cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း မေလ ၂၁ ရက်မှ မေလ ၂၇ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မိုးရာသီအတွင်း ပုံမှန်မိုးရွာသွန်းခြင်းများအပြင်၊ ပင်လယ်ပြင်မှာ ဖြစ်ပေါ်လာတဲ့ ထူးခြားမိုးလေဝသအခြေအနေများဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်း / မုန်တိုင်းတွေက မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတွေကို ပိုမိုဖြစ်ပေါ်စေမှာပါပဲ။
  • မေလ ၁၉ ရက်နေ့မှာ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဝင်ရောက်ခဲ့ပြီး နောက်လာမည့် ၂ ရက်ခန့်မှာ မြန်မာတစ်နိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေဆက်လက်ဝင်ရောက်ပြီး မိုးရာသီအတွင်း တစ်နိုင်ငံလုံးကို ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ 

    မိုးရာသီအတွင်း ပုံမှန်မိုးရွာသွန်းခြင်းများအပြင်၊ ပင်လယ်ပြင်မှာ ဖြစ်ပေါ်လာတဲ့ ထူးခြားမိုးလေဝသအခြေအနေများဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်း / မုန်တိုင်းတွေက မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတွေကို ပိုမိုဖြစ်ပေါ်စေမှာပါပဲ။ 

    မိုးနည်းရေရှားဒေသအတွင်းမှာပါဝင်ပြီး အပူချိန်လွန်ကဲခြင်းတွေ ဖြစ်နေခဲ့တဲ့ မကွေးတိုင်းအတွင်းမှာ မိုးဦးနဲ့ မိုးလယ်ကာလအတွင်း (မေလ ၁၆ ရက်မှ ဩဂုတ်လ ၃၁ ရက်အတွင်းမှာ) အနောက်ဘက်နဲ့ တောင်ဘက်ကတိမ်များရွေ့လျားဝင်ရောက်ရာလမ်းတလျှောက် မိုးများတတ်ပါတယ်၊ ကြိုတင်ခန့်မှန်းချက်များမှာ မေလ ၂၅-၂၆-၂၇ ရက်များနှင့် နောက်ပိုင်းရက်တွေအတွင်း မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။ မိုးနှောင်းနဲ့ မိုးလွန်ကာလများအတွင်း (စက်တင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အတွင်း) မှာတော့ တောင်တရုတ်ပင်လယ်ဘက်မှာ ဖြစ်ပေါ်လာတတ်တဲ့ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များက မိုးတွေသယ်ဆောင်လာတတ်ပါတယ်။ 

    အခု ၁ ပတ်အတွင်းမှာ ရွာသွန်းလာနိုင်မဲ့ မိုးများကြောင့် နေ့အပူချိန်များ ၄၀°C ခန့်ရှိနေရာမှ ၃၀°C ခန့်အထိ ကျဆင်းလာနိုင်ပြီး၊ အနိမ့်ဆုံးညအပူချိန်များ ၂၆°C အထိ ကျဆင်းလာနိုင်ပါတယ်။ 

    နောက်လာမည့် ၄ ရက်အတွင်း လေထုစိုထိုင်းဆတွေ မြင့်တက်လာမှာကြောင့် ခံစားရတဲ့အပူချိန် (Apparent Temperature or Feels Like Temperature) တွေ ၄၀°C အထက်အထိ မြင့်တက်နေနိုင်ပါတယ်။ 

    ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်း / မုန်တိုင်းများအရှိန်ကြောင့် မေလ ၂၆ ရက်နောက်ပိုင်းမှာ လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီ ၃၅ မိုင်အထက်အထိ အရှေ့ဘက်မှ တိုက်ခတ်နိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မကွေးတိုင်းဒေသကြီးအတွင်းပဲစဥ်းငုံစိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေးအကြံပေးချက် 

