cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ် မေလ ၃၁ ရက်မှ ဇွန်လ ၆ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ကန်ထဲရေအစိမ်းရင့်ရောင်ဖြစ်ပြီး ရေချဥ်ဖန်နှုန်းလည်း (၈အထက်) ရှိပါက ညအချိန်တွင် ကန်အတွင်းပျော်ဝင်အောက်စီဂျင်အတော်နည်းပြီး ညနက်ပိုင်းတွင်ကန်အောက်ခြေတွင် အောက်စီဂျင်ပြတ်ပြီး ငါးတွေသေနိုင်ပါတယ်။
  • ဇွန်လ ၃ ရက်နေ့အထိ ကုန်းတွင်းကိုဝင်သွားတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ သက်ရောက်မှုက အနောက်တောင်မုတ်သုံလေ အားကိုပိုကောင်းလာစေတယ်၊ မုန်တိုင်းအရှိန်လက်ကျန်နဲ့ မုတ်သုံမိုး ၂ ခုပေါင်းတဲ့အားက ရှမ်းပြည်နယ်အတွင်းမှာ မိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် - ၂၀ မီလီမီတာဝန်းကျင် = ၁ လက်မ ဝန်းကျင်)ခန့်သာ ရွာနိုင်ချေရှိပါတယ်။ 

    ဒီ ရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာတော့ နေသာချိန်ရှိပြီး မိုးပြတ်တောင်းထစ်ချုန်းရွာနိုင်မဲ့အခြေအနေတွေကတော့ ဆက်ရှိနေပြီး ပြည်နယ်တစ်ခုလုံးရရဲ့ မြေဆီလွှာစိုထိုင်းဆ ၁၀၀% ရှိနေပါမယ်။ 

    ရှမ်းပြည်နယ်အတွင်း အနောက်-အနောက်တောင်အရပ်မှ လေတိုက်နှုန်း တစ်နာရီ ၁၀ မိုင် မှ အများဆုံး ၁၅ မိုင်နှုန်းခန့်သာရှိနေနိုင်ပါမယ်။ 

    ယခု သီတင်းပတ်အတွင်း မိုး၍ရေကြီးရေလျှံဖြစ်ပေါ်နိုင်သောအခြေအနေလည်းမရှိပါ။ 

    ရှမ်းပြည်နယ်တခုလုံးအတွက် ၄ ရက်ကြိုတင် မိုးလေဝသခန့်မှန်းချက်တွေကို ကြည့်ရန် MMWeather မှာ တင်ပေးထားပါတယ် - https://www.mmweather.org/divisional-cities-weather/shan-state 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးကန်များအတွက် အကြံပြုချက် 

    ငါးကန် ရေဩဇာအရမ်းတက်ပြီး ငါးများ အနာဝင်(အစက်ပျောက်) ဖြစ်ပြီး သေနေပါက -  

    ကန်ထဲရေအစိမ်းရင့်ရောင်ဖြစ်ပြီး ရေချဥ်ဖန်နှုန်းလည်း (၈အထက်) ရှိပါက ညအချိန်တွင် ကန်အတွင်းပျော်ဝင်အောက်စီဂျင်အတော်နည်းပြီး ညနက်ပိုင်းတွင်ကန်အောက်ခြေတွင် အောက်စီဂျင်ပြတ်ပြီး ငါးတွေသေနိုင်ပါတယ်။ ထို့ကြောင့် ကန်အပေေါ်ရေ ၆ လက်မလောက်ထုတ်ပါ၊ ပြီးမှ အပြင်ရေပြန်သွင်းပါ။ ရေအရောင်ကိုအစိမ်းနုရောင်ဖြစ်အောင်လုပ်ပေးလိုက်ပါ။ ငါးအသေရပ်သွားပါလိမ့်မယ်။ 

     အနီစက်ကျရောဂါအတွက် တစ်ဧကလျှင် ထုံး၁၅ပိသာနှင့်ဆား၁၅ပိသာ ရောပြီးပက်ရပါမယ်။ နောက်တစ်နည်းက ရေတစ်လီတာတွင် ပိုတက်စီယမ်ပါမင်းဂနိတ်၅ဂရမ် (၀.၃ကျပ်သား)ဖျော်ပြီး ရောဂါဖြစ်သော ငါးကို၁၀စက္ကန့်စိမ်ပေးရပါမယ်။ နောက်ထပ်တစ်နည်းက တစ်ဧကကန်ရေအနက်၃ပေရှိပါက ဘက်တီးရီယားပိုးသတ်ဆေး ၁၆ပိသာ ထည့်ပေးရပါမယ်။ 

    ------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
11
comments
0
views
4996