cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း မေလ ၁၉ ရက် မှ မေလ ၂၅ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မိုးမှန်မှန်နဲ့ မိုးတွင်းလိုမိုးတွေစွေပြီးရွာနေနိုင်မဲ့ အခြေအနေတွေက “မေလ ၂၄-၂၅ ရက်နေ့နောက်ပိုင်းမှာမှ ပင်လယ်ပြင်မှာဖြစ်ပေါ်တဲ့ မိုးလေဝသအခြေအနေတွေအရ ဖြစ်လာနိုင်ပါမယ်။
  • အနောက်တောင်မုတ်သုံလေက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေကို မေလ ၁၇ ရက်နေ့မှာဝင်ရောက်ခဲ့ပြီးဖြစ်တာကြောင့် ရန်ကုန်တိုင်းမှာလဲ မုတ်သုံမိုးတွေ နေရာကွက်ကျားမှနေရာစိပ်စိပ် စတင်ရွာသွန်းနေပြီဖြစ်ပါတယ်၊ ပင်လယ်ဘက်ကဝင်လာတဲ့ မိုးတိမ်တွေ၊ ကုန်းမြေပေါ်မှာဖြစ်လာတဲ့ မိုးတိမ်တောင်တွေကြောင့် သူတို့ရွေ့လျားဝင်ရောက်ရာ လမ်းတစ်လျှောက် နေရာကွက်ပြီး မိုးများတာတွေလဲ ဖြစ်လာနိုင်ပါမယ်။ 

    မိုးမှန်မှန်နဲ့ မိုးတွင်းလိုမိုးတွေစွေပြီးရွာနေနိုင်မဲ့ အခြေအနေတွေက “မေလ ၂၄-၂၅ ရက်နေ့နောက်ပိုင်းမှာမှ ပင်လယ်ပြင်မှာဖြစ်ပေါ်တဲ့ မိုးလေဝသအခြေအနေတွေအရ ဖြစ်လာနိုင်ပါမယ်။ 

    လက်ရှိနောက်ဆုံးရခန့်မှန်းချက်တွေအရ မေလ ၂၄ ရက်ဝန်းကျင်မှ မေလ ၂၈ ရက်အတွင်း ၂၄ နာရီ-မိုးရေချိန် ၄၀ မီလီမီတာအထက်(၁ လက်မခွဲကျော်)ရွာသွန်းပြီး မိုးများနိုင်ပါမယ်။ 

    ⚠️ မေလ ၂၆ ရက်ကျော်ရင်တော့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် မိုးသက်လေပြင်းကျနိုင်တဲ့ အခြေအနေတွေဖြစ်လာနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် လေတိုက်နှန်ုး တစ်နာရီ မိုင် ၄၀ ခန့်အထိ ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက် 

    မေလမှစတင်ပြီး ငါးခုံးမ နှင့်ငါးမြစ်ချင်းငါးများ ဆေးထိုးသားဖောက်ပြုလုပ်နိုင်ကြပါသည်။ ဆေးထိုးသားဖောက်ခြင်းမှ ရရှိလာသော သားလောင်းများ(ငါးမှုန်) ကို ငါးသန် နှင့်ငါးဖျန်းအထိပြုစုမွေးမြူခြင်းကာလသည် အချိန်တိုအတွင်း ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ 

    ငါးသားပေါက်ပြုစုရာတွင် ငါးမှုန်ကန်အရွယ်အစားသည် (၀.၂၅)ဧကမှ (၀.၅)ဧကအရွယ်သာရှိသင့်ပါသည်။ 

    ကန်ကိုပတ်ကြားအက်အောင် အခြောက်ခံပြီး တစ်ဧကလျှင် အနည်းဆုံး ထုံး(၂၀၀)ပိဿာခန့် ဖြူးပေးပါ၊ ကန်အောက်ခြေအပြင် ကန်ဘောင်အတွင်းပိုင်းနံရံများကိုပါ ထုံးအနှံ့ပက်ပေးရန် လိုအပ်ပါသည်။ 

    ထို့နောက် ရေကို ရေစစ်ဖြင့် ရေသွင်းခြင်းကို ဆောင်ရွက်ပေးပါ။ သွင်းသောရေတွင် အနယ်အနှစ်များမပါဝင်စေရန်၊ ငါးရိုင်းနှင့်သားစားငါးများ မပါရှိစေရန် အထူး ဂရုစိုက်ပါ။  

    ငါးမှုန်ပြုစုကန်၏ ကန်ရေအနက်သည် အနည်းဆုံး (၁)ပေခွဲမှ အများဆုံး(၂)ပေသာ ထားသင့်ပါသည်။ 

    ငါးမှုန်ကန်ပတ်ပတ်လည်ကို အခြားသောသတ္တဝါများနှင့် အင်းဆက်ပိုးများမဝင်ရောက်နိုင်စေရန် ပိုက်စိမ်းဖြင့် ကာရန်ပေးထားဖို့ လိုအပ်ပါသည်။ 

    ------ 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်။ 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/5043


  • article
likes
2
comments
0
views
3490