cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း မေလ ၂၇ ရက် မှ ဇွန်လ ၂ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မေ ၂၇ ရက် နံနက် ၅ နာရီမှ မေ ၃၀ ရက် နံနက် ၅ နာရီအထိ ၇၂ နာရီအတွင်း ရွာသွန်းနိုင်မည့်မိုးရေချိန်သည် ပဲခူးအရှေ့ခြမ်းတွင် 233mm(၉ လက်မကျော်ခန့်)အထိ ရရှိနိုင်ပြီး ပဲခူးတိုင်းအနောက်ခြမ်းတွင် 60mm(၂.၄ လက်မခန့်)ရရှိနိုင်မည်ဖြစ်ကြောင်း တွေ့ရပါသည်။
  • ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၌ မေလ ၂၇ ရက် နေ့လည်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းသည် 

    ECMWF cyclone activity chart မှ ကြိုတင်ခန့်မှန်းချက်အရ မေလ ၂၉ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိလာကြောင်းတွေ့ရပါတယ်၊ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်သည့်တည်နေရာမှ မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးမှ မေလ ၁၉ ရက် ညပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းထားရာ - 

    ပဲခူးတိုင်းအရှေ့ခြမ်းတွင် မြစ်ဝကျွန်းပေါ်နှင့် မုတ္တမကွေ့တို့ကို ဖြတ်ကျော်ဝင်ရောက်လာသည့် မိုးတိမ်များမှ ပဲခူးတိုင်းအနောက်ခြမ်းထက် ၃ ဆခန့် မိုးပိုမိုရနိုင်ကြောင်းတွေ့ရသည်။ 

    မေ ၂၇ ရက် နံနက် ၅ နာရီမှ မေ ၃၀ ရက် နံနက် ၅ နာရီအထိ ၇၂ နာရီအတွင်း ရွာသွန်းနိုင်မည့်မိုးရေချိန်သည် ပဲခူးအရှေ့ခြမ်းတွင် 233mm(၉ လက်မကျော်ခန့်)အထိ ရရှိနိုင်ပြီး ပဲခူးတိုင်းအနောက်ခြမ်းတွင် 60mm(၂.၄ လက်မခန့်)ရရှိနိုင်မည်ဖြစ်ကြောင်း တွေ့ရပါသည်။ 

    ပဲခူးအရှေ့ခြမ်းတွင် လေတိုက်နှုန်းအများဆုံး တစ်နာရီ ၃၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပြီး၊ ပဲခူးအနောက်ခြမ်းတွင် တစ်နာရီ ၂၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရသဖြင့် မြေပြင်လေတိုက်နှုန်းတွင် ပဲခူးအရှေ့ခြမ်းက ပဲခူးအနောက်ခြမ်းထက် လေတိုက်နှုန်းလျော့နည်းနိုင်ကြောင်းတွေ့ရပါမည်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ရန်ပြင်ဆင်ကြမည့်တောင်သူများထံသို့... 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် 

    • မြေပြင်ပြီး မိုးစပါးကြဲရန်ပြင်ဆင်နေသောတောင်သူများအနေဖြင့် မျိုးစပါးကြဲပြီးနောက် ပေါင်းအုပ်ဆေးအသုံးပြုလိုပါက ဆေးမဖျန်းမီ မိုးရွာသွန်းနိုင်ချေရှိ၊မရှိကို ကြိုတင်စစ်ဆေးကြဖို့ အကြံပေးလိုပါတယ်။ 
    • ပေါင်းအုပ်ဆေးအတွက်ရွေးချယ်နိုင်သောဆေးအမျိုးအစားများကတော့ အစို၊အခြောက် ကြဲခင်းများအတွက် Pendimethalin ရွေးချယ်နိုင်ပါတယ်။ 
    • ဆေးနှုန်းထား ၂၀ လီတာဆေးဖျန်းပုံးတစ်ပုံးလျှင် အခြောက်ကြဲခင်းအတွက် ၂၀၀စီစီ၊ အစိုကြဲခင်းအတွက် ၁၅၀ စီစီနှုန်းဖြင့် တစ်ဧကလျှင် ၇ပုံးခန့် မြေပြင်ကို ခြုံငုံမိအောင်ဖျန်းပေးပါ။ 
    • ပေါင်းပေါက်နေပါက စပါးကြဲပြီး ၁၅ ရက်သားမှစတင်၍ ပေါင်းအရွက် (၂-၄ ရွက်) ထွက်ချိန်မှစတင်ပြီး ပေါက်ရောက်သော ပေါင်းအမျိုးအစားအလိုက် ရွေးချယ်ပေါင်းသတ်ဆေးကို စတင်အသုံးပြုနိုင်ပါတယ်။ 
    • ပေါင်းကိုနှိမ်နင်းပြီးမှ အသုံးပြုလိုသောမြေဩဇာ (ပုလဲ၊ ကွန်ပေါင်း) ကျွေးခြင်းကိုလုပ်ဆောင်ပါ။ 

    ငါး/ပုစွန်ကန်များအတွက်အကြံပြုချက်   

    မိုးရာသီမှာ ရေကြီးရေလျှံတာတွေ ဖြစ်တတ်တာမို့ ငါး/ပုစွန်တောင်သူဦးကြီးများ အနေနဲ့ အောက်ပါအချက်လေးတွေ ဆောင်ရွက်ထားဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ-   

    - ငါးမွေးမြူရေးကန်တွေရဲ့ ကန်ပေါင်တွေခိုင်ခံ့ဖို့အတွက် ကန်ပေါင်ပါးတဲ့ နိမ့်တဲ့နေရာတွေမှာ သဲအိတ်တွေဖို့ပြီး ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားရန်၊   

    - ရေကြီးရေလျှံလာတဲ့အခါ ငါးတွေ လွတ်ထွက်မှုမရှိစေဖို့အတွက် ဇာပြာ ပိုက်တွေနဲ့ကာရံထားရန်၊   

    - ရေစီးကြောင်းနဲ့နီးတဲ့ငါးကန်တွေမှာ ရေတိုက်စားမှုကာကွယ်ဖို့အတွက် တုတ်ရိုက်ပြီး ဝါးထရံတွေနဲ့ကာရံကာ သဲအိတ်တွေဖို့ထားရန်၊   

    - ဒါ့အပြင်လိုအပ်ပါက ငါးတွေရွှေ့ပြောင်းနိုင်ဖို့အတွက် ငါးဖမ်းပိုက်တွေ၊ စက်လှေတွေနဲ့ စက်ပစ္စည်းတွေကို ကြိုတင် ပြင်ဆင်ထားရန်၊  

    ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 

    --------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
11
comments
0
views
4798