်၊ မိုးကုတ်၊ ပြင်ဦးလွင် ကဲ့သို့ ဒေသတွေမှာတော့ နေ့အပူချိန်အမြင့်ဆုံး ၂၅°C နဲ့ ညအပူချိန် အနိမ့်ဆုံး ၂၀°C ခန့်အထိရှိနိုင်ကာ လေထုစိုထိုင်းဆ ၇၀% မှ ၉၀% ခန့်အထိ ရှိနေနိုင်ပါမယ်။ - မန္တလေးတိုင်းအတွင်းမှ မြို့များ၏ ၄ ရက် မိုးလေဝသကြိုတင်ခန့်မှန်းချက်များကြည့်ရန် - https://www.mmweather.org/divisional-cities-weather/mandalay-div - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါး/ပုစွန်ကန်များအတွက်အကြံပြုချက် - ငါး၊ ပုစွန်ကန်များအတွင်း ကပ်ပါးပိုးမရှိအောင် ဆောင်ရွက်ဖို့ အကြုံပြုလိုက်ပါတယ်။ - - ကပ်ပါးပိုးတွေ ကန်ရေမှာရှိနေရင် (သို့မဟုတ်) ငါးမှာ ချိပ်ပိုးကပ်နေတာတွေ့ရင် ရေလဲလှယ်ပေးခြင်း (Water Exchange) လုပ်ရပါမယ်။ - - ပြီးရင် ဆားကြမ်းကို ဆာလာအိတ်ထဲထည့်ပြီး ကန်ထဲမှာ ဝါးလုံးထောက်ချိတ်ဆွဲထားပေးရပါမယ်။ - - ဒါမှ ကပ်ပါးပိုးရှိတဲ့ ငါးတွေက အဲ့ဒီ ဆားအိတ်နှင့် လာပွတ်ပြီး ကပ်ပါးကိုခွာချခြင်း လုပ်ဆောင်မှာဖြစ်ပါတယ်။ - - ကပ်ပါးပြင်းထန်မယ်ဆိုရင်တော့ Ivermectin, Copper Sulphate (ဒုတ္ထာ)သုံးပေးလို့ရပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေဖြင့် ကပ်ပါးပိုးမရှိရအောင် ငါးကန်အသစ် စပြင်တဲ့အချိန်ထဲက ရေတစ်လီတာမှာ ကလိုရင်း ၂၀မီလီဂရမ် (Chlorine 20mg per litre) သို့မဟုတ် ၁ဧကအတွက် မဖောက်ထုံး ၆၀၀ ကီလိုဂရမ် (Calcium Oxide 600kg/acre)ဖြင့်ငါးကန်အသစ်သို့ ရေနှင့် ငါးမထည့်ခင် ကြိုတင်ပြီး ပိုးသတ်ခြင်း(Disinfection)လုပ်ထားလို့ရပါတယ်။ - ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - ------------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/504 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
