cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း မေလ ၃၀ ရက် မှ ဇွန်လ ၅ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မေလ ၃ ရက်နေ့အထိ မိုးကျနိုင်ချိန်များနေသေးသဖြင့် ဆေးဖြန်းရန်မသင့်လျှော်သေးပဲ မေလ ၄ ရက်နေ့နောက်ပိုင်းမှသာ နေသာချိန်များပြီး ဆေးဖြန်းချိန်ပိုရနိုင်မည်ဖြစ်ပါတယ်။
  • အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း(DEPRESSION) ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်ပြီးချိန် ၎င်း၏အရှိန်သက်ရောက်မှုက မေလ ၃၀ ရက် ဇွန်လ ၃ ရက်နေ့အထိ ကျန်ရှိနေဦးမှာဖြစ်ပြီး၊ အားကောင်းလာသည့်အနောက်တောင်မုတ်သုံလေကြောင့် မန္တလေးတိုင်းအတွင်းမှ မြို့နယ်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းများသည် ယခု ရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ ဆက်လက်ဖြစ်ပေါ်နေနိုင်ပါမယ်။ 

    မေလ ၃၁ ရက်နောက်ပိုင်း မိုးရွာသွန်းခြင်းသည် နေရာအနှံ့အပြားမှ နေရာစိပ်စိပ်-နေရာကျဲကျဲရွာသွန်းးသည့်အခြေအနေသို့ လျော့ကျလာပြီး၊ ရွာသွန်းနိုင်မည့် မိုးရေချိန်၊ မိုးရွာနိုင်မည့်ရာခိုင်နှုန်းတို့သည်လည်း လျော့နည်းလာပါမယ်၊ အချုပ်အားဖြင့် မုတ်သုံမိုးရွာသွန်းခြင်းသာကျန်ရှိပြီး မိုးရေရနိုင်မှုလျော့နည်းသွားပါမယ်။ 

    မေလ ၃၁ ရက် မှ ဇွန်လ ၃ ရက်အထိ ရက်ပိုင်းအတွင်းမှာ တောင်ဘက်မှ လေပြင်းတိုက်ခတ်နိုင်ပြီး လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ ၃၅ မိုင်အထိ လေပြင်းတိုက်ခတ်နိုင်ချေရှိနေပါမယ်။ (မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပါတယ်) 

    မိုးရွာသွန်းပြီးအခြေအနေများအရ မန္တလေးတိုင်းအတွင်း ပျမ်းမျှမြေဆီလွှာစိုထိုင်းဆ ၇၀% မှ ၁၀၀% အထိရှိနေနိုင်ဦးမည်ဖြစ်ပြီး မုတ်သုံမိုးဆက်လက်ရွာသွန်းနိုင်ခြင်းကြောင့် မြေဆီလွှာစိုထိုင်းဆ ကျဆင်းနိုင်မည့်အခြေအနေမရှိသေးပါ။

    မန္တလေးတိုင်းအတွင်း မိုးအားလျော့နည်းလာနိုင်သော်လည်း ဆေးဖြန်းရန်သင့်လျော်သည့်ရက်(Spraying Window)ကြိုတင်ခန့်မှန်းချက်အရ မေလ ၃ ရက်နေ့အထိ မိုးကျနိုင်ချိန်များနေသေးသဖြင့် ဆေးဖြန်းရန်မသင့်လျှော်သေးပဲ မေလ ၄ ရက်နေ့နောက်ပိုင်းမှသာ နေသာချိန်များပြီး ဆေးဖြန်းချိန်ပိုရနိုင်မည်ဖြစ်ပါတယ်။ 

    ** မြစ်သားမြို့နယ်အတွက် Spraying window(ဆေးဖြန်းရန်သင့်လျှော်မည့် ရက်/အချိန်) နှင့် Sowing Window(ပျိုးကြဲရန်သင့်လျှော်မည့် ရက်/အချိန်) ကြိုတင်ခန့်မှန်းချက် နမူနာပုံတွဲပေးထားပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မန္တလေးတိုင်းဒေသကြီး ရုံးပတီစိုက်တောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်

    မန္တလေးတိုင်းဒေသကြီးအတွင်း ရုံးပတီစိုက်ပျိုးရာတွင် ရောင်မညီကွက်ကြားရောဂါကိုဖြစ်စေသော စုပ်စားပိုးများ (ပျ ၊ယင်ဖြူ) တို့အား အောက်ပါအတိုင်းကာကွယ်နှိမ်နင်းနိုင်ပါတယ်။

    • ၁. အဝါရောင်ကော်စေးထောင်ချောက် သုံးပေးပါ။
    • ၂. သဘာဝပိုးသတ်ဆေး အနေနဲ့ တမာပိုးသတ်ဆေးနှင့် ဆေးရွက်ကြီးဆပ်ပြာပျော်ရည်ပိုးသတ်ဆေး သုံးပေးပါ။
    • ၃. ရောင်မညီကွက်ကြားရောဂါကျနေသော အပင်အားတွေ့တွေ့ချင်းနှုတ်ပြီးဖျက်ဆီးပေးပါ။
    • ၄.ဓာတုဆေးအနေနဲ့သုံးလိုပါက ပင်လုံးပြန့်အာနိသင်ရှိသော pymetrozine၊ Acetamiprid နှင့် Fipronil ပါဝင်သောပိုးသတ်ဆေးသုံးပေးပါ။

    ငါးကန်များအတွက် အကြံပြုချက် 

    ငါးကန် ရေဩဇာအရမ်းတက်ပြီး ငါးများ အနာဝင်(အစက်ပျောက်) ဖြစ်ပြီး သေနေပါက - 

    ကန်ထဲရေအစိမ်းရင့်ရောင်ဖြစ်ပြီး ရေချဥ်ဖန်နှုန်းလည်း (၈အထက်) ရှိပါက ညအချိန်တွင် ကန်အတွင်းပျော်ဝင်အောက်စီဂျင်အတော်နည်းပြီး ညနက်ပိုင်းတွင်ကန်အောက်ခြေတွင် အောက်စီဂျင်ပြတ်ပြီး ငါးတွေသေနိုင်ပါတယ်။ ထို့ကြောင့် ကန်အပေေါ်ရေ ၆ လက်မလောက်ထုတ်ပါ၊ ပြီးမှ အပြင်ရေပြန်သွင်းပါ။ ရေအရောင်ကိုအစိမ်းနုရောင်ဖြစ်အောင်လုပ်ပေးလိုက်ပါ။ ငါးအသေရပ်သွားပါလိမ့်မယ်။ 

     အနီစက်ကျရောဂါအတွက် တစ်ဧကလျှင် ထုံး၁၅ပိသာနှင့်ဆား၁၅ပိသာ ရောပြီးပက်ရပါမယ်။ နောက်တစ်နည်းက ရေတစ်လီတာတွင် ပိုတက်စီယမ်ပါမင်းဂနိတ်၅ဂရမ် (၀.၃ကျပ်သား)ဖျော်ပြီး ရောဂါဖြစ်သော ငါးကို၁၀စက္ကန့်စိမ်ပေးရပါမယ်။ နောက်ထပ်တစ်နည်းက တစ်ဧကကန်ရေအနက်၃ပေရှိပါက ဘက်တီးရီယားပိုးသတ်ဆေး ၁၆ပိသာ ထည့်ပေးရပါမယ်။ 

    ------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
11
comments
0
views
4345