cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း မေလ ၂၀ ရက်မှ မေလ ၂၆ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မေလ ၂၄ ရက်နှင့်နောက်ပိုင်းရက်များတွင် မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်။ မေလ ၂၄ ရက်ရှေ့ပိုင်းရက်တွေမှာ များသောအားဖြင့် မိုးအနည်းငယ်မှ အသင့်အတင့်သာ ထစ်ချုန်းရွာနိုင်မည့် ဒေသများက ပိုမိုများပြားနေပြီး ပဲခူးတိုင်းအရှေ့ခြမ်းမှာ မိုးပိုများနေနိုင်ပါမယ်။
  • မေလ ၁၉ ရက်နေ့မှာ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအထိ ဝင်ရောက်ပြီးဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာန (IMD) မှ ယနေ့ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအနှံ့အပြား မိုးဆက်လက်ရွာသွန်းနေမည်ဖြစ်သော်လည်း မိုးရွာသွန်းမှုအနည်းအများသည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ထူးခြားမိုးလေဝသအခြေအနေများ (လေပွေလှိုင်း၊ လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်း) များ ဖြစ်ပေါ်ရွေ့လျားသည့်အခြေအနေပေါ်တွင် မူတည်နေမည်ဖြစ်ပါတယ်။ 

    ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းမှ မြို့နယ်များတွင် - 

    မေလ ၂၄ ရက်နှင့်နောက်ပိုင်းရက်များတွင် မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်။ မေလ ၂၄ ရက်ရှေ့ပိုင်းရက်တွေမှာ များသောအားဖြင့် မိုးအနည်းငယ်မှ အသင့်အတင့်သာ ထစ်ချုန်းရွာနိုင်မည့် ဒေသများက ပိုမိုများပြားနေပြီး ပဲခူးတိုင်းအရှေ့ခြမ်းမှာ မိုးပိုများနေနိုင်ပါမယ်။ 

    ပဲခူးတိုင်းအရှေ့/အနောက်ခြမ်းဒေသတွေမှာ အမြင့်ဆုံး နေ့အပူချိန် ၃၄°C အထိ ရှိနိုင်ပြီး၊ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပါမယ်။ 

    ပဲခူးတိုင်းအရှေ့ခြမ်းတွင် တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်အထိရှိနိုင်ပြီး ပဲခူးတိုင်းအနောက်ခြမ်းတွင် တောင်-အနောက်တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၁၂ မိုင်ခန့်အထိ ရှိနိုင်ပါမယ်။ 

    မုတ်သုံဝင်ရောက်ပြီးချိန် မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်ပြီး စိုစွတ်စိုက်ဆင်းလေပြင်းအန္တရာယ်ရှိနိုင်ကြောင်း သတိပြုကြရပါမယ်။ 

    ယခုရက်သတ္တပတ် (၁) ပါတ်အတွင်း မြစ်ရေကြီးခြင်း၊ မြို့များတွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်သည်အထိ မိုးများနိုင်မည့်အခြေအနေများ မရှိနိုင်ပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နှမ်း၊ မြေပဲစိုက်တောင်သူများထံသို့ 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် 

    • ပေါင်းအုပ်ဆေးအနေနဲ့ (ပေါင်းမပေါက်ခင်) နှမ်းကြဲပြီးပြီးခြင်း၊ ကြမ်းအုပ်ပြီးပြီးခြင်း မြေပြင်ကို ပေါင်းအုပ်ဆေး Metolachlor ဖျန်းနိုင်ပါတယ်။ 
    • သီးနှံစိုက်ပျိုးပြီးမှ ထွက်လာသောမြက်ပေါင်းများအတွက် ပေါင်းပင်များ အရွက် ၂-၄ ရွက်ထွက်ချိန် (ပေါင်းပေါက်ပြီး) Quizalofop-p-ethyl ကိုအသုံးပြုနိုင်ပါတယ်။ 
    • မြေပဲစိုက်တောင်သူများအတွက် နှစ်စဥ်ဖိုးလမင်းကျိုင်းကျရောက်သော လက္ခဏာကိုတွေ့ရပါက မြေပြင်ချိန်တွင် မြေအောင်းပိုးသတ်ဆေး Fipronil အခဲ (သို့မဟုတ်) Carbosulfan ကိုထည့်သွင်းပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။ 
    • နွားချေးထည့်သွင်းပြုပြင်လိုပါက ကောင်းကောင်းဆွေးမြည့်နေသောနွားချေးကိုသာ ရွေးချယ်ဖို့ အကြံပေးလိုက်ပါတယ်။ 

    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက် 

    -ငါးမွေးကန်များတွင် ရေဩဇာရရှိနေခြင်းသည် ငါးတို့၏ သဘာဝအစာဖန်တီးပေးခြင်းဖြစ်ပါသည်။ ထို့ ကြောင့် ငါးကန်၏ ကန်ရေကို အမြဲတမ်းအစိမ်းရောင်ဖြစ်လာစေရန်(တစ်နည်း ရေဩဇာတက်လာစေရန်) မြေဩ ဇာထည့်သွင်းခြင်းကို ဆောင်ရွက်ကြပါသည်။ 

    -ငါးမွေးကန်အတွင်း မြေဩဇာထည့်သွင်းပြီး (၂)ပတ် (သို့မဟုတ်) ၁ ၄ရက်ကြာသောအခါ ကန်ရေဩဇာအမြင့်ဆုံးအခြေအနေရောက်ရှိလာပါသည်။ တစ်နည်းအားဖြင့် သက်ရှိအစာ ပေါက်ဖွားနှုန်းသည် အမြင့်ဆုံးရောက်ပြီးနောက်ပိုင်းတွင် တဖြည်းဖြည်းကျဆင်းလာပါသည်။ 

    -ကန်အတွင်း ငါးများ ဆက်လက်ပုံမှန်ကြီးထွားရန်အတွက် သဘာဝအစာ အမြဲဆက်လက်ရှိနေစေရန် လိုအပ်သောကြောင့် (၂)ပတ် ၁၄ ရက်လျှင် မြေဩဇာများထပ်မံဖြည့်ထည့်ပေးရန်လိုအပ်ပါသည်။ 

    -ထိုသို့မဟုတ်ပါက ကန်အတွင်းမွေးမြူထားသော ငါးများ အာဟာရချို့တဲ့ပြီး ငါးများကြီးထွားခြင်း မရှိနိုင်ပါ၊ ရောဂါကျရောက်ခြင်းများရှိလာနိုင်ပါသည်။ 

    မြေဩဇာထည့်သွင်းရမည့်နှုန်းကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ 

    မြေဩဇာအမျိုးအစား တစ်ဧကထည့်သွင်းရမည်နှုန်း 

    သစ်ရွက်ဆွေးမြေဩဇာ - ၃၁ ပိဿာ မှ ၆၂ ပိဿာ 

    ယူရီယားမြေဩဇာ - ၄ ပိဿာ မှ ၉ ပိဿာ 

    တီစူပါ မြေဩဇာ - ၃ ပိဿာ မှ ၄ ပိဿာ 

    ထည့်ရမည့်အကြိမ် - ၇ ရက်တစ်ကြိမ်  

    ------ 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်။ 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
6255