မကွေးတိုင်း မေလ ၂၁ ရက်မှ မေလ ၂၇ ရက်အထိ မိုးလေဝသအခြေအနေ
- မေလ ၁၉ ရက်နေ့မှာ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဝင်ရောက်ခဲ့ပြီး နောက်လာမည့် ၂ ရက်ခန့်မှာ မြန်မာတစ်နိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေဆက်လက်ဝင်ရောက်ပြီး မိုးရာသီအတွင်း တစ်နိုင်ငံလုံးကို ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ - မိုးရာသီအတွင်း ပုံမှန်မိုးရွာသွန်းခြင်းများအပြင်၊ ပင်လယ်ပြင်မှာ ဖြစ်ပေါ်လာတဲ့ ထူးခြားမိုးလေဝသအခြေအနေများဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်း / မုန်တိုင်းတွေက မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတွေကို ပိုမိုဖြစ်ပေါ်စေမှာပါပဲ။ - မိုးနည်းရေရှားဒေသအတွင်းမှာပါဝင်ပြီး အပူချိန်လွန်ကဲခြင်းတွေ ဖြစ်နေခဲ့တဲ့ မကွေးတိုင်းအတွင်းမှာ မိုးဦးနဲ့ မိုးလယ်ကာလအတွင်း (မေလ ၁၆ ရက်မှ ဩဂုတ်လ ၃၁ ရက်အတွင်းမှာ) အနောက်ဘက်နဲ့ တောင်ဘက်ကတိမ်များရွေ့လျားဝင်ရောက်ရာလမ်းတလျှောက် မိုးများတတ်ပါတယ်၊ ကြိုတင်ခန့်မှန်းချက်များမှာ မေလ ၂၅-၂၆-၂၇ ရက်များနှင့် နောက်ပိုင်းရက်တွေအတွင်း မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။ မိုးနှောင်းနဲ့ မိုးလွန်ကာလများအတွင်း (စက်တင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အတွင်း) မှာတော့ တောင်တရုတ်ပင်လယ်ဘက်မှာ ဖြစ်ပေါ်လာတတ်တဲ့ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များက မိုးတွေသယ်ဆောင်လာတတ်ပါတယ်။ - အခု ၁ ပတ်အတွင်းမှာ ရွာသွန်းလာနိုင်မဲ့ မိုးများကြောင့် နေ့အပူချိန်များ ၄၀°C ခန့်ရှိနေရာမှ ၃၀°C ခန့်အထိ ကျဆင်းလာနိုင်ပြီး၊ အနိမ့်ဆုံးညအပူချိန်များ ၂၆°C အထိ ကျဆင်းလာနိုင်ပါတယ်။ - နောက်လာမည့် ၄ ရက်အတွင်း လေထုစိုထိုင်းဆတွေ မြင့်တက်လာမှာကြောင့် ခံစားရတဲ့အပူချိန် (Apparent Temperature or Feels Like Temperature) တွေ ၄၀°C အထက်အထိ မြင့်တက်နေနိုင်ပါတယ်။ - ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်း / မုန်တိုင်းများအရှိန်ကြောင့် မေလ ၂၆ ရက်နောက်ပိုင်းမှာ လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီ ၃၅ မိုင်အထက်အထိ အရှေ့ဘက်မှ တိုက်ခတ်နိုင်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက် - -မေလမှစတင်ပြီး ငါးခုံးမ နှင့်ငါးမြစ်ချင်းငါးများ ဆေးထိုးသားဖောက်ပြုလုပ်နိုင်ကြပါသည်။ ဆေးထိုးသားဖောက်ခြင်းမှ ရရှိလာသော သားလောင်းများ(ငါးမှုန်) ကို ငါးသန် နှင့်ငါးဖျန်းအထိပြုစုမွေးမြူခြင်းကာလသည် အချိန်တိုအတွင်း ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ - -ငါးသားပေါက်ပြုစုရာတွင် ငါးမှုန်ကန်အရွယ်အစားသည် (၀.၂၅)ဧကမှ (၀.၅)ဧကအရွယ်သာရှိသင့်ပါသည်။ - ကန်ကိုပတ်ကြားအက်အောင် အခြောက်ခံပြီး တစ်ဧကလျှင် အနည်းဆုံး ထုံး(၂၀၀)ပိဿာခန့် ဖြူးပေးပါ၊ ကန်အောက်ခြေအပြင် ကန်ဘောင်အတွင်းပိုင်းနံရံများကိုပါ ထုံးအနှံ့ပက်ပေးရန် လိုအပ်ပါသည်။ - -ထို့နောက် ရေကို ရေစစ်ဖြင့် ရေသွင်းခြင်းကို ဆောင်ရွက်ပေးပါ။ သွင်းသောရေတွင် အနယ်အနှစ်များမပါဝင်စေရန်၊ ငါးရိုင်းနှင့်သားစားငါးများ မပါရှိစေရန် အထူး ဂရုစိုက်ပါ။ - -ငါးမှုန်ပြုစုကန်၏ ကန်ရေအနက်သည် အနည်းဆုံး (၁)ပေခွဲမှ အများဆုံး(၂)ပေသာ ထားသင့်ပါသည်။ - ငါးမှုန်ကန်ပတ်ပတ်လည်ကို အခြားသောသတ္တဝါများနှင့် အင်းဆက်ပိုးများမဝင်ရောက်နိုင်စေရန် ပိုက်စိမ်းဖြင့် ကာရန်ပေးထားဖို့ လိုအပ်ပါသည်။ - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်။ - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
