cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း မေလ ၂၉ ရက် မှ ဇွန်လ ၄ ရက် မိုးလေဝသအခြေအနေ

. Weather News
ဧရာဝတီတိုင်းအတွင်း အများအားဖြင့် မိုးအားလျော့နည်းသွားနိုင်ပြီး ဇွန်လ ၂ ရက်နေ့မှာ မိုးပြန်များနိုင်သည်မှအပ မုတ်သုံမိုးပုံမှန်ရွာသွန်းနိုင်ခြင်းသာရှိတော့မည်ဖြစ်ကြောင်း တွေ့ရပါတယ်။
  • မေလ ၂၈ ရက် နေ့မှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် မေလ ၂၉ ရက် နံနက်ပိုင်းမှ စတင်ပြီး အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီးမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်စဉ် - 

    ဧရာဝတီတိုင်းအတွင်း အများအားဖြင့် မိုးအားလျော့နည်းသွားနိုင်ပြီး ဇွန်လ ၂ ရက်နေ့မှာ မိုးပြန်များနိုင်သည်မှအပ မုတ်သုံမိုးပုံမှန်ရွာသွန်းနိုင်ခြင်းသာရှိတော့မည်ဖြစ်ကြောင်း တွေ့ရပါတယ်။ ဇွန်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွေမှာ ၂၄ နာရီအတွင်းမိုးရေချိန် 40mm(၁.၆ လက်မခန့်) ရွာသွန်းနေနိုင်ပါမယ်။ 

    ဒီတစ်ပတ်အတွင်း အားကောင်းနေတဲ့ မုတ်သုံလေကြောင့် ဧရာဝတီတိုင်းအတွင်းကဒေသအားလုံးမှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ မှ ၃၀ ဝန်းကျင် တိုက်ခတ်နေနိုင်ပါတယ်။ နေသာချိန်ပြန်ရှိလာနိုင်ပြီး နေ့အပူချိန် အမြင့်ဆုံး ၃၂ °C နဲ့ ညအပူချိန်အနိမ့်ဆုံး ၂၆°C ခန့် ရှိနေနိုင်ပါမယ်။ ပြီးခဲ့ရက်များအတွင်းမှာ မိုးရွာသွန်းခဲ့ပြီး မုတ်သုံမိုးအနည်းငယ်ဆက်လက်ရွာသွန်းနေဦးမှာဖြစ်တာကြောင့် မိုးလယ်ကာလပြီးဆုံးချိန်(ဩဂုတ်လ ကုန်သည်အထိ)မြေဆီလွှာစိုထိုင်းဆ ၁၀၀% ဆက်ရှိနေမှာလဲ ဖြစ်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

     တောင်သူဦးကြီးများအတွက် မိုးစပါးစိုက်ပျိုးနည်းတွင် မြေဩဇာစနစ်တကျထည့်သွင်းနည်းကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 

    • လိုအပ်သော ပေါင်းနှိမ်နင်းခြင်းများကိုပြုလုပ်ပြီးမှ မြေဩဇာကိုထည့်သွင်းပေးပါ။ 
    • တိုက်ရိုက်မျိုးစေ့ချစိုက်ခင်းများ အရွက် (၅ ရွက်) ထွက်ချိန်မှာ ပုလဲယူရီးယား(N) မြေဩဇာတစ်အိတ်ရဲ့ ၃ပုံ၁ပုံကို တစ်ကြိမ်၊ ပျိုးထောင်စိုက်ခင်းဆိုရင် ကောက်ပင်လှန်ချိန်မှာအဲ့အချိုးအတိုင်း တစ်ကြိမ် ထည့်ပေးပါ။ 
    • ပင်ပွားစီးချိန်တွင် ပုလဲယူရီးယား(N) နောက်တစ်ကြိမ်၊ ဗိုက်ဖောင်းချိန်တွင် ပိုတက်ရှ်(K)တစ်ကြိမ်၊ အလံရွက်ထွက်ချိန်တွင် ကျန်တဲ့ယူရီးယားပုလဲ (N)+ ပိုတက်ရှ်(K) တစ်ပုံကိုကျွေးပေးပါ။ 
    • အဓိက ပုလဲယူရီးယားနိုက်ထရိုဂျင်မြေဩဇာများကို တစ်ကြိမ်တည်း အလွန်အကျွံသုံးခြင်းထက် အကြိမ်ရေခွဲပြီး စနစ်တကျထည့်သွင်းခြင်းသည် အဓိကဖျက်ပိုးဖြစ်တဲ့ (ဖြုတ်ပိုး) ကျရောက်မှုကို အတော်အသင့်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 

    ငါးပုစွန် တောင်သူများအတွက် အကြံပြုချက် 

    · ငါးကန်သို့ စီးဝင်လာသော မိုးရေတွင် ပတ်ဝန်းကျင်မှ အညစ်အကြေးများပါဝင်လာနိုင်သကဲ့သို့ ဩဇာဓာတ်များလည်း ပါဝင်လာနိုင်သဖြင့် သတိထားသင့်ပါသည်။ 

    . ရေချဉ်ဖန်နှုန်း (၆) နှင့် (၆) အောက်ရောက်ရှိပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေး မကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်ပါသည်။ ထိုအချိန်တွင် အစာကျွေးပါကလည်း အစာမစားနိုင်ကြပါ။ 

    · ငါးများ ပုံမှန်ကြီးထွားမှုရှိရန် ရေတွင်ပျော်ဝင်သောအောက်ဆီဂျင်ပမာဏသည် (5 ppm) နှင့် အထက်တွင်ရှိရန် ဂရုပြုသင့်ပါသည်။ 

    ·  ကန်ရေအရည်အသွေး အနည်းနှင့်အများပြောင်းလဲခြင်းသည် ငါးများကိုဒဏ်သင့်စေပြီးလွယ်ကူစွာ ရောဂါကူး စက်ဖြစ်ပွားစေနိုင်ပါသည်။ 

    . ထို့ကြောင့် ( က) ရေတွင်ပျော်ဝင်လျက်ရှိသောအောက်ဆီဂျင်ပမာဏ (Dissolved Oxygen-DO), (ခ) ရေ၏ချဉ် ဖန်ဓာတ် (pH), (ဂ) ရေကြည်ခြင်း / ရေနောက်ခြင်း (Turbidity), (ဃ) ရေအပူချိန် (Water temperature) တို့ကို (နာရီပိုင်း/ နေ့စဉ်/ အပတ်စဉ်) တိုင်းတာခြင်းဖြင့် ငါးကန်ရေအရည်အသွေးပြောင်းလဲမှု လက္ခဏာ နှင့်ထုတ်လုပ်နိုင်မှုကို ခန့်မှန်းသိရှိနိုင်ပါမည်။ 

    ---------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
11
comments
0
views
6063