cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ် မေလ ၁၇ ရက် မှ မေလ ၂၃ ရက်အထိ မိုးလေဝသခြေအနေ

. Weather News
မုတ်သုံဝင်ရောက်မှုရှမ်းပြည်နယ်အထိမရောက်နိုင်သေးတာကြောင့် လေပြေတိုက်ခတ်မှုသာရှိနိုင်ပြီး မိုးတိမ်တောင်ကြီးများဝင်လာချိန် စိုက်ဆင်းလေပြင်းကျရောက်နိုင်ခြင်းကိုသာသတိထားဖို့ လိုပါမယ်။
  • မေလ ၁၆ ရက်နေ့အထိ အနောက်တောင်မုတ်သုံလေက မုတ္တမကွေ့ ကပ္ပလီပင်လယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်တွေအထိသာရောက်ရှိနေသေးတာဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာနကထုတ်ပြန်တဲ့ မုတ်သုံလေဝင်ရောက်မှု အခြေအနေပြပုံမှာတွေ့ရပါတယ်။ 

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုးအသင့်အတင့်ရွာနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ဒီရက်သတ္တပါတ်တပတ်အတွင်း ၂ ရက်မှ ၃ ရက်ခန့် ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာနှင့်အထက် ရွာသွန်းကာမိုးများနိုင်ပါတယ်။ ကြိုတင်ခန့်မှန်းချက်တွေအရ မေလ ၁၆ ရက် မှ ၁၉ ရက်အတွင်းမိုးများနိုင်တာဖြစ်ပါတယ်။ ၁၈-၁၉ ရက်လွန်ပြီးတဲ့နောက် မေ ၂၅ ရက်အထိ မိုးအားပြန်လည်လျော့နည်းနေနိုင်ပါမယ်။ 

    ရှမ်းပြည်နယ်တောင်ပိုင်းမှာ နေ့အပူချိန်(အမြင့်ဆုံးအပူချိန်) ၂၅°C နဲ့ ညအပူချိန်(အနိမ့်ဆုံးအပူချိန်) ၂၀°C အောက်အထိ ကျဆင်းနေနိုင်ပါတယ်။ 

    ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့အပူချိန် ၃၀°C အထိမြင့်တက်နေနိုင်ပြီး ညဘက်-အနိမ့်ဆုံးအပူချိန် ၂၃°C အထိ ကျဆင်းနေနိုင်ပါမယ်။ 

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ နေ့အပူချိန် ၂၈°C နဲ့ အနိမ့်ဆုံး ညအပူချိန် ၂၁°C အထိကျဆင်းနိုင်ပါမယ်။ 

    မုတ်သုံဝင်ရောက်မှုရှမ်းပြည်နယ်အထိမရောက်နိုင်သေးတာကြောင့် လေပြေတိုက်ခတ်မှုသာရှိနိုင်ပြီး မိုးတိမ်တောင်ကြီးများဝင်လာချိန် စိုက်ဆင်းလေပြင်းကျရောက်နိုင်ခြင်းကိုသာသတိထားဖို့ လိုပါမယ်။ 

    ဒီတစ်ပတ်အတွင်း မိုးများ၍ ရေကြီးနိုင်ချေနဲ့ တောင်ကျချောင်းရေကျဆင်းနိုင်ချေ များမရှိသေးပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်ပျိုးမည့်တောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်ပျိုးမည့်တောင်သူများ အဓိကနှိမ်နင်းပေးရမည့် အရေးကြီး ဖျက်ပိုးမှာ ပြောင်းရွက်ဖြတ်ပိုး (Armyworm) ဖြစ်ပါတယ်။ အပင်ငယ်စဉ်ကနေ မြိတ်ဆာထွက်တဲ့အထိ ဖျက်ဆီးနိုင်တဲ့အတွက် ဂရုစိုက်ရပါမယ်။ ဖလံအမဟာ နွေဦးရာသီမှာ ဥအုတတ်ပြီး ပထမသားဆက်ကို မေလမှ ဇွန်လအထိ တွေ့ရတတ်ပါတယ်။ ပြောင်းဖူးပင်ပေါက်စ အပင်ငယ်အရွယ်ကို ဖျက်ဆီးလေ့ ရှိပါတယ်။ ပြောင်းဖူးရွက်ဖြတ်ပိုးများဟာ ပြောင်းခင်းအနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ ခြုံ၊ မြက်၊ နှံစား သီးနှံတွေမှာ ခိုအောင်းပြီး သူ့တို့ရဲ့ဘဝသက်တမ်းကို ရှင်သန်အောင်နေတယ်။ ခိုအောင်းနေပြီး ပြောင်းဖူးစိုက်ပျိုးချိန်ရောက်ရင် ပြောင်းဖူးခင်းကို အလုံးအရင်းနဲ့ ဝင်ရောက် ဖျက်ဆီးတတ်တယ်။ ကာကွယ်နှိမ်နင်းနည်းများမှာ - 

    • ပြောင်းစိုက်ခင်း ပတ်ဝန်းကျင်ရှိ ခြုံမြက်၊ ပေါင်းများကို ပြောင်အောင်ရှင်း၊ မီးရှို့ပစ်ပါ။ 
    • ပြောင်းရွက်ပေါ်မှာ ဥတွေအစုအပြုံလိုက်တွေ့ရင် ကောက်ယူ ဖျက်ဆီးပစ်ပါ။ 
    • ညပိုင်းမှာ အပင်ပေါ်တက်ပြီး စားသောက်တတ်တဲ့အတွက် Imidacloprid၊Lambda cyhalothrin နှင့်  Abamectin ပါသောဆေးများအား ညနေပိုင်းတွင်ဖျန်းပေးပါ။ 
    • ပင်ဖြတ်ပိုးကျရောက်ထားသော စိုက်ခင်းရိတ်သိမ်းပြီးပါက ထယ်ထိုးမြေလှန်၍ ရုပ်ဖုံးများသေအောင် နေလှန်းထားပါ။  
    • မြေပြုပြင်ချိန်တွင် Fipronil ကြဲပက်၍ မြေပြုပြင်ပေးပါ။  

    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက်

    မိုးဦးလည်းဝင်လာပြီဆိုတော့ ငါးကန်များ အ‌စာ‌ကျွေးရာမှာ အလေအလွင့်မဖြစ်စေဖို့ အကြံပြုအပ်ပါသည်။ 

    - မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကြောင့် ငါးများ အစာစားနှုန်း ကျတတ်ပါသည်။ 

    - အစာများ စျေးကြီးနေချိန် အလေအလွှင့် မဖြစ်စေဖို့ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျွေးပေးသင့်ပါသည်။ 

    - ဗီတာမင်စီ၊ သတ္တုဓာတ်တို့ ထည့်သွင်းကျွေးခြင်းဖြင့် ငါး၊ပုစွန်များ ခံနိုင်ရည်ရှိမှုကို ကောင်းစေပါသည်။ 

    - ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။ 

    - အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်‌သောကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။ 

    ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 

    ------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
6347