cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း မေလ ၂၆ ရက် မှ ဇွန်လ ၁ ရက်အထိ မိုးလေဝသအခြေအနေ

. Fish Articles
ရန်ကုန်တိုင်းမှာပါဝင်တဲ့ ပင်လယ်ထဲက ကိုကိုးကျွန်းမြို့နယ်မှာတော့ ၁ ပတ်လုံး မိုးသည်းထန်နေပြီး အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၂၂ မိုင်မှ ၃၅ မိုင်အထိရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။
  • ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် လေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး မေလ ၂၉ ရက် ညတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီးမှကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း GFS, GEFS, GEPS နှင့် HWRF model ကြိုတင်ခန့်မှန်းချက်များတွင်တွေ့ရပါတယ်။ 

    ECMWF cyclone activity chart မှ ကြိုတင်ခန့်မှန်းချက်တွင် လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀% ရှိကြောင်း ကြိုတင်ခန့်မှန်းထားသည်ကိုလည်းတွေ့ရပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ရွေ့လျားမည့်လမ်းကြောင်းညာဘက်ခြမ်းရှိမြန်မာနိုင်ငံအပေါ် ၎င်း၏သက်ရောက်မှုသည် ရွေ့လျားရာလမ်းကြောင်း၏ဘယ်ဘက်ခြမ်းမှအိန္ဒိယနိုင်ငံထက် ပိုမိုများနိုင်ပါတယ်။ 

    မေလ ၂၆ ရက်၊ မွန်းလွဲညနေပိုင်းမှ စတင်၍ ဇွန်လ ၁ ရက်အထိ ၇ ရက်အတွင်းမှာ ပျမ်းမျှခြင်းအားဖြင့် - ၂၄ နာရီအတွင်း မိုးရေချိန် ၄၀ မီလီမီတာ (၁.၆ လက်မ ခန့်)အထိရွာသွန်းနိုင်ပါမယ်၊ မေလ ၂၇ ရက်နေ့မှာ မိုးရေချိန်အများဆုံး ၇၀ မီလီမီတာ - ၂.၇၅ လက်မခန့်အထိ ရွာသွန်းနိုင်မှာဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ ဒီတပတ်အတွင်း တောင်-အရှေ့တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ ၂၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။ 

    ရန်ကုန်တိုင်းမှာပါဝင်တဲ့ ပင်လယ်ထဲက ကိုကိုးကျွန်းမြို့နယ်မှာတော့ ၁ ပတ်လုံး မိုးသည်းထန်နေပြီး အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၂၂ မိုင်မှ ၃၅ မိုင်အထိရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်  

    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်

    မိုးအုံ့သည့်နေ့၌ ပုံမှန် သတ်မှတ်ထားသော အစာပမာဏထက် လျှော့၍ ၇၀% သာ ကျွေးသင့်သည်။ အဘယ် ကြောင့်ဆိုသော် ရေထဲ၌ အောက်စီဂျင်ပမာဏ လျော့နည်းသွားသောကြောင့်ဖြစ်သည်။

    ငါးများ အသက်ရှူနိုင်ရန်အတွက် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်သည် (5ppm) အထက်ရှိရန် လိုအပ်ပါသည်။ (3ppm) ရှိလျှင် ငါးများအသက်ရှူနိုင်သော ပျော်ဝင်အောက်စီဂျင်ရှိသော်လည်း ကန်ရေအရည်အသွေးနှင့် ရာသီဥတု အပူချိန်ကြောင့် ပျော်ဝင်အောက်စီဂျင် (DO) သည် (3ppm)အောက်ကျရောက်ပြီး ငါးများအတွက် အသက်ရှူမဝဖြစ်စေပြီး သေဆုံးတတ်ပါသည်၊။

    ငါးကြီးထွားမှုအတွက် အသင့်လျော်ဆုံး အပူချိန်အပြောင်းအလဲသည် အစာကျွေးနှုန်းကိုလည်း လျော့ကျစေနိုင်သည်။ (အဖြစ်သင့်ဆုံး အပူချိန်မှာ ၂၅°C မှ ၃၂°Cဖြစ်သည်။)

    ------------

    ------------ 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
likes
7
comments
0
views
5280