cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်ရှိ ပဲတီစိမ်း ဈေးနှုန်း သုံးသပ်ချက်

. Market Analysis
တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ယခင်လထက် ၆၅၃ ကျပ် တက်တာကို တွေ့ရပါတယ်။ ထို့အတူ ပဲတီစိမ်း(ဝါးခယ်မ)(အက်ဖ်အေကျူ၊အက်စ်ကျူ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းလည်း ယခင်လ ထက် ၃၀၇/-ကျပ် နီးပါး တက်သွားပါတယ်။
  • ရန်ကုန်ဈေးကွက်ရှိ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ပဲတီစိမ်း(ပဲခူးရွှေဝါ) နှင့် ပဲတီစိမ်း(ဝါးခယ်မ) တို့၏ တစ်ပိဿာစျေးနှုန်းများကို လေ့လာ သော် ပဲတီစိမ်း(ခရမ်းရွှေဝါ) နှင့် ပဲတီစိမ်း(ပဲခူးရွှေဝါ) စျေးနှုန်းတို့မှာ ၆၈၃၀ကျပ် ဝန်းကျင်စျေးပေါက်နေပြီး၊ ပဲတီစိမ်း(ဝါးခယ်မ)(အက်ဖ်အေကျူ၊အက်စ်ကျူ) ဈေးနှုန်းမှာ ၅,၈၃၀ ကျပ်မှ ၇၁၈၅ ကျပ် ဝန်းကျင် ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ ပေါက်စျေးနှုန်းများသည် နေရာ၊ ဒေသ၊ အချိန်ကို လိုက်ပြီး စျေးကွာခြားနိုင်ပါတယ်။ ယခုပေါက်စျေးနှုန်းများသည် ရန်ကုန်တိုင်း၊ဘုရင့်နောင်စျေးက တစ်ပိဿာ ပေါက်စျေးနှုန်းများကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ 

    ယခင်လ (ဧပြီလ)နဲ့ ယခုလ (မေလ) နှိုင်းယှဉ်ချက်  

    ၂၀၂၅ ခုနှစ်၊ ဧပြီလ နဲ့ မေလ ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ယခုလ (ဒုတိယအပတ်အထိ) ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ နှင့် ပဲတီစိမ်း(ပဲခူးရွှေဝါ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ယခင်လထက် ၆၅၃ ကျပ် တက်တာကို တွေ့ရပါတယ်။ ထို့အတူ ပဲတီစိမ်း(ဝါးခယ်မ)(အက်ဖ်အေကျူ၊အက်စ်ကျူ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းလည်း ယခင်လ ထက် ၃၀၇/-ကျပ် နီးပါး တက်သွားပါတယ်။  

    ၂၀၂၅ ခုနှစ် လအလိုက်ပေါက်စျေးနှုန်းများ  

    ၂၀၂၅ ခုနှစ်၊ နှစ်စမှ လက်ရှိ မေလ ၁၅ ရက် အထိ ပဲတီစိမ်း ပျှမ်းမျှစျေး နှုန်းများကို လေ့လာသော် ပဲတီစိမ်း(ခရမ်းရွှေဝါ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလ တွင် ၅,၅၄၄/ကျပ်၊ ဖေဖော်ဝါရီတွင် ၅,၅၃၄- ကျပ်၊ မတ်လတွင် ၅,၅၃၅/-ကျပ်၊ ဧပြီလတွင် ၅,၉၉၄/-ကျပ်၊ မေလတွင် ၆၆၄၇/ကျပ် ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။  

    ပဲတီစိမ်း(ပဲခူးရွှေဝါ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလ တွင် ၅,၄၈၂/ကျပ်၊ ဖေဖော်ဝါရီတွင် ၅,၅၃၄- ကျပ်၊ မတ်လတွင် ၅,၅၃၅/-ကျပ်၊ ဧပြီလတွင် ၅,၉၉၄/-ကျပ်၊ မေလတွင် ၆၆၄၇/ကျပ် ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။  

    ပဲတီစိမ်း(ဝါးခယ်မ)(အက်ဖ်အေကျူ၊အက်စ်ကျူ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလ တွင် ၅,၆၀၆/ကျပ်၊ ဖေဖော်ဝါရီတွင် ၅,၆၆၈- ကျပ်၊ မတ်လတွင် ၅,၆၅၄/-ကျပ်၊ ဧပြီလတွင် ၆,၁၂၆/-ကျပ်၊ မေလတွင်၆၄၃၂/ကျပ် ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။  

    သုံးသပ်ခန့်မှန်းချက် 

    ရန်ကုန်ဈေးကွက်တွင် ပဲတီးစိမ်း ဈေးနှုန်းများ ယခင်လထက် အနည်းငယ်စျေးတက်လာတာတွေ့ရပါတယ်။ ပဲတီစိမ်းကပြည်ပ၀ယ်လိုအားရှိနေပြီး ပြည်တွင်းတွင် ပစ္စည်းလက်ကျန်လျော့နည်းလာခြင်း နှင့် စိုက်ပျိုးရာသီ၊ မျိုး အဝယ်လိုက်နေသောကြောင့် ယခုတပတ်စျေးမြင့်တက်လာခြင်းဖြစ်နိုင်ကြောင်းခန့်မှန်းရပါတယ်။

    ထွက်တိုး  

    ------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
likes
3
comments
0
views
3211