cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ဧရာဝတီတိုင်းတစ်ခုလုံးမှာ မေလ ၂၃ ရက်နေ့မှ ဇွန်လ လဆန်းပိုင်းရက်တွေအထိနေ့စဉ် မိုးအသင့်အတင့်မှ မိုးများနေနိုင်ပါမယ်။ လပွတ္တာ၊ ပြင်စလူ၊ ဒေါ်ငြိမ်း၊ ရွဲ၊ အောင်လှိုင်၊ အလယ်ပေါက် စတဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းပေါ်က ရွာတွေမှာ လေတိုက်နှုန်း တစ်နာရီမိုင် ၄၀ အထက်နှင့် လှိုင်းအမြင့် ၅ ပေခန့်အထိ ရိုက်ခတ်နိုင်ပါတယ်။
  • မေလ ၂၀ ရက်နေ့မှာ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဝင်ရောက်ခဲ့ပြီး နောက်လာမည့် ၂ ရက် ခန့်မှာ မြန်မာတစ်နိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေဆက်လက်ဝင်ရောက်ပြီး မိုးရာသီအတွင်း တစ်နိုင်ငံလုံးကို ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ 

    ထူးခြားသောမိုးလေဝသအခြေအနေ 

    ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာ မေလ ၂၆ ရက်နေ့မှ စ တင်ပြီး လေဖိအားနည်းရပ်ဝန်း တ ခု ဖြစ်လာရန်ရှိပါတယ်၊ လေဖိအားနည်းရပ်ဝန်း စတင်နိုင်မဲ့ ပင်လယ်ပြင်က တည်နေရာပေါ်မူတည်ပြီး မြန်မာနိုင်ငံနေရာဒေသအလိုက် မိုးသက်လေပြင်းကျခြင်း၊ မိုးများခြင်း(၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာအထက် ရွာသွန်းခြင်း)တွေ ဖြစ်လာနိုင်သလို ပင်လယ်ပြင်မှာလဲ လေတိုက်နှုန်းပြင်းထန်ပြီး လှိုင်းကြီးနိုင်မည့်အခြေအနေတွေကို မေလ ၂၃ - ၂၄ ရက်နေ့များမှာ စတင်ကြုံတွေ့ရနိုင်ပါတယ်။ 

    ဧရာဝတီတိုင်းတစ်ခုလုံးမှာ မေလ ၂၃ ရက်နေ့မှ ဇွန်လ လဆန်းပိုင်းရက်တွေအထိနေ့စဉ် မိုးအသင့်အတင့်မှ မိုးများနေနိုင်ပါမယ်။ 

    လပွတ္တာ၊ ပြင်စလူ၊ ဒေါ်ငြိမ်း၊ ရွဲ၊ အောင်လှိုင်၊ အလယ်ပေါက် စတဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းပေါ်က ရွာတွေမှာ လေတိုက်နှုန်း တစ်နာရီမိုင် ၄၀ အထက်နှင့် လှိုင်းအမြင့် ၅ ပေခန့်အထိ ရိုက်ခတ်နိုင်ပါတယ်။ 

    မေလ ၂၂ ရက် မှ စတင်ပြီး နေသာချိန်နည်းလာကာ မိုးပြတ်တောင်းစတင်ရွာလာနိုင်မှာကြောင့် ရိတ်သိမ်းပြီး နွေစပါးလှမ်းသူများအတွက်လည်း အထူးသတိထားကြစေချင်ပါတယ်။ 

    ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်ပေါ်ခြင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊ လှိုင်းကြီးခြင်းစတဲ့ ထူးခြားမိုးလေဝသအခြေအနေသက်ရောက်မှုတွေက ဇွန်လ လဆန်းပိုင်းအထိ ဆက်လက်ရှိနေနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။ 

    Source: U Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကွမ်းစိုက်တောင်သူများထံသို့... 

    စိုက်ပျိုးရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများအကြံပြုချက် 

    • မိုးရာသီအတွက် ကွမ်းခြံများရေကြီးခြင်းမှ ကင်းဝေးစေရန်ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ 
    • ရာသီဥတုစွတ်စိုသောအခြေအနေတွင် အဓိကကျရောက်တတ်သော ကွမ်းဆီစွန်း၊ ရိုးမည်းရောဂါများအတွက် ကြိုတင်ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးလိုက်ပါတယ်။ 
    • အရင်ဆုံးဆီစွန်းရောဂါလက္ခဏာကျရောက်ပါက လက္ခဏာကျအရွက်တွေကို အရင်းကနေကတ်ကြေးနဲ့ညှပ်၊ ကြွပ်ကြွပ်အိတ်ထဲထည့်ပြီးလွှတ်ပစ်ပေးပါ။ 
    • ကွမ်းခြံထဲမှာ ပစ်မထားခဲ့ပါနဲ့။ ကွမ်းခြံအတွင်းရေဝပ်တာ၊ စိုထိုင်းဆများနေတာမျိုးမရှိအောင်လုပ်ပေးပါ၊ 
    • လေဝင်လေထွက်ကောင်းအောင်လည်းလုပ်ဆောင်ပေးပါ။ 
    • ကွမ်းခြံစိုက်ခင်းထဲက ဘောင်များကို သေချာပြန်မြှင့်ပေးပါ။ 
    • ရောဂါကျအရွက်တွေကို အရင်းကနေကတ်ကြေးနဲ့ညှပ်ပစ်၊ရှင်းပစ်ပြီးမှ Copper oxychloride, Kasugamycin, Oxolinic acid တို့လိုဆေးမျိုး အဆင်ပြေရာကိုရွေးချယ်နိုင်ပါတယ်။ 
    • Copper oxychloride ဖျန်းမယ်ဆိုရင် မိုးများလွန်းချိန်၊ နေပူချိန်ကိုရှောင်ပြီးဖျန်းပါ။ 

    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက်  

    မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးအုံ့နေသောကြောင့် ငါးကန်ရေ အပူချိန် ကျဆင်းနေတတ်ပါသည်။ အပူချိန်ကျဆင်းမှုသည် ၂၅ဒီဂရီင်တီဂရိတ်အောက် ရောက်နေပါက ငါးများသွားလာလှုပ်ရှားမှုနည်း ခြင်းအပြင် အစာစားနှုန်းလည်း ကျဆင်းတတ်ပါသည်။  - အစာကို သတ်မှတ်နှုန်းထားထက် လျော့ကျွေးရန်။ 

    ငါးမွေးကန်သည် မိုးအုံ့နေသောအချိန်တွင် နေရောင်ခြည် မရရှိသဖြင့် အလင်းမှီစု အစာဖွဲ့စည်းခြင်းအလုပ်ကို မလုပ်နိုင်ပါ။ ထို့ကြောင့် ကန်အတွင်း ပျော်ဝင်အောက်စီဂျင် နည်းပါးပြီး ငါးများအသက်ရှူနှုန်း အပြည့်အဝမရရှိနိုင်ပါ။ - ရေဒလတ်လည် ပတ်ခြင်းနဲ့ ရေဖြန်းပေးခြင်းတွေကို ညဘက်နဲ့ မနက်စောစောတွင် ဆောင်ရွက်ရန်၊ 

    ----------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
9
comments
0
views
5912