cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ် မေလ ၂၄ ရက် မှ မေလ ၃၀ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာ နောက်လာမည့် ၄ ရက်အတွင်း မိုးများနိုင်တဲ့ အခြေအနေတွေတွေ့ရပါတယ်။ ၂၄ နာရီအတွင်း မိုးရေချိန် ၂ လက်မ အထက်(၆၀ မီလီမီတာကျော်) မိုးရွာသွန်းနိုင်မဲ့ ရက်တွေကို ဒီတစ်ပတ်အတွင်းမှာ ကြုံတွေ့ရနိုင်ပါတယ်။
  • ရှမ်းပြည်နယ်ရဲ့ ရာသီဥတု မိုးလေဝသအခြေအနေတွေက အိမ်နီးချင်း ထိုင်း၊ လာအိုနဲ့ တရုတ်နိုင်ငံတွေဘက်က ရွေ့လျားဝင်ရောက်လာတဲ့ မိုးတိမ်တွေနဲ့ အဲ့ဒီနိုင်ငံတွေဘက်မှာဖြစ်ပေါ်နေတဲ့ မိုးလေဝသအခြေအနေတွေရဲ့ နောက်ဆက်တွဲအနေနဲ့ လာတာများပါတယ်။ လက်ရှိအချိန်မှာ ထိုင်းမိုးလေဝသဌာနထုတ်ပြန်ချက်တွေအရ တပ်ခ် ခရိုင်၊ ချင်းမိုင် စတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုးများနိုင်၊ ရေကြီးနိုင်၊ တောင်ပြိုနိုင်၊ တောင်ယာစိုက်ခင်းတွေပျက်စီးနိုင်လောက်တဲ့ မိုးရွာသွန်းခြင်းမျိုးဖြစ်နိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ထုတ်ပြန်နေတာကိုလဲ တွေ့ရပါတယ်။

    အနောက်တောင်မုတ်သုံလေကသယ်ဆောင်လာတဲ့ မိုးတိမ်တွေနဲ့ အရှေ့ဘက်ကဝင်ရောက်လာနိုင်တဲ့ မိုးတိမ်တွေကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာ နောက်လာမည့် ၄ ရက်အတွင်း မိုးများနိုင်တဲ့ အခြေအနေတွေတွေ့ရပါတယ်။ ၂၄ နာရီအတွင်း မိုးရေချိန် ၂ လက်မ အထက်(၆၀ မီလီမီတာကျော်) မိုးရွာသွန်းနိုင်မဲ့ ရက်တွေကို ဒီတစ်ပတ်အတွင်းမှာ ကြုံတွေ့ရနိုင်ပါတယ်။ 

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ဒီတပတ်အတွင်း မိုးရေချိန် ၁ လက်မ မကျော်တဲ့မိုး နေ့စဉ်ပုံမှန်ရွာသွန်းသွားနိုင်တဲ့ အခြေအနေကိုသာတွေ့ရပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက အရှေ့မြောက်ဘက်-တရုတ်နယ်စပ်အနီးက ဒေသတွေမှာတော့ တပတ်အတွင်း မီလီမီတာ ၃၀ ကျော်(၁ လက်မခွဲခန့်အထိ မိုးများနိုင်မည့်ရက် ၅ ရက်ခန့်အထိရှိနိုင်ပါမယ်။ 

    ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ညအပူချိန် ၂၀°C အောက်ကို ကျဆင်းပြီးအအေးပိုနေနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရှမ်းပြည်နယ်အတွင်း ခရမ်းသီးနှံ စိုက်ခင်းတွေမှာ ပင်ညိုးရောဂါကျရောက်မှု ဆိုးဝါးနိုင်ပါတယ်။ 

    • ရောဂါကျအပင်တွေ့ရှိပါက ချက်ချင်းဖယ်ရှားပေးပါ။ 
    • ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုပါ။ 
    • စိုက်ခင်းရေမဝပ်စေရန်ဆောင်ရွက်ပေးပါ။ 
    • မျိုးရင်းဝင်တူသည့် သီးနှံများစိုက်ပျိုးမှုကိုရှောင်ပါ။ 
    • မြေချဉ်ငန်ကိန်း(pH) ကို ၇.၅-၇.၆ ဖြစ်စေရန်ညှိပေးပါ။ pH နိမ့်နေလျှင် ထုံးထည့်ပေးပါ။ 
    • နီမတုတ်ဒဏ်ရာမှတဆင့် ဝင်ရောက်နိုင်တဲ့အတွက် ထယ်နက်နက်ထိုးပြီး နီမတုတ်ကာကွယ်ပါ။ 

    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက် 

    • မိုးရေတွင် အက်စစ်ပါသောကြောင့် ငါးမွေးကန်အတွင်း ရေချဉ်ဖန်နှုန်းကျတတ်ပါသည်။ 
    • ကန်ပြင်ဆင်ချိန်တွင် ကန်အတွင်း ထုံးထည့်သွင်းခြင်းမရှိပါက ရေချဉ်ဖန်နှုန်းကျဆင်းခြင်းများလာပြီး ငါးများသေစေနိုင်သည့်အဖြစ် ရောက်ရှိပါသည်။ 
    • ရေချဉ်ဖန်နှုန်း (၆) နှင့် (၆) အောက်ရောက်ရှိပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေး မကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်ပါသည်။ ထိုအချိန်တွင် အစာကျွေးပါကလည်း အစာမစားနိုင်ကြပါ။ 
    • ထို့ကြောင့် ကန်ရေ၏ချဉ်ဖန်နှုန်း ကို နေ့စဉ် ဖြစ်စေ၊ (၃)ရက်တစ်ကြိမ်ဖြစ်စေ စစ်ဆေးပြီး ကန်ရေချဉ်ဖန်နှုန်း (၆)အောက်ရောက်နေပါက တစ်ဧက လျှင် ထုံး(၁၅)ပိဿာခန့် ထည့်သွင်းပေးရပါမည်။ 
    • ထုံးထည့်သွင်းရာတွင်လည်း ကန်အတွင်း တိုက်ရိုက်ပက်ခြင်းကို မပြုလုပ်ရပါ။ ထုံးကို တစ်ညအိပ် ရေစိမ်ပြီးမှ နောက်တစ်နေ့မနက် (၈)နာရီခန့် နေပူချိန်တွင်ထည့်သွင်းပေးပါရန် တင်ပြအပ်ပါသည်။ 

    ----------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
6623