ရှမ်းပြည်နယ်အတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- မေလ ၁၆ ရက်နေ့အထိ အနောက်တောင်မုတ်သုံလေက မုတ္တမကွေ့ ကပ္ပလီပင်လယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်တွေအထိသာရောက်ရှိနေသေးတာဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာနကထုတ်ပြန်တဲ့ မုတ်သုံလေဝင်ရောက်မှု အခြေအနေပြပုံမှာတွေ့ရပါတယ်။ - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုးအသင့်အတင့်ရွာနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ဒီရက်သတ္တပါတ်တပတ်အတွင်း ၂ ရက်မှ ၃ ရက်ခန့် ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာနှင့်အထက် ရွာသွန်းကာမိုးများနိုင်ပါတယ်။ ကြိုတင်ခန့်မှန်းချက်တွေအရ မေလ ၁၆ ရက် မှ ၁၉ ရက်အတွင်းမိုးများနိုင်တာဖြစ်ပါတယ်။ ၁၈-၁၉ ရက်လွန်ပြီးတဲ့နောက် မေ ၂၅ ရက်အထိ မိုးအားပြန်လည်လျော့နည်းနေနိုင်ပါမယ်။ - ရှမ်းပြည်နယ်တောင်ပိုင်းမှာ နေ့အပူချိန်(အမြင့်ဆုံးအပူချိန်) ၂၅°C နဲ့ ညအပူချိန်(အနိမ့်ဆုံးအပူချိန်) ၂၀°C အောက်အထိ ကျဆင်းနေနိုင်ပါတယ်။ - ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့အပူချိန် ၃၀°C အထိမြင့်တက်နေနိုင်ပြီး ညဘက်-အနိမ့်ဆုံးအပူချိန် ၂၃°C အထိ ကျဆင်းနေနိုင်ပါမယ်။ - ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ နေ့အပူချိန် ၂၈°C နဲ့ အနိမ့်ဆုံး ညအပူချိန် ၂၁°C အထိကျဆင်းနိုင်ပါမယ်။ - မုတ်သုံဝင်ရောက်မှုရှမ်းပြည်နယ်အထိမရောက်နိုင်သေးတာကြောင့် လေပြေတိုက်ခတ်မှုသာရှိနိုင်ပြီး မိုးတိမ်တောင်ကြီးများဝင်လာချိန် စိုက်ဆင်းလေပြင်းကျရောက်နိုင်ခြင်းကိုသာသတိထားဖို့ လိုပါမယ်။ - ဒီတစ်ပတ်အတွင်း မိုးများ၍ ရေကြီးနိုင်ချေနဲ့ တောင်ကျချောင်းရေကျဆင်းနိုင်ချေ များမရှိသေးပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက် - မိုးဦးလည်းဝင်လာပြီဆိုတော့ ငါးကန်များ အစာကျွေးရာမှာ အလေအလွင့်မဖြစ်စေဖို့ အကြံပြုအပ်ပါသည်။ - - မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကြောင့် ငါးများ အစာစားနှုန်း ကျတတ်ပါသည်။ - - အစာများ စျေးကြီးနေချိန် အလေအလွှင့် မဖြစ်စေဖို့ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျွေးပေးသင့်ပါသည်။ - - ဗီတာမင်စီ၊ သတ္တုဓာတ်တို့ ထည့်သွင်းကျွေးခြင်းဖြင့် ငါး၊ပုစွန်များ ခံနိုင်ရည်ရှိမှုကို ကောင်းစေပါသည်။ - - ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။ - - အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်သောကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။ - ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