    မကွေးတိုင်းဒေသကြီးအတွင်းပဲစင်းငုံစိုက်ပျိုးရာတွင် အောက်ပါအချက်များကို သိရှိထားရပါမည်။ 

    • မစိုက်ခင်မြေပြင်ချိန်တွင် မြေအောင်းပိုးမွှားများဒဏ်မှ ကြိုတင်ကာကွယ်ရန် Fipronil ကဲ့သို့သော မြေအောင်းပိုးသတ်ဆေးခဲကို ကြိုတင်ထည့်ထားပေးပါ။ 
    • ရွက်ဖောက်၊ လှေး၊ ကျိုင်း၊ ရွက်စားပိုး၊ ငမြောင်တောင် ၊ပျပိုး၊ သရစ် ၊လှေးပိုး၊ ပွင့်ထွေးပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး ၊မွှာပင့်ကူးနီ စသည့်ပိုးများမကျရောက်စေရန် (၁၅-၆၀)ရက်သားအထိ ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုး (သို့) အခြားထိသေဆေးတစ်မျိုးမျိုးဖြင့် ပတ်ဖျန်းပေးပါ။ 
    • သီးနှံသက်တမ်းတစ်လျှောက်လုံး ပင်ညိုးရောဂါ၊ ဖားဥမှိုရောဂါ၊ သံချေးမှိုရောဂါ၊ ရွက်ခြောက်ရောဂါ ကျရောက်တက်၍ သင့်တော်သော မှိုသတ်ဆေးတစ်မျိုးမျိုးကို (၁၅)ရက်ခြားတစ်ကြိမ် (၄) ကြိမ်အထိ ပက်ဖျန်းပေးပါ။  

    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက် 

    -မေလမှစတင်ပြီး ငါးခုံးမ နှင့်ငါးမြစ်ချင်းငါးများ ဆေးထိုးသားဖောက်ပြုလုပ်နိုင်ကြပါသည်။ ဆေးထိုးသားဖောက်ခြင်းမှ ရရှိလာသော သားလောင်းများ(ငါးမှုန်) ကို ငါးသန် နှင့်ငါးဖျန်းအထိပြုစုမွေးမြူခြင်းကာလသည် အချိန်တိုအတွင်း ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ 

    -ငါးသားပေါက်ပြုစုရာတွင် ငါးမှုန်ကန်အရွယ်အစားသည် (၀.၂၅)ဧကမှ (၀.၅)ဧကအရွယ်သာရှိသင့်ပါသည်။ 

    ကန်ကိုပတ်ကြားအက်အောင် အခြောက်ခံပြီး တစ်ဧကလျှင် အနည်းဆုံး ထုံး(၂၀၀)ပိဿာခန့် ဖြူးပေးပါ၊ ကန်အောက်ခြေအပြင် ကန်ဘောင်အတွင်းပိုင်းနံရံများကိုပါ ထုံးအနှံ့ပက်ပေးရန် လိုအပ်ပါသည်။  

    -ထို့နောက် ရေကို ရေစစ်ဖြင့် ရေသွင်းခြင်းကို ဆောင်ရွက်ပေးပါ။ သွင်းသောရေတွင် အနယ်အနှစ်များမပါဝင်စေရန်၊ ငါးရိုင်းနှင့်သားစားငါးများ မပါရှိစေရန် အထူး ဂရုစိုက်ပါ။  

    -ငါးမှုန်ပြုစုကန်၏ ကန်ရေအနက်သည် အနည်းဆုံး (၁)ပေခွဲမှ အများဆုံး(၂)ပေသာ ထားသင့်ပါသည်။  

    ငါးမှုန်ကန်ပတ်ပတ်လည်ကို အခြားသောသတ္တဝါများနှင့် အင်းဆက်ပိုးများမဝင်ရောက်နိုင်စေရန် ပိုက်စိမ်းဖြင့် ကာရန်ပေးထားဖို့ လိုအပ်ပါသည်။ 

    ------ 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်။ 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
6337